Aug 18, 2022
ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများ၏ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ခြောက်လပတ် လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လမ်းညွှန်မှာကြားခဲ့သည်များကို ပြည်ထောင်စုဝန်ကြီးက ထပ်ဆင့်မှာကြား ရှင်းလင်းခြင်းနှင့် လမ်းညွှန်ချက်များအပေါ် ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်ရေးအတွက် ညှိနှိုင်း ဆွေးနွေးမှုကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်၍ ဆွေးနွေးမှာကြားသည်။
Aug 18, 2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ် ကျောက်ချက်ကျေးရွာရှိ ဓမ္မသုခလယ်ပြင်ဦးကျောင်းတိုက် ဓမ္မာရုံ၌ ကျောက်ချက် ကျေးရွာအုပ်စုအတွင်းရှိ ကျောက်ချက်၊ အလယ်ရွာ၊ ထိန်ပင်၊ ရှမ်းရွာ၊ အိုင်စောက် စသည့်ကျေးရွာများမှ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံသည်။
Aug 18, 2022
ဖွံ့ဖြိုးပြီးနိုင်ငံကြီးများသည် စက်မှု၊ နည်းပညာနှင့် စွမ်းအင်ကဏ္ဍများကို အဆင့်မြင့်မားစွာ ဆောင်ရွက်နိုင်ကြပြီး ဖွံ့ဖြိုးပြီးနိုင်ငံငယ်များသည် အသေးစား၊ အလတ်စားလုပ်ငန်းများဖြင့် ကုန်ထုတ်လုပ်ငန်းများကို မြင့်မားအောင် ဆောင်ရွက် နိုင်ကြသည်။ ထို့အပြင် အဆင့်မြှင့်တင်၊ ပုံတူမျိုးကွဲ၊ ဆင့်ပွားထုတ်လုပ်သည့် လုပ်ငန်းများနှင့် ထပ်ဆင့်ရောင်းဝယ် ကုန်သွယ်မှု လုပ်ငန်းများဖြင့် စီးပွားဖြစ်ထွန်းနေကြသည်။
Aug 18, 2022
အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ အစီအစဉ်အရ ဩဂုတ်လ တတိယပတ်သည် ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်ဖြစ်သည်။ အာဟာရဓာတ်ဟူသည် သက်ရှိသတ္တဝါတိုင်း အသက်ရှင်သန် ကျန်းမာရေး အတွက် လိုအပ်သော ဩဇာဓာတ်ပင်ဖြစ်သည်။ ခန္ဓာကိုယ်ဖွံ့ဖြိုး ရေး၊ လှုပ်ရှားသွားလာနိုင်ရေး၊ မျိုးဆက်ပွားရေး၊ ခွန်အားနှင့်ရောဂါဘယ ကာကွယ်ရေးအတွက် လိုအပ်သည့်အာဟာရကို အစားအစာများ စားသုံးရာမှ ရရှိခြင်းဖြစ်သည်။
Aug 17, 2022
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Noeleen Heyzer အား ၁၇-၈-၂၀၂၂ ရက်၊ နံနက် ၁၀:ဝ၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံခဲ့သည်။
Aug 17, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Noeleen Heyzer ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Aug 17, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက် ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Aug 17, 2022
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများရှိ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားသော စည်းကမ်း သတ်မှတ်ချက်များနှင့် အညီ ကျင်းပသည်။
Aug 17, 2022
မြန်မာနိုင်ငံ ကြိမ်နှင့်ဝါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ လှိုင်သာယာစက်မှုဇုန်ရှိ United Wood Industries စက်ရုံ အစည်းဝေးခန်းမတွင် ကျင်းပသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁၇-၈-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
Aug 17, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ် တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူး ဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။