Aug 17, 2022
နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်တို့အတွင်း နယ်မြေလုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို ယနေ့တွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံကြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်သည်။
Aug 17, 2022
လူတော်လူကောင်းများ၊ ဘက်စုံထူးချွန်သူများ များများစားစား မွေးထုတ်ပေးနိုင်ခြင်းသည် မိသားစုအသိုက်အဝန်းအတွက်သော်လည်းကောင်း၊ နိုင်ငံအနာဂတ်အတွက်သော် လည်းကောင်း အားထားဖွယ်ရာဖြစ်သည်။ အဆိုပါလူငယ် လူရွယ်တို့၏စွမ်းပကားဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မည်။ တိုးတက်သည့် အနာဂတ်နိုင်ငံကို တည်ဆောက်နိုင်မည်ဖြစ်သည်။
Aug 17, 2022
နိုင်ငံ့စီးပွားမြင့်မားရေးအတွက် ကုန်ထုတ်လုပ်မှု မြှင့်တင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးရန် လိုသည်။ ကုန်ထုတ်လုပ်မှု မြှင့်တင်ရေးဟုဆိုရာတွင် အရေအတွက်အရရော၊ အရည်အသွေးအရပါ မြင့်မားစေရမည်ဖြစ်သည်။ မိမိတို့နိုင်ငံတွင် စက်မှုဇုန်များ တည်ထောင်ထားပြီး ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မိမိတို့ထုတ်လုပ်လိုက်သည့် ကုန်စည်များ ပြည်တွင်းပြည်ပတွင် ဈေးကွက်ဝေစုများ ကျယ်ပြန့်စွာပိုမိုရရှိရေးအတွက်လည်း စုပေါင်းအင်အားဖြင့် ကြိုးပမ်းသွားကြရမှာ ဖြစ်သည်။
Aug 16, 2022
မဲစာရင်းမှားယွင်းမှုအပေါ် နိုင်ငံရေးအရ ဖြေရှင်းခြင်းမပြုလုပ်ဘဲ အကြမ်းဖက်နည်းလမ်းများဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့သော အခြေအနေများကို ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးကို နိုင်ငံရေးအရဖြေရှင်းခြင်း မပြုလုပ်ဘဲ လက်နက်ကိုင်လမ်းစဉ်၊ အကြမ်းဖက်လမ်းစဉ်ဖြင့် ဆောင်ရွက်နေမည်ဆိုပါက တည်ငြိမ်ရန်ခက်ခဲနေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံရေးကို နိုင်ငံရေးနှင့်သာ ဖြေရှင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိုင်ငံရေးအရဖြေရှင်းခြင်းမရှိဘဲ အကြမ်းဖက်လုပ်ဆောင်လာပါက အကြမ်းဖက်မှု နှိမ်နင်းရေးလုပ်ငန်းစဉ်များဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ဘက်မှ ရည်ရွယ်ချက်ရှိရှိ စတင်တိုက်ခိုက်ခြင်းမျိုးမရှိဘဲ ဥပဒေနှင့်အညီသာ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၇/၂၀၂၂)သို့ တက်ရောက်အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
Aug 16, 2022
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာသည် မြန်မာနိုင်ငံသို့ ၁၆-၈-၂၀၂၂ ရက်၊ နံနက်ပိုင်းတွင် ရောက်ရှိခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများက ရန်ကုန်နှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့၌ အသီးသီးကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
Aug 16, 2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)အရ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ပုဂ္ဂိုလ်များ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်များမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များအား နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အကျိုးကိုသယ်ပိုးထမ်းဆောင်ကြရသည့် လုပ်ငန်းတာဝန်နှင့်လျော်ညီသော ချီးမြှင့်ငွေနှင့် စရိတ်များကို ဥပဒေနှင့်အညီ ချီးမြှင့်ပေးလျက်ရှိသည်။
Aug 16, 2022
ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)၌ ဆိပ်ခံဗောတံတား တည်ဆောက်ရန်အတွက် ဆောင်ရွက်သွားမည့်လုပ်ငန်းအစီအစဉ်များ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁၆-၈-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
Aug 16, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
Aug 16, 2022
အစိုးရဌာနများနှင့် အဖွဲ့အစည်းများအတွင်း ခိုင်မာသည့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ်ကို ဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများ၏ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု စွမ်းရည်များကို မြှင့်တင်ပေးရန်ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်သည့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၌ ကျင်းပသည်။