Skip to main content

ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်လှူဒါန်း

နေပြည်တော် ဩဂုတ် ၉

ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်းအရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်ရှိ ကျောက်စေတီကျောင်းတိုက်သို့လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ရှိ ဇေယျဝတီ ကျောင်းတိုက်သို့လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရှိ ကိုးသောင်း သာသနာ့မင်္ဂလာ စာသင်တိုက်သို့လည်းကောင်း၊ ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ အင်းဒင်ကျောင်းတိုက်သို့လည်း ကောင်း၊ ရှမ်းပြည်နယ် မူဆယ်မြို့ နယ်ရှိ ပြည်တော်သာကျောင်း တိုက်သို့လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ မောင်းထောင် ကျောင်းတိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်