Skip to main content

မချမ်းဘော့မြို့နယ်တွင် ကိုဗစ် - ၁၉ ကာလ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ထောက်ပံ့ငွေများ ပေးအပ်

မချမ်းဘော့  သြဂုတ် ၂၈

ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများအား ပြည်သူများလက်ဝယ်အရောက် ပေးအပ် နိုင်ရေးအတွက် ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယနေ့နံနက် (၁၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မလိခအစည်း အဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအားတီယောဟန်က အမှာစကား ပြောကြားပြီး မချမ်းဘော့မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းက ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ရှင်းလင်း ပြောကြား သည်။

ထို့နောက် မချမ်းဘော့မြို့ပေါ် ရပ်ကွက် (၄) ရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေကို ဦးအားတီယောဟန်၊ မချမ်းဘော့မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းနှင့် ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီ အဖွဲ့ဝင်များသည် ကျေးရွာအုပ်စု (၁၅) အုပ်စုရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၅၁၀) စုအတွက် စုစုပေါင်း ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း တစ်ရာ့နှစ်သိန်းအား ပြည်သူလက်ဝယ်အရောက် နိုင်ငံတော်အစိုးရ၏ ကိုယ်စား ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။

ခွန်လင်းဦး(ပြန်/ဆက်)