Aug 20, 2022
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဩဂုတ် ၁၈ ရက်က ထုတ်ပြန် ကြေညာချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ရခိုင်ကမ်းရိုးတန်း အနီးတွင် လေပွေလှိုင်းတစ်ခုဖြစ်ပေါ်နေမှု၊ အဆိုပါလေပွေလှိုင်းသည် ပိုမိုအားကောင်းလာကာ နောက် ၂၄ နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းမှ အားကောင်းသော လေဖိအား နည်းရပ်ဝန်းအဖြစ်သို့လည်းကောင်း၊ မုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း ရောက်ရှိလာသည်။
Aug 20, 2022
မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ နိုင်ငံတကာတွင်ပျံ့နှံ့နေသောသတင်းများက ပြည်တွင်း၌ ပကတိဖြစ်ပေါ်နေသော အခြေအနေမှန်များနှင့် ကွဲလွဲနေကြသည်။ တစ်ခါတစ်ရံတွင် လုံးဝမှားယွင်းနေတတ်ပြီး အချို့မှာရည်ရွယ်ချက်ရှိရှိ ထုတ်ပြန်လိုက်သည့် သတင်းအမှားများဖြစ်သည်။ နိုင်ငံတကာတွင်ထင်ရှားသည့် သတင်းဌာနများ၊ အရှိန်အဝါကြီးသည့် သတင်းဌာနများကရယူသည့် မြန်မာပြည်တွင်းမှသတင်းအရင်းအမြစ်များမှာ အကြမ်းဖက်အုပ်စုများနှင့် ယင်းတို့၏အဆက်အနွှယ်များထံမှ တစ်ဖက်တည်းရယူနေခြင်းသာဖြစ်ပြီး အထောက်အထား သက်သေသာဓကများ၊ စာရင်းဇယားအချက်အလက်များ ခိုင်ခိုင်မာမာဖြင့် ပုံမှန်ထုတ်ပြန်ပေးလျက်ရှိသည့် သတင်းထုတ်ပြန်ရေးအဖွဲ့၏သတင်းများကိုရယူပြီး အမှန်နှင့်နီးစပ်အောင် ချိန်ထိုးစဉ်းစားခြင်း၊ မျှတစွာရေးသားခြင်း အလျှင်းမရှိသည်ကိုလည်း တွေ့ရှိနိုင်သည်။
Aug 19, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
Aug 19, 2022
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် သည်ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မြိတ်မြို့၊ ကလွင်ရေပုန်းရပ်ကွက်ရှိ ကက်သလစ်ခရစ်ယာန်ပရဟိတဂေဟာ၌ ပညာသင်ကြားလျက်ရှိသော ကျောင်းသား/သူ များကို တွေ့ဆုံအားပေးစကားပြောကြားသည်။
Aug 19, 2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် ယနေ့ညနေပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန စပါးမျိုးသန့်မျိုးပွား စိုက်ကွင်းများကို ကြည့်ရှုစစ်ဆေးသည်။
Aug 19, 2022
နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းအဖွဲ့ JWG ပဥ္စမအကြိမ် အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့်အချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 19, 2022
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူများအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ ထပ်မံလွှဲပြောင်း ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိအုပ်ထိန်းသူများ တက်ရောက်ကြသည်။