Skip to main content

ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေနှင့် ပစ္စည်းများလှူဒါန်း

ရန်ကုန် သြဂုတ် ၂၈

ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေ နှင့် လိုအပ်သောပစ္စည်းများ လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်း၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။

လှူဒါန်းပွဲတွင် ဝန်ကြီးချုပ်က ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကူညီပြီး ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်း ဒေသကြီး အတွက် လှူဒါန်းကြသူများအားလုံးကို ကျေးဇူးတင်ပါကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ Coronavirus Disease 2019 (COVID - 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြား ချက်များနှင့်အညီ လိုက်နာနေထိုင်သွားရန် လိုအပ်မည်ဖြစ်​ကြောင်း ပြောကြားသည်။

ထို့နောက် Rotary Club of Loyalty , Myanmar မှ အလှူငွေကျပ်သိန်း (၁၀၀)နှင့် ငွေကျပ်သိန်း (၂၀၀) တန်ဖိုးရှိ ဆပ်ပြာတောင့် ၉၀ တောင့်၊ ကြာဆံ ၃၀ ထုပ်၊ အင်္ကျီ ၁၅၀၀၊ လုံချည် ၃၄၀၊ နှာခေါင်း စည်း ၂၂၄၀၀ ခု၊ Face Shield ၂၀၀၀ ခု၊ ရောဂါကာကွယ်ရေးဝတ်စုံ ၂၀၊ ပိုးသတ်ဆေးဖြန်းစက် ၂ လုံး၊ ဦးဇော်မျိုးထက် (ဥက္ကဋ္ဌ)   မြင့်ဖောင်ဒေးရှင်း မိသားစုမှ အလှူငွေကျပ် ၁၀ သိန်းတို့ကို ရခိုင်ပြည်နယ် အတွင်း ကိုဗစ် - ၁၉ ကာကွယ်ရေးလုပ်ငန်းများအတွက် လှူဒါန်းကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြု ရန် ဦးဇော်မိုးခိုင်+ဒေါက်တာ စောနေနွယ် AA Medical Products Ltd မှ အလှူငွေကျပ်သိန်း ၂၀၀ တန်ဖိုးရှိ Surgical Mask လေးသိန်း(၄၀၀၀၀၀)ခု၊ မြန်မာနိုင်ငံ ယုဝတီခရစ်ယာန်အသင်းမှ အလှူငွေကျပ် သိန်း၅၀၊ Myanmar Fiber Optic Communication Network Co. Ltd မှ အလှူငွေကျပ် ၁၀၃၅၀၀၀ တန်ဖိုးရှိ အဖျားတိုင်းစက် ၁၀ ခု၊ N 95 Mask ၂၀၀ ခု၊ Surgical Mask ၁၀၀၀၀ ခု ၊ 9 & 9 Co. Ltd မှ အလှူငွေကျပ် ၁၀၀၀၀၀၀ ၊ Surgical Mask ၇၅၀၀ ခု၊ ရောဂါကာကွယ်ရေးဝတ်စုံ ၂၀ စုံ၊ လက်သန့် ဆေးရည် ၄၈ ဘူးတို့ကို လှူဒါန်းကြရာ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက လက်ခံရယူပေးကြပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။

အဆိုပါလှူဒါန်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးများ၊ အလှူရှင် များ တက်ရောက်ခဲ့ကြသည်။

ဆန်းကျော်ဦး (ပြန်/ဆက်)