နေပြည်တော် ဩဂုတ် ၂၈
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ဒုတိယအကြိမ်ဆွမ်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့ရှိ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်တွင် ကျင်းပသည်။
ဆွမ်းဆက်ကပ်ပွဲတွင် ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်များထံမှ ပရိတ်တရားတော် များနားယူ ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့်ဇနီး ဒေါ်စန္ဒာလွင်က လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြသည်။
ဆွမ်းဆက်ကပ်ပွဲသို့ ပြည်ထောင်စုဝန်ကြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများတက်ရောက်ကြပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(သတင်စဉ်)