နေပြည်တော် အောက်တိုဘာ ၂
မြန်မာနိုင်ငံ ဒီဂျစ်တယ် မီဒီယာအသင်းဖြစ်မြောက်ရေး ကော်မတီက စီစဉ်ကျင်းပသည့် Digital Media Trends and Opportunities Webinar ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၃ ရက် မွန်းလွဲ (၁) နာရီအချိန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး Digital Media Guide to Work-From-Home ခေါင်းစဉ်နှင့် Digital Media Monetisation Opportunities & Challenges ခေါင်းစဉ် များဖြင့် ဆွေးနွေးမည် ဖြစ်ပါသည်။
ဆွေးနွေးပွဲသို့ စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပြီး http://tiny.cc/MDMA-Webinar-1 သို့ဝင်ရောက် ဆက်သွယ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။