Skip to main content

Aug 10, 2022

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော ခရီးသည်တင် YBS ယာဉ်လိုင်းပေါင်း ၂၀ မှ စည်းကမ်းပိုင်းနှင့် ဝန်ဆောင်မှု ကောင်းမွန်သော ယာဉ်မောင်းများ ကို ရွေးချယ်၍ YRTC မှ ဂုဏ်ပြုချီးမြှင့် သွားမည်ဖြစ်ကြောင်း ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) တွင် ကျင်းပသော မီဒီယာရှင်းလင်းပွဲမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 10, 2022

“ရွေးကောက်ပွဲဟာ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာနဲ့သက်ဆိုင်တဲ့ အမျိုးသားရေး တာဝန်တစ်ရပ် ဖြစ်ပါတယ်။ လွတ်လပ်ပြီးတရားမျှတမှသာ ပြည်သူတွေလိုလားတောင့်တတဲ့ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မြဲစေပြီး နိုင်ငံရဲ့နိုင်ငံရေးသမိုင်းနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းမှာလည်း ဂုဏ်သိက္ခာမြင့်မားစေမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုတွေကို ကျူးလွန်ခြင်း၊ နည်းမျိုးစုံနဲ့ မသမာမှုလုပ်ဆောင်ခြင်း စတာတွေ ပေါ်ပေါက်လာတယ်ဆိုရင်တော့ နိုင်ငံရဲ့ပုံရိပ်ကျဆင်းစေပြီး နိုင်ငံရဲ့ဒီမိုကရေစီခရီးလမ်းဟာလည်း အနုတ်လက္ခဏာဆောင်မှာဖြစ်ပါတယ်”ဟု နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁ နှစ်နှင့် ၆ လပြည့်နေ့တွင် ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 10, 2022

ဘင်္ဂလားပင်လယ်အော်အတွင်းဖြစ်ပေါ်သည့် မုန်တိုင်းအများစုက အိန္ဒိယနိုင်ငံအရှေ့ဘက်ကမ်း သို့မဟုတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း စသည့်ဒေသများသို့ ဝင်ရောက်သွားလေ့ရှိကြပြီး မုန်တိုင်း၏အရှိန်ကြောင့် မြန်မာနိုင်ငံ ဒေသအချို့တွင် မိုးရွာသွန်းလေ့ရှိသဖြင့် မိုးရေလိုနေသည့် လယ်ကွင်းများမှ တောင်သူတို့က မုန်တိုင်းမိုးကို မျှော်လေ့ရှိကြသည်။ ပုံမှန်မဟုတ်သော မိုးရွာသွန်းမှုများတွင် မိုးရေချိန်များစွာပါလေ့ရှိသဖြင့် တစ်ခါတစ်ရံတွင် ရုတ်တရက် ရေကြီးရေလျှံခြင်း၊ တောင်ကျရေကျဆင်းပြီး မြေပြိုခြင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်များလည်း ဖြစ်ပေါ်နိုင်သည်ကို သတိပြုကြရန်လိုသည်။

ဆက်လက်ဖတ်ရှုရန်

Aug 09, 2022

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း PDF အမည်ခံအကြမ်းဖက်သများက ကျေးရွာများအား မီးရှို့ဖျက်ဆီးမှုများကြောင့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ်၊ ခေမာသီဝံကျောင်းတိုက်သို့ ယာယီပြောင်းရွှေ့ရောက်ရှိလာသည့် ပြည်သူများအား ဆန်၊ ဆီနှင့် အသုံးဆောင်ပစ္စည်းများ ထောက်ပံ့ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်ရှိသော ဘဝတီဓမ္မာရုံ၌ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ယာယီပြောင်းရွှေ့ရောက်ရှိလာသောပြည်သူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 09, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 09, 2022

ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 09, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်