Skip to main content

Aug 14, 2022

ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးအိုမီခရွန်၏ မျိုးကွဲများဖြစ်သည့် BA.2.75၊ BA.2.76၊ BA.4၊ BA.5 တို့ ကူးစက်မှုများကို ပြည်ပမှ မြန်မာနိုင်ငံသို့ ပြန်လည်‌ရောက်ရှိလာသူများနှင့် ပြည်တွင်းကူးစက်မှုများအနေဖြင့်ပါ တွေ့ရှိလာရပြီဖြစ်သည်။ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးမှာ မျိုးရိုးဗီဇပြောင်းလဲမှုများပြားပြီး ထပ်မံထွက်ပေါ်လာသည့် မျိုးကွဲသစ်များက ပို၍ပို၍ ကူးစက်မှုနှုန်းလျင်မြန်လာသည်။ BA.4 နှင့် BA.5 တို့၏ ကူးစက်မှုနှုန်း လွန်စွာမြင့်မားမှုကြောင့် အိန္ဒိယ၊ ဥရောပနှင့် အာဖရိကတို့တွင် နောက်ထပ်ကူးစက်မှုလှိုင်း ထပ်မံဖြစ်ပေါ်ပြီး ရောဂါဖြစ်ပွားမှုနှုန်း ပြန်လည်မြင့်တက်လျက်ရှိကြောင်း သတင်းများတွင် တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2022

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့၊ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄) အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2022

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရွှေလင်ပန်းစက်မှုဇုန်ရှိ CMP အထည်ချုပ်စက်ရုံများဖြစ်သည့် Shengjie (Myanmar) Co.,Ltd.၊ Zhehiang Tongli Clothing Co.,Ltd.၊ Gold Emperor(Myanmar) Co.,Ltd. စက်ရုံများသို့ သွားရောက်ပြီး လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်ရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးမှု များနှင့် စက်ရုံ၊ အလုပ်ရုံများဆိုင်ရာ လိုက်နာ ဆောင်ရွက်ရမည့် ညွှန်ကြားချက်များကို စက်ရုံ၊ အလုပ်ရုံများမှ အကောင်အထည်ဖော်ဆောင်ရွက်မှု များကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2022

အာရှဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူး၍ ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AFC Women’s Club Championship 2022 (EAST) အာရှအမျိုးသမီးကလပ် အသင်းများ(အရှေ့ပိုင်းဇုန်) ပြိုင်ပွဲကို ဩဂုတ် ၁၅ ရက်မှ ၂၁ ရက် အထိ ထိုင်းနိုင်ငံ ချောင်ဘူရီ မြို့၌ ကျင်းပသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2022

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Aug 13, 2022

ဘဏ္ဍာရေး စည်းမျဉ်းသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက နေပြည်တော် ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် Assembly Hall ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2022

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်း သား/သမီးများ ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2022

ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့ဂျူဒိုအားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ “၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဝဏ္ဏသိဒ္ဓိ အားကစားရုံ (A) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်