Oct 02, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ကမ္ဘောဒီးယားနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၅၄)ဦးအား မြန်မာသံရုံး၊ ဖနောင်ပင်မြို့မှ စီစဉ်သည့် ဒုတိယကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့မွန်းလွဲပိုင်းတွင် လည်းကောင်း၊ စင်ကာပူနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၄၇) ဦးအား မြန်မာသံရုံး၊ စင်ကာပူမြို့မှစီစဉ်သည့် အကြိမ် (၂၀) မြောက် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ညနေပိုင်းတွင် လည်းကောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ အသီးသီးပြန်လည် ရောက်ရှိခဲ့ကြသည်။
Oct 02, 2020
မြန်မာနိုင်ငံ ဒီဂျစ်တယ် မီဒီယာအသင်းဖြစ်မြောက်ရေး ကော်မတီက စီစဉ်ကျင်းပသည့် Digital Media Trends and Opportunities Webinar ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၃ ရက် မွန်းလွဲ (၁) နာရီအချိန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး Digital Media Guide to Work-From-Home ခေါင်းစဉ်နှင့် Digital Media Monetisation Opportunities & Challenges ခေါင်းစဉ် များဖြင့် ဆွေးနွေးမည် ဖြစ်ပါသည်။
Oct 02, 2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအား ပူးပေါင်းပါဝင်ကူညီနိုင်ရန် မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း(Myanmar Private Hospitials Association) ကိုယ်စားပြု၍ ရန်ကုန်မြို့ရှိကိုဗစ်-၁၉ ရောဂါကုသရေးဌာန များတွင် သွားရောက်တာဝန်ထမ်းဆောင်မည့် အထက်မြန်မာပြည်ဆေးရုံကြီး(၇)ခုမှ ဆရာဝန်/သူနာပြု(၄၉)ဦးတို့ ယနေ့နံနက်ပိုင်းက မန္တလေးမြို့မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာသွား ကြောင်း သိရသည်။
Oct 02, 2020
မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဌေးကျော်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို အောက်တိုဘာ ၁ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။ အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
Oct 02, 2020
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အောက်တိုဘာ ၁ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန် အတွက် ပြန်လည်ဖော်ပြ လိုက်ပါသည်။
Oct 02, 2020
ဂျာမနီနိုင်ငံသမဝါယမအဖွဲ့ချုပ် (DGRV)နှင့်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန သမဝါယမ ဦးစီးဌာန တို့ ပူးပေါင်းကာ မြန်မာနိုင်ငံ သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် မြန်မာနိုင်ငံ အတွင်းရှိ ကိုယ့်အားကိုယ်ကိုး သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်စေရန် မြှင့်တင်ပေးခြင်း စီမံကိန်းကို ပူးပေါင်း ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ နှစ်ဦးသဘောတူ နားလည်မှုစာချွန်လွှာ စာချုပ် (MoU) လက်မှတ် ရေးထိုးပွဲ အခမ်းအနားကို ယနေ့တွင် အွန်လိုင်း အစီအစဉ်ဖြင့် ကျင်းပခဲ့ရာ မြန်မာ နိုင်ငံ ဆိုင်ရာ ဂျာမနီနိုင်ငံသံရုံး Head of Development Cooperation ဖြစ်သူ Ms. Marianna Knirsch၊ DGRV ရုံး မြန်မာနိုင်ငံ ကိုယ်စားလှယ် Project Director, Mr. Marc Andre Zach နှင့် DGRV မှတာဝန်ရှိသူများ၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
Oct 02, 2020
မြန်မာပြည်သူပြည်သားများ၊ ကမ္ဘာသူကမ္ဘာသားများ ကိုဗစ်-၁၉ ကပ်ရောဂါ ဘေး ကင်းဝေးစေရေးအတွက် ၁၃၈၂ ခုနှစ်၊ တော်သလင်းလပြည့်နေ့ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ နိုင်ငံတော်သံဃ မဟာနာ ယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္ မဇော တိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူး ပြုသော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီး ၁၅ ပါးတို့ သည် အန္တရာယ်ကင်းပရိတ်တရားတော်များ၊ အနန္တရာယိက အန္တရာယ်ကင်းကမ္မဝါစာများ ရွတ်ဖတ်ပူဇော် ကြသည်။
Oct 02, 2020
ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်မားနေသောကြောင့် ကိုဗစ်-၁၉ ရောဂါဖြစ်စေသည့် ပိုးရှိလူနာများနှင့် ထိတွေ့ထားသောသူများအား ရှာဖွေဖော်ထုတ်ခြင်း၊ အသွားအလာ ကန့်သတ်ခြင်း လုပ်ငန်းစဉ်များကို ထိန်းချုပ်ရေးလုပ်ငန်းစဉ် နည်းဗျူဟာအဖြစ် တင်းတင်းကျပ်ကျပ် ထိထိရောက်ရောက် ဆောင်ရွက်နေသည်။ ပိုးတွေ့လူနာများကိုလည်း ဆေးရုံများတွင်ထားရှိပြီး ရောဂါပျောက်ကင်း သက်သာအောင် အလေးထား ဆောင်ရွက်ပေးနေသည်။
Oct 01, 2020
အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ ဂုဏ်ပြုအခမ်းအနားကို ယနေ့နံနက်(၁၁)နာရီ တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်း ခန်းမ၌ Video Conferencing စနစ်ဖြင့်ကျင်းပသည်။
Oct 01, 2020
ကုန်အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းများကို ကြိုတင်လက်ခံမည့် ကနဦး ဖွင့်လှစ် ခြင်း (Soft Opening) အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ ၌ Zoom Application ဖြင့် ကျင်းပ သည်။
Oct 01, 2020
အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေး၊ ယင်းနှင့် ပူးတွဲ ကျင်းပ သော US-ASEAN Business Council – ASEAN Finance Minister and Central Bank Governors' Meeting ကို ယနေ့ နံနက်ပိုင်းတွင် Video Conferencing ဖြင့် ကျင်းပသည်။
Oct 01, 2020
နေပြည်တော် အောက်တိုဘာ ၁
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဂျပန် နိုင်ငံ၌ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၅၈) ဦးအား မြန်မာသံရုံး၊ တိုကျိုမြို့မှ စီစဉ်သည့် (၈) ကြိမ်မြောက် All Nippon Airways (ANA) လေကြောင်းလိုင်း ကယ်ဆယ် ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ နံနက် ၅ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ ကြ သည်။
Oct 01, 2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ COVID-19 စီးပွားရေးကုစားမှုအစီအစဉ်အရ အသက်(၈၀) နှစ်မှ (၈၅) နှစ်ကြားရှိ ဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီက အိမ်တိုင်ရာ ရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
Oct 01, 2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှု ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေး ခန်းမ၌ကျင်းပသည်။
Oct 01, 2020
ယနေ့အချိန်အခါတွင် ကျွန်ုပ်တို့အနေဖြင့် အကျပ်အတည်းတစ်ခုအတွင်းသို့ ကျရောက်လျက်ရှိနေသည်ကို အားလုံးအနေဖြင့် ကောင်းစွာသိရှိခံစားနားလည်ထားကြပြီးဖြစ်မည်ဟု မျှော်လင့်ပါသည်။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ၏ ရိုက်ခတ်မှုဒဏ်ကို တစ်ဦးတစ်ယောက်ချင်းသာမက အစုအဖွဲ့လိုက် ခံစားရလျက်ရှိပါသည်။ ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာအနေဖြင့် ရောဂါကူးစက်ခံရလျက်ရှိပြီး အချို့မှာ မိမိတို့၏ချစ်ခင်မြတ်နိုးရသူများ ဆုံးရှုံးရလျက်ရှိသကဲ့သို့ လူဦးရေအများအပြားမှာလည်း အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးကြရလျက်ရှိပါသည်။
Oct 01, 2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာတွင် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် အာရ်စီနှစ်ထပ် စံပြကျောင်းဆောင်သစ်အား မကွေးမြို့၊ အောင်ပဒေသာ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်လျက်ရှိရာ စက်တင်ဘာလ ၂၅ ရက်နေ့က ရာနှုန်းပြည့် တည်ဆောက်ပြီးစီးသွားပြီဖြစ်ကြောင်း အဆိုပါ တာဝန်ယူ ဆောက်လုပ်သည့်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးဇော်ကို ထံက သိရသည်။
Oct 01, 2020
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးတို့၏ ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်မှ ပါဝင်တက်ရောက် သည်။
Oct 01, 2020
လူထုပါတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း(ခ) ပါစီပြည်ဟိန်းက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၃၀ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြော တင်ပြခဲ့ ပါသည်။
Oct 01, 2020
ပြည်ထောင်စုလယ်သမား အလုပ်သမားအင်အားစုပါတီဥက္ကဋ္ဌ ဦးမင်းသူက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၃၀ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
