Aug 07, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ် တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူး ဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
Aug 07, 2022
ပြစ်မှုကျူးလွန်ခဲ့သည့် မောင်ကျော် (ခ)ဖြိုးဇေယျာသော်အား ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် လက်နက်သုံးလက်၊ ကျည် ၁၂၀ကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ဆက်လက်၍ ၎င်း၏ ထွက်ဆိုချက်အရ လက်နက်မျိုးစုံ ၁၇၈ လက်နှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများအား ထပ်မံသိမ်းဆည်းရမိခဲ့သည်။ အကြမ်းဖက်လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် တရားခံ ကျား ၂၄၇ ဦး၊ မ ၄၆ ဦး၊ ပေါင်း၂၉၃ ဦးတို့အား လက်လုပ်သေနတ်အပါအဝင် လက်နက်မျိုးစုံ ၄၀၀၊ လက်လုပ်စိန်ပြောင်း ခြောက်လက်၊ ကျည်မျိုးစုံ ၁၈,၈၁၀ တောင့်၊ ဗုံးသီး၊ မိုင်း၊ လက်ပစ်ဗုံး ၊ လက်လုပ်မိုင်း၊ လက်လုပ်စိန်ပြောင်း၊ ဗုံးသီးစသည့် ဖောက်ခွဲရေးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းမျိုးစုံ၊ ဆက်သွယ်ရေး စကားပြောစက်၊ စိတ်ကြွရူးသွပ်ဆေးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့အပေါ် ချမှတ်ခဲ့သည့် တရားစီရင်ချက်မှာ ပြစ်မှုကျူးလွန်သူများအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဖြစ်ခြင်းနှင့် နိုင်ငံရေးအတိုက်အခံ ပြုခြင်းကြောင့်မဟုတ်ဘဲ အကြမ်းဖက်မှုဆိုင်ရာ တည်ဆဲဥပဒေများကို ဖောက်ဖျက်ကျူးလွန်ခဲ့ခြင်း ကြောင့်သာဖြစ်ပါသည်။ အကြမ်းဖက်တိုက်ခိုက်၊ လူသတ်ခြိမ်းခြောက်မှုလုပ်ဆောင်ခဲ့သည်များကို မမြင်ဟန် ပြု၍ ပါတီဟူသောတံဆိပ်၊ ထင်ပေါ်ကျော်ကြားခြင်းဟူသော လက္ခဏာတို့ကို အထူးပြုကာမဖြစ်သင့်ဟု ဆိုနေခြင်းမှာ ဖြစ်သင့်ဖြစ်ထိုက်သည့် အဖြေမဟုတ်နိုင်ပါ။
Aug 07, 2022
အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲများကို ထိုင်းနိုင်ငံ အူဘွန်ရတ်ချဌာနီမြို့တွင် ဆက်လက်ကျင်းပလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီ က Sunee Tower ၌ ကျင်းပသည့် ဝူရှူးအားကစားပြိုင်ပွဲ နောက်ဆုံးပွဲစဉ်များဖြစ်သည့် အမျိုးသမီး ထိုက်ချိကျန့်ပြိုင်ပွဲ၊ အမျိုးသမီး နန်းသောင်းပြိုင်ပွဲ၊ အမျိုးသားအတွဲအတိုက်၊ အမျိုးသမီးအတွဲအတိုက် ပွဲစဉ်များ၌ တက္ကသိုလ်ဝူရှူးအားကစားအဖွဲ့မှ မအေးသစ္စာမြင့် က ရွှေတံဆိပ် (ယာပုံ)နှင့် မမြတ်နိုးအိမ်က ငွေတံဆိပ်ဆုများကို ထပ်မံဆွတ်ခူးရရှိသည်။
Aug 07, 2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ငွေကျပ်သိန်း ၁၅၈၀ ကျော်တန်ဖိုးရှိ ဘိန်းစိမ်း ၁၇၆ ဒသမ ၄ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Aug 07, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၄ ရက်တွင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာရွှေသံလွင် တိုးဂိတ်တွင် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် အမိုနီယမ်နိုက်ထရိတ် ၂၀၀၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၀၀၀၀၀) အား ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
Aug 07, 2022
နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများနှင့် မိသားစုများအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့်စားသုံးသူရေးရာ ဦးစီးဌာနမှကြီးကြပ်ကာ အရည်အသွေးမီစားအုန်းဆီများကို ယနေ့နံနက်ပိုင်းက လာရောက်ရောင်းချပေးသည်။
Aug 07, 2022
နယ်စပ်ဒေသအသီးသီးနှင့် အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွင်းသို့ ရောက်ရှိနေသည့် CDM ဝန်ထမ်းများ၊ ကျောင်းသား၊ကျောင်းသူများနှင့် လူငယ်၊လူရွယ်များအား နယ်စပ်ကြိုဆိုရေး စခန်းအသီးသီးနှင့် နီးစပ်ရာတပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စခန်းအသီးသီးသို့ ဆက်သွယ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ကြောင်းနှင့် ယင်းသို့ သတင်းပို့ ဆက်သွယ်သူများကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ နေ့စဉ်ပြည်သူ့ဘဝတွင် အေးချမ်းစွာ နေထိုင်နိုင်ရေး အာမခံချက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေး ထုတ်ပြန်ထားရှိပြီး ဖြစ်ပါသည်။
Aug 07, 2022
အစိုးရ၏ ပညာရေးစနစ် ပျက်ပြားစေရန် ရည်ရွယ်၍ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် NUG မှ အဖွဲ့ဝင် တရားခံပြေး ဇော်ဝေစိုးနှင့် ဂျာထွယ်ပန်တို့သည် Kaung For You တရားမဝင် ပညာသင်ကြားမှု အစီအစဉ်အား Online စနစ်ဖြင့် သင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သည်။
Aug 07, 2022
ရဲဘော်စိတ်ဟူသည်ရဲဘော် အချင်းချင်းအပေါ်ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှု တရားပင်ဖြစ်သည်နှင့်အညီ တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည်အဆင့်အတန်းအားလုံး ရဲဘော်စိတ်အပြည့်ထားရှိပြီး အထက်အောက်ညီညွတ်မျှတသည့် အုပ်ချုပ်မှုစနစ်ရှိရန် လိုအပ်ကြောင်း တပ်မတော်အကြီးအကဲမှ လမ်းညွှန်မှာကြားထားသည်ဖြစ်ရာ အုပ်ချုပ်မှု ညီညွတ်မျှတစေရန်အတွက် ကွပ်ကဲအုပ်ချုပ်ရာ၌ တပ်မှူးကောင်းစိတ်ဓာတ် (Commander Spirit)၊ ဖခင်သဖွယ်စိတ်ဓာတ် (Fatherly Spirit) တို့ဖြင့် ကွပ်ကဲ အုပ်ချုပ်ဆောင်ရွက်လျက် ရှိသည်။
Aug 07, 2022
ရန်ကုန်တိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲများတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် အနော်ရထာခန်းမ၌ ပြုလုပ်ရာ တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဆုရကျောင်းသား၊ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။