နိုင်ငံတည်ဆောက်ရေးနှင့် နိုင်ငံတော်၏ စီမံအုပ်ချုပ်မှုယန္တရားအောင်မြင်စွာလည် ပတ်နိုင်ရေးအတွက် ပြည်သူ့ဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အဓိကနေရာမှပါဝင်သကဲ့သို့ ၎င်းတို့အား ဆက်မပြတ် လေ့လာသင်ယူနိုင်မှု အခွင့်အလမ်းရှိအောင် ဖန်တီးပေးနိုင်ရေးသည် လွန်စွာမှ အရေးကြီးပါသည်။ တစ်ယောက်အားဖြင့်ယူသော်မရ၊ တစ်သောင်းအားဖြင့်ယူသော်ရ၏ ဆိုသော စကားသည်ပူးပေါင်းဆောင်ရွက်ခြင်း၏ အဓိကကျပုံကို မီးမောင်းထိုးပြခြင်း ဖြစ်ပါသည်။ တစ်ဦးတစ် ယောက်တည်းဆောင်ရွက်ရမည့် ကိစ္စများတွင် တစ်ဦးတစ်ယောက်တည်း ဆောင်ရွက်ရန်ဖြစ်သော် လည်း အမျာ သို့မဟုတ် အဖွဲ့အစည်းများအချင်းချင်းနိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန် လို အပ်သည့်ကိစ္စရပ်များတွင် ထိရောက်သည့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်အောင် ဆောင်ရွက်ရမည်လည်းဖြစ်ပါသည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံး၏ အစိုးရများပူး ပေါင်းပါဝင်မှု၊ အရပ်ဘက် လူ့အဖွဲ့အစည်း များ၏ ပူးပေါင်းပါဝင်မှု၊ ကုလသမဂ္ဂကြီး၏ စီစဉ်မှုဖြင့် အင်တာနက် ဝက်ဘ်ဆိုက်များတွင် တင်ပြပြီး ကမ္ဘာ့နိုင်ငံများရှိ ပြည်သူများ၏ ထင်မြင်ယူဆချက် များရရှိနိုင်ရန်အတွက် ကမ္ဘာ့နိုင်ငံများရှိ လူအများပူးပေါင်းပါဝင် လာစေမှုစသည့် ပူးပေါင်းပါဝင် လာမှုပုံစံမျိုးစုံ၊ ထင်မြင်ချက်အစုံ၊ အတွေးအမြင်အစုံတို့ဖြင့် လိုချင်သည့်၊ အလိုရှိသည့်အနာဂတ် ကမ္ဘာလောကကြီးကို ရည်မှန်းချက်ပန်းတိုင်များဖြင့် ပုံဖော်ခဲ့ကြပါသည်။ နိုင်ငံတစ်နိုင်ငံ၏ ကြိုး စားအားထုတ်မှု မဟုတ်ဘဲ ကမ္ဘာ့နိုင်ငံအားလုံး၏ ပူးပေါင်းပါဝင်မှု အားထုတ်ကြိုးပမ်းမှု ၊ ကမ္ဘာ့ နိုင်ငံများရှိ ပြည်သူများ၏ အသံနားထောင်၍ ပုံဖော်ခဲ့ကြသည့် အောင်မြင်မှုဖြစ်ပါသည်။ Sustainable Development ကို ပြည်သူ( People) ၊ ကမ္ဘာမြေ( Planet)၊ သာယာဝပြောမှု (Prosperity)၊ ငြိမ်းချမ်းမှု ( Peace) ၊ မိတ်ဖက်( Partnership) ဆိုသည့် 5Ps ဖြင့်လွှမ်းခြုံထားပြီး မိတ်ဖက်ကို ထည့်သွင်းထားသည်ကိုကြည့်ခြင်းအားဖြင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် များကို အကောင် အထည်ဖော်ရာတွင် မိတ်ဖက်များ၏ အခန်းကဏ္ဍသည် အရေးကြီးသည့်နေရာတွင် တည်ရှိနေကြောင်းကို ဆိုလိုသည်ဖြစ်၍ မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှုသည်လည်း လိုအပ်ပါသည်ဟုဆိုလိုရင်းဖြစ်ပါသည်။ အလားတူ နိုင်ငံအတွင်းတွင် မိမိတို့နိုင်ငံအလိုက် ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ အကောင်အထည်ဖော်နိုင်ရန်အတွက် မူဝါဒများ၊ မဟာဗျူ ဟာများ၊ စီမံကိန်းများ ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံအတွင်းရှိ အစိုးရဌာန အချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်ခြင်းနည်းလမ်းဖြင့်ဆောင်ရွက်ရမည်လည်း ဖြစ်ပါသည်။ Partnership Platform သည်ရေရှည်စဉ်ဆက်မပြတ် ပန်းတိုင်များ အကောင်အထည်ဖော်ရာ၌ အမှန်တကယ်လိုအပ်သည် လည်းဖြစ်ရာ အဓိကအားဖြင့် မိတဖက်ကိုအားယူရေး၊ အရှိန်မြှင့်တင်ရန် တွန်းအားပေး ဆောင် ရွက်ရန်ဖြစ်ပါသည်။ ကမ္ဘာ့ကပ်ရောဂါပြဿနာ၊ ရာသီဥတု ပြောင်းလဲခြင်းပြဿနာ၊ ကမ္ဘာ့စီးပွား ပျက်ကပ်ဆိုက်ခြင်းအခြေအနေ၊ နည်းပညာများ လျင်မြန်စွာ ပြောင်းလဲတိုးတက်နေခြင်းများ၊ ကမ္ဘာ့ငွေကြေးဈေးကွက် ကမောက်ကမဖြစ်ခြင်းအခြေအနေများ၊ အလုပ်လက်မဲ့ပြဿနာများ၊ ပြောင်းရွှေ့ အလုပ်သမားပြဿနာ၊ မငြိမ်းချမ်းခြင်း ပြဿနာများစသည့် ကမ္ဘာကြီး၏ နေရာအစုံတွင် ပုံစံမျိုးစုံဖြင့် ရှိနေလျက်ရှိရာ ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ အောင်မြင်စွာ အကောင်အထည်ဖော်ရေးအတွက် အခက်အခဲ အဟန့်အတားများလည်း ဖြစ်ပေါ်နေသည်။
မည်သို့ပင်ဆိုစေ ကမ္ဘာကြီးအတွက် နိုင်ငံများမှ တညီတညွတ်တည်း ချမှတ်ခဲ့သည့် ပန်း တိုင်များကိုမူ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကမ္ဘာ့နိုင်ငံများမှ အကောင်းဆုံး ကြိုး ပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပြီး တွေ့ကြုံနေရသည့် အခက်အခဲ၊ အဟန့်အတားများကြောင့် လည်း မိတ်ဖက်၏အားများ၊ ပူးပေါင်းဆောင်ရွက်မှုများသည်လည်း အမှန်တကယ် ပိုမိုလိုအပ်လာ နေသည်လည်းဖြစ်ပါသည်။ နိုင်ငံအားလုံး ပူးပေါင်းဆောင်ရွက်မှု၊ လက်တွဲကူညီ ထောက်ပံ့မှုများ ရှိမှသာ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်မည် ဖြစ်ပါသည်။
ဘုံအကျိုးစီးပွားကို ရည်မှန်း၍ နိုင်ငံများအနေဖြင့် နိုင်ငံအတွင်း ရေရှည်စဉ်ဆက်မပြတ် ပန်းတိုင်များ အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် မည်မျှစီမံကိန်းများ ချမှတ်ဆောင် ရွက်စေကာမူ ပူးပေါင်းဆောင်ရွက်မှုမရှိခြင်း၊ အားနည်းခြင်း၊ ထိရောက်စွာ ပူးပေါင်းဆောင်ရွက် ခြင်းမရှိပါက ပန်းတိုင်များ အကောင်အထည်ဖော်ရာ၌ အခက်အခဲရှိမည် ဖြစ်ပါသည်။ စည်းလုံး ခြင်းသည် အင်အား၊ စည်းလုံးညီညာအောင်ကြောင်းဖြာဆိုသည့် စကားရပ်များအတိုင်း ပူးပေါင်း ဆောင်ရွက်ရာတွင်လည်း စည်းစည်းလုံးလုံးဖြင့် ဘုံအကျိုးစီးပွားအတွက် ရှေးရှုဆောင်ရွက်ရန် ဖြစ်ပါသည်။ တစ်ဦးတစ်ယောက်တည်း အဖွဲ့အစည်းတစ်ခုတည်းအတွက် ပူးပေါင်းဆောင်ရွက်ရန် မဟုတ်ဘဲ ပန်းတိုင်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး၊ နိုင်ငံသားတို့ အေးချမ်းစွာ နေထိုင်နိုင်ရေး၊ သာယာဝပြောစွာ နေထိုင်ရေး၊ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုး တက်ရေးစသည့် ဘုံအကျိုးစီးပွားကိုရည်မှန်းကာ ပူးပေါင်းဆောင်ရွက် ရန်ဖြစ်ပါသည်။ တစ်ဦးကောင်း၊ အဖွဲ့အစည်းတစ်ခုကောင်း တစ်ခုအတွက် ရည်ရွယ်ဆောင်ရွက်ရန် မဟုတ်ဘဲ နိုင်ငံ အကျိုးအတွက် နိုင်ငံသားများ ရည်ရွယ်ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ပါသည်။ သို့မှသာ ကမ္ဘာကြီး၏ နေရာစုံတွင်ရှိနေကြသည့် လူသားအားလုံးအကျုံးဝင်ပါဝင်ပြီး သာယာဝပြောသည့် ရေရှည်စဉ် ဆက်မပြတ်ဖွံ့ဖြိုးသည့်၊ ငြိမ်းချမ်းသည့် ကမ္ဘာကြီးဆီ ဦးတည်သွားနိုင်မည်ဖြစ်ပြီး မိတ်ဖက် ကို အားယူကာ ထိရောက်အကျိုးရှိသည့် ပူးပေါင်း ဆောင်ရွက်မှု နည်းလမ်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှသာလျှင် လူသားအားလုံး မျှော်မှန်းသည့် အောင်မြင်မှုပန်းတိုင်ဆီ အရောက်သွားနိုင် မည်ဖြစ်ပါကြောင်းရေးသားလိုက်ရပါသည်။
DOCA(ရန်ကုန်)