Skip to main content

Aug 18, 2022

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၁၀ နာရီတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနသို့ သွားရောက်ကာ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့နံနက် ၆ နာရီတွင် ထုတ်ပြန်ထားသည့် ထူးခြားမိုးလေဝသအခြေအနေသတင်း အမှတ်စဉ်(၀၃/၂၀၂၂)နှင့်စပ်လျဉ်း၍ ဆောင်ရွက်ရန်လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2022

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် ခရိုင်အဆင့် အားဖြည့်တာဝန်ပေးအပ်မည့် ဝန်ကြီးဌာနမှ အရာထမ်းများနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှရွေးချယ်၍ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်တွင် သင်တန်းတက်ရောက်ပြီး ဝန်ကြီးဌာနသို့ ခန့်အပ်တာဝန်ပေးသည့် ဦးစီးအရာရှိများကို ယမန်နေ့မွန်းလွဲ (၁) နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2022

ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ကျန်းမာရေးလုပ်ငန်း ဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု“စံ”သတ်မှတ်ရေး ကော်မတီမှ အကူသူနာပြု (Nurse Aid-Level-2) အလုပ်အကိုင်အတွက် အမျိုးသားအဆင့်ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာနဖွင့်ပွဲ အခမ်းအနားကို ယနေ့တွင် သူနာပြုသင်တန်းကျောင်း (နေပြည်တော်)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2022

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၁၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အကောက်ခွန်ဦးစီးဌာန စုံစမ်း စစ်ဆေးရေးနှင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေး ဌာနခွဲမှ တာဝန်ကျစစ်ဆေးရေးအဖွဲ့က ရန်ကုန်- မန္တလေးလမ်းဟောင်း ကုန်သွယ်မှုလမ်းမကြီး တစ်လျှောက် အခွန်ပေးဆောင်ထားသည့် ကုန်ပစ္စည်း များထက်

ဆက်လက်ဖတ်ရှုရန်

Aug 18, 2022

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Aug 18, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၁၉/၂၀၂၂ ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေး ဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့် ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှု များကို ပြန်လည်ဖြေကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2022

မြန်မာနိုင်ငံအတွင်း ဒေသအချို့တွင် ဩဂုတ် ၁၆ ရက်နှင့် ယနေ့တို့ တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် မြို့နယ်/ကျေးရွာများကို လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးပြီး ရေဘေးသင့် ပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2022

ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2022

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောမာတင်လူသာ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၁၁ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ကလွင်ရေပုန်းရပ်ကွက်ရှိ ကက်သလစ်ခရစ်ယာန် ပရဟိတဂေဟာသို့ သွားရောက်ပြီး သာသနာပိုင်ဘုန်းတော်ကြီး ဘရူနိုဖီလစ် သာသနာပြုဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2022

၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ၏ (၁/၂၀၂၂) ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမဆောင်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်