Skip to main content

Feb 21, 2020

နေပြည်‌တော် ဖေဖော်ဝါရီ ၂၁          

 

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် သန်လျင် - သီလဝါ တိုးချဲ့လမ်းမကြီး စီမံကိန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် သန်လျင်မြို့နယ်၊ သန်လျင် တံတားအနီးတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 21, 2020

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုဖို့ ကျောင်းသား ကျောင်းသူတို့ ကြိုးစားနေကြပြီ။ တစ်နှစ်တာ သင်ယူလေ့လာ ကျက်မှတ်ခဲ့သမျှ ဘာသာရပ်အလိုက် သင်ခန်းစာများကို ကျောင်းသား ကျောင်းသူ တို့ မည်မျှနားလည် တတ်မြောက်ခဲ့ပြီ လဲဟူသည်ကို မကြာမီ ကျင်းပတော့မည့် စာမေးပွဲက ဆန်းစစ်မှာ ဖြစ်ရာ ယခုအချိန် ကာလသည် မိမိတို့တစ်ဦးချင်းဆီတွင် လိုအပ်နေသည့် အားနည်းချက်များကို ဖြည့်ဆည်းနိုင်သည့် အချိန်ပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 21, 2020

ယခုအခါ ပူပြင်းခြောက်သွေ့သော နွေဦးရာသီကာလသို့ ရောက်ပြီဖြစ်သည်။ ပူပြင်းသော နွေကာလတွင် သတိပြုရမည့် အချက်မှာ မီးဘေးအန္တရာယ် ဖြစ်သည်။ မီးဘေးသည် ရန်သူမျိုးငါးပါးတွင် တစ်ပါး ပါဝင်သည်ကို သိရှိကြသော်လည်း ထိုရန်သူကို သတိမမူသောကြောင့် အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးမှုနှင့် ကြုံနေကြရသည်။ နွေဦးတွင် မြန်မာပြည်တစ်လွှား မီးလောင်မှု ဖြစ်စဉ်များ ကြုံတွေ့ ကြားသိလာရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2020

ယခုကာလတွင် သတ္တလောကကြီးအတွင်းဝယ် လူသတ္တဝါများ ကူးစက် ရောဂါဘေးများနှင့် ရင်ဆိုင်ကြုံတွေ့ နေရသည်ကို တွေ့ရသည်။ လူ၌ ကူးစက် တတ်သော ကိုရိုနာဗိုင်းရပ်စ် (COVID-19) လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ ၂၆ နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည်။

ကမ္ဘာ့နိုင်ငံ ၂၆ နိုင်ငံ၌ ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါမှာ မြန်မာနိုင်ငံတွင် ကူးစက်ပျံ့နှံ့ဖြစ်ပွားခြင်းမရှိသေးသော်လည်း ကြိုတင်တားဆီး ကာကွယ်ကုသရေး လုပ်ငန်းများကို ထိထိရောက်ရောက် လုပ်ကိုင်ပေးနေသည်။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2020

ဤမြန်မာနိုင်ငံတွင် ရှေးအစဉ်အဆက်နေထိုင်ခဲ့ကြသော တိုင်းရင်းသား လူမျိုးများသည် ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း၊ စစ်တောင်း မြစ်ကြီးများ၊ လွင်ပြင်များနှင့် ပတ်လည်ဝိုင်းနေသော ကုန်းပြင်မြင့်နှင့် တောင်တန်းကြီးများ၌ မရှိမပူ၊ ရှိမပူ အေးချမ်းစွာ နေထိုင်ခဲ့ကြပြီး အရေးရှိလျှင်လည်း

ကောင်းတူဆိုးဖက်ရင်ဆိုင်ခဲ့ကြသည်။ ပြည်ထောင်စု၌ အတူနေထိုင်ကြသော ပြည်ထောင်စုသားများသည်တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်သူများ ဖြစ်ကြ၍ အချိန်ကာလအလိုက်ဖြစ်ခဲ့ကြသော သမိုင်းဖြစ်စဉ်အတက်၊ အကျ များအပေါ်တွင် အဆိုးဘက်ကို အကျိုးဆက်မဖြစ်စေဘဲ သင်ခန်းစာယူ၍ အကောင်းဘက်ကို အကြောင်းဆက်ရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2020

ပြည်  ဇန်နဝါရီ   ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ကွန်ပျူတာတက္ကသိုလ်၌  ယနေ့ နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် e-Goverment အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီ၊ လူစွမ်းအား အရင်းအမြစ် ဖွံဖြိုးရေးဆပ်ကော်မတီတို့ ပူးပေါင်း ဖွင့်လှစ်သော e-Government အခြေခံ ကွန်ပျူတာ သင်တန်း အပတ်စဉ် (၂) ဆင်းပွဲနှင့် အောင်လက်မှတ်ပေးအပ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2020

ရန်ကုန်   ဇန်နဝါရီ    ၂၇

အိုလံပစ် တတိယအဆင့် ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ထိုင်းလက်ရွေးစင် အမျိုးသမီးအသင်းတို့၏ ဒုတိယခြေစွမ်းပွဲကို ဇန်နဝါရီ ၂၈ ရက် (ယနေ့) ညနေ ၄ နာရီတွင် မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2020

ရန်ကုန် ဇန်နဝါရီ ၁၅

တရုတ် - မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ်(၇၀)ပြည့် အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံ ပညာ ရှင်များ၏ “Think Tank Scholars Summit on Myanmar – China Relations in the New Era” ခေါင်းစဉ် ဖြင့် ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2020

ဘားအံ နိုဝင်ဘာ ၅

 

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရည်ရွယ်ပြီး စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲဖွင့်ပွဲကို ယနေ့ နံနက် (၈) နာရီအချိန်က ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်