နေပြည်တော် ဩဂုတ် ၂၇
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ထာဝရငြိမ်းချမ်းရေးစေတီတော် ဘက်စုံတည်ဆောက် အချောသပ်မွမ်းမံခြင်းလုပ်ငန်းများအတွက် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနမှ ဝန်ထမ်းမိသားစုများ၏ စုပေါင်း လှူဒါန်းငွေကျပ် ၇၇၇၇၇၇၇ ကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာန၌ ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါလှူဒါန်းငွေများကို သစ်တောဦးစီးဌာနဝန်ထမ်း မိသားစုများကိုယ်စား ညွှန်ကြားရေး မှူးချုပ် ဒေါက်တာညီညီကျော်က သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးထံ ပေးအပ် လှူဒါန်းခဲ့သည်။
သတင်းစဉ်