နေပြည်တော် ဩဂုတ် ၉
နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံအားပေးစကား ပြောကြားပြီး တင်ပြချက်များပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက နေအိမ်လိုင်းခန်းများအား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်