Skip to main content

ကိုဗစ်-၁၉ အမေး/အဖြေ ကိုဗစ်-၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အောက်တိုဘာ ၁ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန် အတွက် ပြန်လည်ဖော်ပြ လိုက်ပါသည်။
အစီအစဉ်မှူး။         ။ ၂၀၂၀ ပြည့်နှစ် မတ်လ၂၃ ရက်မှာ မြန်မာနိုင်ငံ မှာ   စတင်တွေ့ရှိခဲ့တဲ့   ကိုဗစ် - ၁၉ ရဲ့  ကူးစက်ဖြစ်ပွားမှုက ပြည်သူတွေအနေနဲ့ သတိကြီးစွာထားပြီး နေထိုင်ရမယ့် အခြေ အနေမှာ ရောက်ရှိနေပြီ ဖြစ်ပါတယ်။
‌ပြောကြားဆွေးနွေး
ပြည်သူတွေအနေနဲ့ ကိုဗစ် - ၁၉ နဲ့ ပတ်သက်ပြီး  သိချင်လို့  မေးမြန်းလာတဲ့ အကြောင်းအရာတွေကို ရန်ကုန်တိုင်းဒေသ ကြီးအတွင်း  ဖြစ်ပွားနေတဲ့ ကိုဗစ် - ၁၉ ကူးစက်ရောဂါ   ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနဲ့ စပ်လျဉ်းပြီး လိုအပ်တာတွေကို  အကြံပြုနိုင်ဖို့အတွက်      နိုင်ငံတော်၏  အတိုင်ပင်ခံပုဂ္ဂိုလ်က  ဖွဲ့စည်း ပေးထားတဲ့  နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအကြံပြု အားဖြည့်ဆောင်ရွက်ရေးအဖွဲ့က ပါမောက္ခကြီးတွေ၊ သမားတော်ကြီးတွေက အွန်လိုင်းကနေတစ်ဆင့်  ဖြေကြားဆွေးနွေး ပေးနေတာဖြစ်ပါတယ်။
ဒီနေ့ရဲ့ မေးခွန်းများ မေးမြန်းဖြေကြား ဆွေးနွေးမှု အစီအစဉ်မှာတော့ နည်းပညာပိုင်းဆိုင်ရာ  ကူညီပံ့ပိုး အကြံပြုအားဖြည့် ဆောင်ရွက်ရေးအဖွဲ့မှ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ပါမောက္ခ  ဒေါက်တာမြင့်ဟန်၊  ပါမောက္ခ ဒေါက်တာထင်အောင်စောတို့နဲ့အတူ ရန်ကုန် တိုင်းဒေသကြီးအတွင်း     ကိုဗစ် - ၁၉ ကာကွယ်၊  ထိန်းချုပ်၊  ကုသရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ(၁)  ပါမောက္ခဒေါက်တာဇော်ဝေစိုးတို့က ပါဝင် ဆွေးနွေးပေးသွားကြမှာ ဖြစ်ပါတယ်။
ဆရာကြီးတို့အားလုံး    မင်္ဂလာပါရှင်။ အရင်ဦးဆုံးအနေနဲ့  ဒီနေ့ရဲ့ အစီအစဉ်လေးမှာ ပါဝင်ဆွေးနွေးပေးကြ တဲ့ အတွက် ဆရာကြီးတို့  အားလုံးကို  အထူးကျေးဇူး တင်ရှိပါတယ်လို့   ပြောကြားလိုပါတယ်။ ဒါဆိုရင်  ဒီနေ့ ဆွေးနွေးမှုကို စတင်နိုင်ဖို့ အတွက် ဆရာကြီး ဒေါက်တာ ဇော်ဝေစိုးက စတင်ပြီး ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်။
ပါမောက္ခဒေါက်တာဇော်ဝေစိုး။   ။ အားလုံးပဲမင်္ဂလာပါ။ ဒီနေ့မေးမြန်းဖြေကြားတာတွေ လုပ်လာ တာက ကျွန်တော်တို့က တတိယမြောက် အနေနဲ့ ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။ ဒီမှာ ကျွန်တော့်အနေနဲ့ ရရှိထားတဲ့ မေးခွန်းတွေ ထဲက မေးခွန်းတချို့ကို ထုတ်နုတ်ပြောရရင် မေးခွန်း တော်တော်များများမှာ Positive နဲ့ Negative နဲ့ပတ်သက်တာတွေ၊ ကိုဗစ် Positive ဖြစ်ပြီး ဘာလက္ခဏာမှ မပြဘဲ၊ လူနာကမသိဘဲနေရင် ကိုဗစ်က သူ့အလိုလို Negative ဖြစ်သွားတာလား။ ဒါမှမဟုတ် Positive ပဲ အမြဲပြနေလားဆိုတဲ့ မေးခွန်း တွေရယ်။
နောက်တစ်ခုက           ကျွန်တော်တို့ရဲ့ အခုသွားနေတဲ့ ဆေးရုံဆင်းတဲ့ Discharge Criteria  ကို မေးထားတာ ဖြစ်ပါတယ်။လူနာကို Swab   ထပ်မစစ်ဘဲ၊ ဆေးဝါး ကုသမှုမပေးဘဲ၊    ၁၁ ရက် ပြည့်တာနဲ့   အိမ်ပြန်လွှတ်တာ   ဘာကြောင့်ပါလဲ။ ပြန်လွှတ်လိုက်တဲ့  လူနာဟာ  Negative အဖြေထွက်လို့    မဟုတ်ဘဲ   ဒီအတိုင်း ပြန်လွှတ်လိုက်တယ်ဆိုရင် အိမ်မှာကျန်နေတဲ့ သူတွေအတွက် အန္တရာယ်မရှိဘူးလား။ ပိုးတွေ့လူနာကို ၁၁ ရက်   ခေါ်ထားပြီး ဆေးဝါးကုသမှုမပေးဘဲ၊ ခံနိုင်ရည်စမ်းသပ် တာမျိုးများဖြစ်မနေဘူးလား ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။   ဒီမေးခွန်းကို  ဆရာကြီး ဦးမြင့်ဟန် ဖြေကြား ပေးပါခင်ဗျာ။
ပါမောက္ခဒေါက်တာဦးမြင့်ဟန်။  ။ ကျေးဇူးတင်ပါ တယ်ဆရာ။  မေးခွန်းကို  ရှင်းရှင်းလင်းလင်း နဲ့ တည့်တည့် မေးတဲ့အတွက် အထူးကျေးဇူး တင်ပါတယ်။ ကျွန်တော် ဒီနေရာမှာ ကိုဗစ်  ရောဂါရဲ့ သဘာဝလေးကို ဦးစွာတင်ပြလိုပါ တယ်။  ရောဂါလက္ခဏာ ပျိုးတယ်။   ရောဂါ ရတယ်။    ရောဂါလက္ခဏာရပေမယ့်လည်း ရောဂါလက္ခဏာ   ဆက်လက်မပြင်းထန်တဲ့  လူတွေရှိတယ်။     ဆက်လက်ပြင်းထန်တဲ့ သူတွေကလည်း အသည်းအသန် ကုသခန်းတွေမှာ ကုရတာရှိတယ်။ အသက်ရှူစက်တွေ တပ်ရတာရှိ တယ်။ အခန့်မသင့်ရင် ရာခိုင်နှုန်း အနည်းငယ်က သေဆုံးတတ်ပါတယ်။
၁၀ ရက်နောက်ပိုင်း ကူးစက်နိုင်စွမ်းမရှိ
အဲဒီတော့   မေးခွန်းကို    ကျွန်တော် တည့်တည့်ဖြေရရင်  ဒီလူနာသည် Positive ဖြစ်တဲ့ လူနာဖြစ်မှာပါ။ ဒါကြောင့်မို့ ၁၀ ရက်/ ၁၁ ရက်ပေါ့နော် သူတို့ကို ပြန်လွှတ်ပါတယ်။ ဒီနေရာမှာ    ကျွန်တော်တို့    နောက်ပိုင်း၊ နောက်ပိုင်း တွေ့ရှိချက်တွေအရ ဒီ Swab Test အရ    ပိုးတွေ့တယ်ဆိုတာက   တွေ့ပြီးရင် ကျွန်တော်တို့ ၁၀ ရက်နောက်ပိုင်းမှာ ဒီလူနာသည်    ပိုးဆက်လက်ရှိ ကောင်းရှိနိုင်ပေမယ့် သူ့ကိုလည်း   အန္တရာယ်မပေးနိုင်တော့ ဘူး၊ အခြားသူတွေကိုလည်း   ဆက်လက်ပြီးတော့ ကူးစက်နိုင်စွမ်း မရှိတော့ဘူးလို့   နောက်ဆုံး တွေ့ရှိ ထားပါတယ်။
ဒါကြောင့်မို့ ဒီလူနာကို ရောဂါလက္ခဏာ မရှိတဲ့လူနာကို ၁၁ ရက်မှာ    ပြန်လွှတ်ခြင်း ဖြစ်ပါတယ်။  ဒါပေမယ့် ဒီနေရာမှာ ရောဂါ လက္ခဏာလည်းရှိတယ်၊ ပြင်းထန်တယ်ဆိုရင် ကျွန်တော်တို့ လက်ရှိအနေအထားမှာ သုံးပတ် အထိ စောင့်ကြည့်ပြီးမှ ရောဂါလက္ခဏာတွေ ကင်းစင်မှ   ကျွန်တော်တို့   ကုသမှုပေးပြီးမှ ပြန်လွှတ် တာရှိပါတယ်။
ဒီတော့ ဒီလူနာကလည်း ပြန်သွားပြီးရင် ကျွန်တော်တို့ ရောဂါကူးစက်မှု မရှိတော့ဘူးလို့ ပြောနေပေမယ့်  ကျွန်တော်တို့ ဆေးရုံဆင်း တဲ့အခါမှာ လိုက်နာဆောင်ရွက်ရမယ့် အချက် တွေကို ဆက်လက်ပြီး လိုက်နာဆောင်ရွက် ရမှာ ဖြစ်ပါတယ်။ ဒါတွေကလည်း ညွှန်ကြား ထားပြီး  ဖြစ်ပါတယ်။      ဥပမာအားဖြင့် နောက်ထပ် အိမ်မှာနေရင်း တစ်ပတ် Mask ဆက်ပြီး တပ်ရတာမျိုး၊ လက်ဆေးရတာမျိုး စသဖြင့် ဒါမျိုး တွေရှိပါတယ်။ အဲဒီတော့ ပြန်ပြီး တော့ ကူးစက်နိုင်ခြေ Reinfection က အခု ထက်ထိတော့   ကြိုးကြားကြိုးကြား    Case Report တွေတော့ရှိပါတယ်။
ဒါတွေ အများစုက ကျန်းမာရေးဝန်ထမ်း တွေ ခွဲစိတ်တဲ့နေရာမှာ တချို့လက္ခဏာမပြ  ဘဲနဲ့ Test မှာ ပြန်ပြီး Positive ပေါ်တာတွေ တွေ့ရတာရှိပေမယ့်     ယေဘုယျအားဖြင့် နောက်ထပ်  ကိုဗစ်လူနာနဲ့  ထပ်မံတွေ့ရှိတဲ့ အချိန်မှာတောင် သူ့မှာကူးစက်ဖို့ အခွင့်အလမ်း က အတော်နည်းပါးသွားတယ်လို့ ကျွန်တော့် အနေနဲ့ ဖြေကြားလိုပါတယ်ခင်ဗျာ။
ပါမောက္ခဒေါက်တာဇော်ဝေစိုး။     ။ မှန်ပါတယ်ဆရာ။ ဘာလို့လဲဆိုတော့ အရင်တုန်းက ကျွန်တော် တို့ Strategy Guideline ကိုက ပထမဆေးရုံ တက်တယ်။ ခုနက Swab ယူပြီး Negative ဖြစ်ပြီးတဲ့နောက်မှာ ကျွန်တော်တို့က နှစ်ပတ်/ သုံးပတ်ထားပြီးတော့  ဆေးရုံကဆင်းပေးတာကနေ  ဆေးရုံဆင်းတဲ့ ညွှန်ကြားချက် ကို ပြောင်းလိုက်ပါပြီ။   ဆရာ ပြောသလို ပါပဲ ဒါကတကယ့်    Research and Evidence Based  တခြား တိုင်းပြည်တွေက   လေ့လာထားပြီးသား တွေ့ရှိချက်ကို အခြေခံပြီးတော့ ကျွန်တော်တို့  ဒါခုနက ၁၁ ရက်မြောက် မှာ ဆေးရုံက ဆင်းတာကို ခုနောက်ပိုင်းမှာ ဒါကို ကျင့်သုံးနေတာပါ။
ဘာမှပြဿနာမရှိခဲ့
အဲဒါကို ကျင့်သုံးပြီး ယခုဆိုရင် ဆေးရုံ ဆင်းတဲ့ လူနာပေါင်း ၂၀၀၀ ကျော်ရှိပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီး ယခုထက်ထိ ကျွန်တော် တို့  ဘာမှ  ပြဿနာမရှိခဲ့ပါဘူး။   ဒါ့အပြင်  သေချာအောင်လို့  စောစောကပြောတဲ့  ၉၅ ရာခိုင်နှုန်း / ၉၉ ရာခိုင်နှုန်း  ဒီဟာရှိပေမယ့် သေချာအောင်လို့  တစ်ပတ်လောက်  အိမ်မှာ စနစ်တကျ ညွှန်ကြားချက်အတိုင်း နေလိုက် မယ်ဆိုရင် ၁၀၀ ရာခိုင်နှုန်း သေချာတဲ့ ခုနက ဆရာကြီး ဦးမြင့်ဟန် ပြောသလို  ကူးစက်မှု မဖြစ်နိုင်တဲ့   အနေအထားကို   ဆိုလိုတာပါ။ ဒါကြောင့် ပြည်သူလူထုက နည်းနည်းလေးရှုပ် သွားတာပါ။ အရင်တုန်းကသွားတဲ့ Guideline နဲ့ အခု ကျွန်တော်တို့သွားတဲ့ Guideline က နည်းနည်းလေး ကွဲသွားတာဆိုတော့။
ပါမောက္ခဒေါက်တာဦးမြင့်ဟန်။     ။ ဟုတ်ကဲ့ခင်ဗျာ။ ကျွန်တော် တချို့မေးခွန်းလေးတွေကို ဆက်ပြီး  ဖြေချင်ပါတယ်။   အဲဒါက  ဘာလဲဆိုတော့ ဘာမှမကုသဘဲ စောင့်ကြည့်ခံပြီး ပြန်လွှတ်  ခံရတယ်ပေါ့နော်။ အဲဒါက လူနာအနေအထား ပေါ် မူတည်ပါတယ်။ ကျွန်တော်တို့ လက်ရှိ ကျင့်သုံးနေတဲ့  နည်းဗျူဟာက  Isolation ပေါ့လေ။ ဒါ Positive လူနာတွေကို Isolation ထားတယ်။ Quarantine ကိုတော့ Contact တွေကို ထိတွေ့ခဲ့သူတွေထားတယ်။
အချိန်မရွေးကုသနိုင်ဖို့
ဒါတွေကိုထားတဲ့ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က အဆိုပါ ကူးစက်ခံထားရတဲ့ လူနာများ၊ ကူးစက်နိုင်ဖွယ်ရှိတဲ့ လူနာများကို ကျွန်တော်တို့က    လိုအပ်ရင်   အချိန်မရွေး ကုသနိုင်ဖို့အတွက်ဆိုတဲ့     ရည်ရွယ်ချက်နဲ့ ထားရှိ ခြင်းဖြစ်ပါတယ်။ တချို့ကပြော ကြပါတယ်။ Quarantine  ဆိုတာ  အကျယ်ချုပ် ချုပ်ထားတာ လားပေါ့နော်။  အထူးသဖြင့် ရောဂါလက္ခဏာ    မရှိတဲ့သူတွေအတွက်က သူတို့နည်းတူ ကျွန်တော်လည်း မျှဝေခံစား လို့ရပါ တယ်။
ဒီနေရာမှာ ကျွန်တော် ပြောချင်တာက ရောဂါလက္ခဏာရှိပေမယ့်    ပထမနှစ်ပတ် အတွင်းမှာ ရောဂါလက္ခဏာ ပေါ်တတ်ပါ တယ်။ မထင်မှတ်ဘဲနဲ့ တချို့သော အသက် ကြီးတဲ့သူများ၊  ရောဂါအခံရှိသူများဆိုရင်  မသိဘဲနဲ့ ဒီအသက်ရှူတဲ့နေရာမှာ အောက်စီ ဂျင်နည်းလာတာကို တွေ့ရတတ်ပါတယ်။ အဲဒီအချိန်တုန်းက  တကယ်တန်းလိုအပ်တဲ့   ကုသမှုတွေရရှိစေဖို့     ကျွန်တော်တို့က စောင့်ကြပ်ကြည့်ရှုနေမှာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ ကျွန်တော်တို့ Isolation ဆိုတဲ့ Strategy နဲ့ Quarantine ဆိုတာ တွေက  ရည်ရွယ်ချက်ရှိရှိနဲ့  မိမိအတွက် သော်လည်းကောင်း၊ မိမိရဲ့ ပတ်ဝန်းကျင် အတွက်သော်လည်းကောင်း၊ အဓိက သူတို့ ရဲ့     လုံခြုံရေးအတွက်   ကျွန်တော်တို့ ဆောင်ရွက်ခြင်း  ဖြစ်ပါတယ်။   တစ်ဦး တစ်ယောက်တည်းသာမက ကျွန်တော့်အနေ နဲ့ ဒါဟာ တစ်နိုင်ငံလုံးရဲ့ လုံခြုံရေးအတွက် ဆောင်ရွက်ခြင်းဖြစ်တယ်လို့    ကျွန်တော့် အနေနဲ့ ယူဆပါတယ်။ ဒါလေးကို ကျွန်တော် ဆက်လက်ပြီးတော့    တင်ပြဆွေးနွေးပါ တယ်။
ပါမောက္ခဒေါက်တာဇော်ဝေစိုး။      ။ ကျေးဇူးတင်ပါတယ်။ ဒီဟာက တကယ်တော့ အရေးကြီးပါတယ်။ အောက်ဆီဂျင် Level နည်းနည်းကျလာတာ ကို ကျွန်တော်တို့ စပြီးသိလိုက်ပြီဆိုတာနဲ့  စောစောစီးစီး ကုသမှုတွေ လုပ်လိုက်နိုင် ပါတယ်။   ဒီကိုဗစ်မှာ   အရေးကြီးဆုံးက အောက်ဆီဂျင်ဆိုတော့   ဒါကြောင့်လည်း ယခု ကျွန်တော်တို့  ကုသရေးစင်တာတွေ အကုန်လုံးမှာ လူနာလေးဦးကို တစ်ခုနှုန်းနဲ့ ဒီအောက် ဆီဂျင်တိုင်းတဲ့      ကိရိယာကို ပေးထားပါတယ်။
အမြန်ဆုံးသိရှိကုသနိုင်အောင်
ဒါကို တိုင်းပြီးတော့ ဒါလေးကို ကြည့် လိုက်တာနဲ့ အောက်ဆီဂျင် Level ကောင်း နေတယ်ဆိုရင် မစိုးရိမ်ရဘူး။ မကောင်းဘူး ဆိုတာနဲ့  ဒါကို သတင်းပို့ပြီးတော့ သူ့ကို အမြန်ဆုံးသိရှိ ကုသနိုင်အောင် ကျွန်တော်တို့ ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။ အမြန်ဆုံး သိရှိပြီး အမြန်ဆုံး ကုသမှုခံနိုင်ဖို့ လုပ်ထား တာဖြစ်တဲ့အတွက်     ဒီလိုမျိုးဆေးရုံမှာ တင်ပြီးကုသခြင်းက  တကယ်တော့  ဒါ အမြင့်ဆုံးစောင့်ရှောက်မှုကို ပေးထားခြင်း ဖြစ်တယ်လို့ပြောရင်   မှန်ပါတယ်ဆရာ။ ကျေးဇူးတင်ပါတယ် ဆရာ။
ကျွန်တော့်အနေနဲ့ ဆက်ပြီး ဒီမေးခွန်း တွေထဲကနေ ထုတ်နုတ်ပြီး မေးရရင် အဖေ တွေ၊ အမေတွေ၊  အဘိုးတွေ၊  အဘွားတွေ အတွက်  မေးကြတဲ့   မေးခွန်းတစ်ခုပါ။ အသက် ၇၅ နှစ် ကျော်တဲ့ လူကြီးတွေကို ဘယ်လိုဆေးတွေ တိုက်လို့ရပါသလဲရှင်တဲ့။ အဖေကတော့ ဘာရောဂါမှ မရှိပါဘူးရှင့်။ အမေက  ဆီးချို၊  သွေးတိုး  အနည်းငယ် ရှိပါတယ်တဲ့။  ဆရာဖြေပေးပါ။
ပါမောက္ခဒေါက်တာမြင့်ဟန်။     ။ ပြည်သူလူထုက ဒီအသက်ကြီးသူဆိုတာ     ခြုံပြီးတော့ ပြောတာပါ။    အသက်အရွယ်ကြီးတဲ့သူ တွေကလည်း   ကျွန်တော်တို့နိုင်ငံမှာ ၁၀ ရာခိုင်နှုန်းလောက်ရှိတယ်။ ၁၀ ဦးမှာ တစ်ဦး  ရှိနေကြပါတယ်။       မိသားစုတွေထဲမှာ အနည်းနဲ့အများ ရှိနေကြပါတယ်။ ဒါပေမယ့်  အသက်ကြီး တဲ့သူတိုင်း      ကိုဗစ်ရောဂါ လွယ်လွယ်ကူကူရရှိနိုင်မှာ မဟုတ်ပါဘူး။
ကိုဗစ်ရောဂါသည်    အသက်အရွယ် မရွေး၊ လူမျိုးအုပ်စု မရွေး၊ ဘာမှကို မရွေး ဘဲနဲ့  သူက  ကူးစက်နိုင်ပါ တယ်။ ဒီတော့ ဒီနေရာမှာ          သက်ကြီးရွယ်အိုအုပ်စုကအထူးသဖြင့် သက်ကြီးဖြစ်လို့ ကူးစက်ခြင်း ခံရဖို့  သူများထက်အခွင့်အလမ်း မပိုပါဘူး။ ဒါပေမယ့်   ကူးစက်ခံခဲ့ရရင်   သူတို့က  ရောဂါ အခံရှိသူတွေကလည်း    များကြပါတယ်။ အဲဒီတော့ ပိုပြီးပြင်းထန်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ       ဒါတွေကို    ခံစားရဖို့ရှိပါတယ်။

ကောင်းတဲ့အချက်
ဒါကြောင့်မို့      နိုင်ငံရပ်ခြားမှာလည်း ကျွန်တော်တို့ကြည့်ရင် သက်ကြီးရွယ်အိုတွေ စုဝေးနေထိုင်တဲ့ Nursing Home တို့ ဒီလို နေရာ Institution တွေမှာ သေပျောက်မှုနှုန်း အင်မတန်များပြားတာကို   တွေ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာကတော့ ဒီလို မျိုး အခုထက်ထိကြားရတာ မရှိသေးပါဘူး။ ဒါက  ကောင်းတဲ့အချက်ပါ။ အဖေနဲ့ အမေ ပေါ့နော်၊ အသက် ၇၅ နှစ်ကျော်နေပြီ။ အဖေ ကတော့ ကျန်းမာတယ်။
ထိုနည်းတူစွာပဲ  သက်ကြီးအုပ်စုဆိုတာ အသက် ၆၀  ကျော်တိုင်း   မကျန်းမာတာ မဟုတ်ပါဘူး။    အသက်   ၇၀/၈၀ အထိ ကျန်းကျန်းမာမာသွားလာနိုင်တဲ့    အုပ်စုရှိ သလို၊ ရောဂါတွေနဲ့ သွားရေးလာရေးခက်ခဲ သူတွေရှိသလို  အိပ်ရာထဲမှာ  လဲနေတဲ့အုပ်စု တွေလည်းရှိကြပါတယ်။ အဲဒီတော့ ဒီနေရာမှာ ကျွန်တော် တို့က     အသက်ကြီးတဲ့သူတိုင်း၊ စောစောက    ရောဂါရှိတဲ့သူတိုင်း၊   မိမိတို့ရဲ့ အခြေခံရှိနေတဲ့   ရောဂါ။   ဥပမာအားဖြင့် မေးခွန်းရှင်မေးထားတဲ့ သွေးတိုးရောဂါ၊ ဆီးချို ရောဂါရှိတဲ့    အမေဆိုရင်  ပိုပြီးဂရုစိုက်ရပါ မယ်။
ဘာကိုဂရုစိုက်ရမလဲဆိုတော့ သွေးတိုး ရောဂါကို သေသေချာချာ ဆေးနဲ့ သွေးပေါင်ကို ထိန်းထားမယ်ဆိုရင်၊ ဆီးချိုရောဂါ/ သွေးတိုး ရောဂါကို ဆီးချိုသွေးကျဆေးတွေနဲ့ထိန်းထား နိုင်မယ်ဆိုရင်    စောစောက   ဖြစ်ပွားနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးမျိုးတွေကို ကျွန်တော် တို့ ရှောင်သွားနိုင်မှာဖြစ်ပါတယ်။ ဒါက အရေး ကြီးတဲ့ အချက်ပါပဲ။
မိသားစုက ပံ့ပိုးဖို့လို့
ဒါပေမယ့်     အသက်ကြီးအုပ်စုတွေက အိပ်ရေးဝအောင်အိပ်၊ အာဟာရပြည့်အောင်စား၊ လေ့ကျင့်ခန်း မှန်မှန် လေးလုပ်၊ နောက်ဆိုရှယ် မီဒီယာတွေသုံးတာမှာ  သတိထားဖို့  လိုပါ တယ်။ မိမိရဲ့ပတ်ဝန်းကျင်၊ မိမိရဲ့ ဆွေမျိုးသား ချင်းတွေနဲ့   အဆက်အသွယ်   မပြတ်အောင်၊ ဘာဖြစ်လို့လဲဆိုတော့    Psychological Impact ပေါ့နော်၊ စိတ်ဝေဒနာ၊ စိတ်ပူပန်မှုတွေ များတတ်တယ်။   အဲဒါတွေ   ဖြစ်တတ်တဲ့ အတွက် မိမိ မိသားစုကနေ အထူးသဖြင့် ပံ့ပိုး ဖို့လိုပါတယ်။
ဒီနေရာမှာလည်း ကျွန်တော်တို့ ဆိုရှယ် မီဒီယာတွေသုံးတဲ့အခါမှာ ဆိုရှယ်မီဒီယာတွေ က    အထူးသဖြင့်    ကိုဗစ်သတင်းတွေမှာ သေဆုံးတဲ့ဦးရေ၊ ဖြစ်ပွားတဲ့ဦးရေ Positive ပေါ့လေ၊ ဒါတွေကိုပဲ ကြေညာကြ တာများတော့ ဒါကိုပဲ အာရုံစိုက်မိပါတယ်။ ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့    အကုန်လုံးပေါ့နော်၊ ဒီဟာတွေကြည့်တဲ့အခါမှာ ပြန်လည်ကောင်း မွန်ပြီး ဆင်းသွားတဲ့ လူနာတွေလည်း အများ အပြားရှိပါတယ်။ ဒီဟာလေးတွေကိုလည်း ထည့်သွင်းစဉ်းစားချင့်ချိန်နိုင်ဖို့        ဖြစ်ပါ တယ်။
ဆီးချိုရောဂါ ရှိတယ်၊ ဆေးရုံ တက်တယ်၊ ကိုဗစ်ရောဂါဖြစ်တယ်။ ကိုဗစ်ရောဂါ ကိုယ် တိုင်က သွေးအချိုဓာတ်ကို တက်စေပါတယ်။ ဒါတွေလည်း တွေ့ရှိရတဲ့ တွေ့ရှိချက်တွေရှိပါ တယ်။  ထိုနည်းတူစွာ   မိမိရဲ့သွေးအချိုက မထိန်းသိမ်းနိုင်ရင် ဒီသွေးချိုရောဂါကုသတဲ့ Dexamethasone လို ဆေးမျိုးတွေက သွေးချို ကို ထိန်းမနိုင်၊ သိမ်းမရဖြစ်အောင် များပြား တဲ့အတွက် အသည်းအသန် ကုသရတာတွေရှိ ပါတယ်။
ဒါ့အပြင် ကျွန်တော်တို့ ဆေးလိပ်သောက် တဲ့သူတွေ၊ အဆုတ်ပွတဲ့ရောဂါရှိတဲ့သူတွေမှာ လည်း    ဒီအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်တဲ့အတွက် ကျွန်တော်တို့ အသက်ရှူ စက်တင်ရတာ၊  ဆောင်ရွက်ရတာတွေ  ရှိပါ တယ်။ အဲဒါကြောင့်မို့ ကျွန်တော်တို့ သေဆုံးမှု နှုန်းက မြင့်မားရခြင်းဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့က    ကြိုတင်သိထားပြီးတော့ ဆင်ခြင်နိုင်ဖို့ ဖြစ်ပါတယ်။
အဓိက သက်ကြီးရွယ်အိုတွေက အခုဆို Stay at Home ပေါ့နော်၊ အိမ်မှာနေတဲ့ ကာလ အတော်ကြာကြပါပြီ၊ ခြောက်လကျော်/ခုနစ်လ စသဖြင့် ရှိလာပါပြီ။ ရှိလာတဲ့အတွက် သူတို့ အနေနဲ့ အပြင်ကို တိုက်ရိုက်ထိတွေ့ ဆက်ဆံ ရမှုမရှိပေမယ့်လည်း   အိမ်မှာ   အလုပ်သွား နေရတဲ့ မိသားစုက အင်မတန်အရေးကြီးပါ တယ်။  အထူးသဖြင့် နေမကောင်းတဲ့ အဘိုး၊ အဘွား၊ မိဘတွေကို ပြုစုစောင့်ရှောက်ရတဲ့သူတွေအတွက်တော့     ဒီအနီးကပ်ပြုစုစောင့် ရှောက်ရတဲ့နေရာမှာ ဒီကာကွယ်မှုတွေကို အတိအကျပြုလုပ်ဖို့     ကျွန်တော့်အနေနဲ့ တိုက်တွန်းချင်ပါတယ်။
ဒီနေရာမှာ ဆက်စပ်လို့ပါ ကျွန်တော်တို့ အနံ့ပျောက်တဲ့ လူနာတွေရဲ့ ၆၅ ရာခိုင်နှုန်း/ ၇၀ ရာခိုင်နှုန်းက ဒီ Positive ဖြစ်ဖို့ကိုတွေ့ရှိ ထားရပါတယ်။ အဲဒီတော့ မိမိမှာ အနံ့ပျောက် နေရင် မိမိရဲ့ အသက်ကြီး ပုဂ္ဂိုလ်တွေကို ပြုစုစောင့်ရှောက်တဲ့အခါမှာဆိုရင်    မိမိသည် Positive   ဖြစ်နေတယ်လို့    ခံယူပြီးတော့ မိသားစုကိုပြုစုဖို့ လိုအပ်ပါတယ်။
အားဆေးလည်းသောက်သုံး
နောက်ပြီးတော့   အနံ့ပျောက်နေတဲ့သူ တွေအတွက် ကျွန်တော်တို့ ညွှန်ကြားချက်တွေ ထပ်ပြီးတော့    လာတာတွေကို    တွေ့ရပါ တယ်။ နောက်တစ်ခုက ကျွန်တော်တို့ ဆေးဝါး မှာ ပထမတင်ပြမှုပါတဲ့ ဆီးချိုဆေး၊ သွေးတိုး ဆေး၊ သွေးပေါင်ချိန်ကိုလည်း မိမိအိမ်မှာချိန် ပြီး မိမိနဲ့ဆက်သွယ်ကုသနိုင်တဲ့ ဆရာဝန်ပေါ့ နော်၊ ကုသနေကျ ဆရာဝန်နဲ့တိုင်ပင်ပြီး ဒီဆေး တွေမပြတ်ဖို့   လိုအပ်သလို   နောက်ပုံမှန် သောက်သုံးနေကြ   အားဆေးတွေလည်း ကျွန်တော်တို့ သောက်သုံး နိုင်ပါတယ်။
ဒီနေရာမှာ ကျွန်တော်တို့ သက်ကြီးပုဂ္ဂိုလ် တွေအတွက်က အိမ်မှာနေတာ ကြာလာတဲ့ အတွက် ဘာဖြစ်လာနိုင်လဲဆိုရင် ဗီတာမင်-ဒီ ချို့တဲ့တာတွေ  နဂိုကတည်းကရှိတဲ့အတွက် ဗီတာမင်-ဒီဓာတ်    ချို့တဲ့လာတတ်ပါတယ်။ အဲဒီတော့  ဗီတာမင်-ဒီ ကိုလည်း သတ်မှတ် ထားတဲ့ စံချိန်စံညွှန်းအတိုင်း ဒါကို သောက်သုံး လို့ရပါတယ်။           ဗီတာမင်ဓာတ်တွေဟာ Immune System ကိုယ်ခံအားကို ကောင်းနိုင်တယ် ။ ကိုယ်ခံစွမ်းအားကို ကောင်းစေ တာကတော့ ကျွန်တော်တို့ ဆေးပညာသဘော အရ လက်ခံထားပြီး ဖြစ်ပါတယ်။
ဒါပေမယ့် လိုအပ်တာထက် ပိုပြီးတော့ သောက်သုံးရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။  အဲဒီတော့ ကျွန်တော်တို့ ဒါတွေကိုသောက်ရင်လည်း Short Term ပေါ့ နော်၊ ရေတိုအနေနဲ့ သောက်သင့်ပြီး မိမိရဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့မှ ဒါတွေသောက် သင့်ပါတယ်။
ဗီတာမင်-စီဓာတ်သည် ကိုယ်ခံစွမ်းအား အတွက် ကောင်းတာမှန်ပါတယ်။ ကိုဗစ်ကို ကုသရာမှာတော့ ကုသနိုင်တဲ့ စွမ်းရည်မရှိပါ ဘူး။ အဲဒါလေးကို ကျွန်တော်ပြောချင်ပါတယ်။ နောက်ပြီးတော့ ဒီဆေးတွေကို သောက်ကို သောက်ရမယ်ဆိုတဲ့ ခိုင်မာတဲ့ကုထုံးအနေနဲ့ လမ်းညွှန်ချက်တွေ အခုထက်ထိမရှိသေးပါ ဘူး။ ဒါတွေက သူတို့ Study တွေ လုပ်နေတဲ့ အနေအထားမှာပဲ    ရှိပါတယ်။     အဲဒီတော့ ကျွန်တော့်အနေနဲ့ အားလုံးအတွက် အကောင်း ဆုံးဖြစ်တဲ့          လေးမျိုးစပ် ဆေးလေးကို ပြောကြားချင်ပါတယ်။
ကျွန်တော်တို့       လေးမျိုးစပ်ဆေးက (၁) Mask တပ်ရမယ်။  (၂) လက်ဆေးရမယ်။ (၃)  အိမ်မှာနေမယ်။ (၄) ခပ်ဝေးဝေးလေး နေကြပါမယ်။   ဒီလေးမျိုးစပ်ဆေးကတော့ အခုအချိန်ကာလမှာ        အားလုံးအတွက် အကောင်းဆုံးသော    ဆေးဝါးဖြစ်တယ် လို့ ကျွန်တော့်အနေနဲ့ ညွှန်ပြပါရစေ။
ပါမောက္ခဒေါက်တာဇော်ဝေစိုး။     ။ ဆရာဆေးကသောက်လို့တော့မရဘူး၊  လိုက်နာရမှာ ဖြစ်ပါ တယ်။ ယခုလို ကျစ်ကျစ် လျစ်လျစ် နေရာတိုင်းကို   ထိန်းထားတာဟာ   ဒီပိုးတွေမွှားတွေ အတွက် ထိန်းထား တာဆိုတော့ ကျေးဇူးတင် ပါတယ်ဆရာ။
ဆရာကြီး   ဦးထင်အောင်‌စောအတွက် မေးခွန်းတွေ လိုက်ရှာထားပါတယ်။ ကူးစက် ရောဂါတွေနဲ့ပတ်သက်တဲ့ မေးခွန်းတွေ ပါပါတယ်ဆရာ။ HIV တွေ၊ TB တွေနဲ့ လူနာတွေက ကိုဗစ်နဲ တွဲသွားရင်  ဘယ်လိုမျိုး များအကျိုးသက်ရောက်မှု ဖြစ်နိုင်သလဲ။ ဘာတွေခံစား ရနိုင်သလဲ။ ဒါတွေနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ လည်းရှိနေတော့ ဒီမေးခွန်းတွေနဲ့ ပတ်သက်၍  ဆရာခြုံငုံပြီး   ဖြေပေးမယ်ဆိုရင် အများ ကြီး ကျွန်တော်တို့ အတွက် တန်ဖိုးရှိမှာဖြစ်ပါ တယ်။
ပါမောက္ခဒေါက်တာထင်အောင်စော။   ။ ကိုဗစ်နဲ့ပတ်သက်လို့ လူတွေက စိတ်ပူကြတာက ရောဂါ အခံရှိရင် ကိုဗစ်ရောဂါက ပိုပြီးတော့ ပြင်းထန်တယ်၊ အသက်ဆုံးရှုံးဖို့လည်းများတယ်ဆိုပြီး အကြမ်းအားဖြင့် နားလည် ထားကြပါတယ်။ သို့သော်လည်း ရောဂါအခံအကုန်လုံးကို ပြော တာ မဟုတ်ပါဘူး။
ကိုယ်ခံအားကျတာနဲ့တွဲမြင်
ဒါနဲ့ပတ်သက်တဲ့      သုတေသနတွေကို နိုင်ငံတကာမှာ လုပ်ထားတာရှိပါတယ်။ HIV ရောဂါကို လူတွေက စဉ်းစားကြရင် ကိုယ်ခံ အားကျတာနဲ့တွဲပြီး     မြင်လေ့ရှိကြပါတယ်။ သို့သော်လည်း HIV ရောဂါပိုးရှိတဲ့သူ မြန်မာ ပြည်မှာ နှစ်သိန်းဝန်းကျင် လောက်ရှိမယ်ဆိုရင် အများစုကအခုအချိန်မှာ ART ဆေးသောက် နေပါပြီ။
ဒီလို ဆေးသောက်နေတဲ့အတွက် သူတို့ တွေရဲ့ ကိုယ်ခံအားတွေက ကောင်းနေပါပြီ။ CD4     ကောင်းတဲ့သူ     အများစုဖြစ်နေပြီး ပိုးကောင်ရေက   ထိန်းထားနိုင်တဲ့   လူတွေ အများကြီးဖြစ်နေပါပြီ။ ဒီလူတွေဟာ သာမန် လူနဲ့အတူတူ ကိုယ်ခံအားရှိနေပါပြီ။ ဒါကြောင့် သူတို့တွေသည် အခြား HIV ပိုးမရှိတဲ့သူတွေ ထက် ပိုပြီးကိုဗစ်ရောဂါကို ခံစားရမယ်ဆိုတာ မဟုတ်ပါဘူး။
တီဘီရောဂါသည်လည်း အခုလောလော ဆယ်ဖြစ်နေတာဖြစ်စေ၊ ယခင်က တီဘီဖြစ်ခဲ့ ဖူးသည်ဖြစ်စေ တီဘီဖြစ်ဖူးတဲ့အတွက်ကြောင့် ကိုယ်ခံအားကျပြီး ကိုဗစ်ပိုမိုပြင်းထန်တယ် ဆိုတာ မဟုတ်ပါဘူး။ ရောဂါအခံရှိတယ်ဆိုတဲ့ ရောဂါတွေက        ဆရာဦးမြင့်ဟန်လည်း ဆွေးနွေးသွားပါတယ်။
ဆီးချိုရောဂါတို့၊ ကျောက်ကပ်ရောဂါလို၊ နှလုံးရောဂါလို၊             နာတာရှည်အဆုတ်ပွ၊ အဆုတ်ပြွန်ရောင် ရောဂါရှိတဲ့သူမျိုး ဒီလိုမျိုး သူတွေသာလျှင် အဓိကအားဖြင့် ကိုဗစ်ရောဂါ ဖြစ်ရင် ရောဂါအခံရှိတယ်။   သို့သော် အဲဒီလို ရောဂါမျိုးလည်းရှိတယ်၊ မထိန်းထားနိုင်ဘူး ဆိုရင် သူတို့တွေမှာတော့ ကိုဗစ်ကြောင့် ပိုပြီး အသက်ဆုံးရှုံးနိုင်တာရှိပါတယ်။
ပါမောက္ခဒေါက်တာဇော်ဝေစိုး။    ။ ကျေးဇူးတင်ပါတယ်ဆရာ။ ဒါတွေနဲ့ ပတ်သက်ပြီး ကျွန်တော် တို့က စိုးရိမ်တာတွေ ရှိပါတယ်။ ကျွန်တော်ထင်ပါတယ်၊   ပြည်သူလူထုကလည်း  ဒါကို စိုးရိမ်တယ်။ ဘာဖြစ်လို့ လဲဆို‌တော့ အသက် ကြီးတဲ့သူတွေ၊   ရောဂါအခံရှိတဲ့သူတွေရဲ့ သေဆုံးနှုန်းက များနိုင်တယ်။
အခုလည်း ကျွန်တော်တို့နိုင်ငံရဲ့ သေဆုံး နှုန်းက   ဒါတွေနဲ့   ဆက်စပ်နေတာဆို‌တော့ ဒါတွေလျှော့ချနိုင် ဖို့အတွက် ကျွန်တော်တို့ အခုအနေအထားအရ ဒီလူတွေက ကျန်းမာ ရေးပြုစုစောင့်ရှောက်မှုတွေလည်း လိုအပ်နေ တဲ့သူတွေဆိုတော့ သူတို့လိုအပ်တဲ့ ကျန်းမာ ရေးစောင့်ရှောက်မှုတွေကို စဉ်ဆက်မပြတ်ပေး နိုင်မှသာလျှင် ဒီဟာတွေက လျော့ကျသွားမယ် လို့ ကျွန်တော် ထင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဆရာတို့အနေနဲ့ ဘယ်လိုတွေလုပ်သင့်သလဲ ဆိုတာ       အကြံပြုဆွေးနွေးပေးစေလိုပါ တယ်။
ပါမောက္ခဒေါက်တာထင်အောင်စော။   ။ကျေးဇူးတင်ပါတယ်ဆရာ။   ဆရာပြောသလို  Co-morbid ဖြစ်တဲ့သူတွေမှာ       ရောဂါပိုးဖြစ်တဲ့နှုန်း၊ သေပျောက်တဲ့နှုန်းပိုများပါတယ်။ ဘာဖြစ်လို့ ဖြစ်ရသလဲဆိုတော့   ဒီလိုရောဂါပိုး ဖြစ်တဲ့ သူတိုင်း၊ အဆုတ်ရောဂါ၊ ဆီးချိုရောဂါဖြစ်တဲ့သူ တိုင်း၊   နှလုံးရောဂါဖြစ်တဲ့  သူတိုင်းဟာ Co-morbid ဖြစ်လို့ ပိုပြီးအသေစောရမယ် မဟုတ်ပါဘူး။
ဒီရောဂါတွေကို ထိန်းမထားနိုင်တဲ့ အခြေ အနေမှာဆိုရင် ပိုပြီးသေဆုံးမှုများပါလိမ့်မယ်။ ဒီလိုထိန်းမထား နိုင်ဘူးဆိုတာက အကြောင်း အမျိုးမျိုးရှိနိုင်ပါတယ်။ လောလောဆယ်မှာ ကိုဗစ်ဖြစ်နေတဲ့အတွက် လူတွေက ခရီးသွား လို့လည်း မရပါဘူး။ အပြင်တွေ သွားရတာ လည်း ခက်နေပါတယ်။ ဆေးရုံ / ဆေးခန်းတွေ ကလည်း ပိတ်တာတွေများနေပါတယ်။ ဒီလိုပိတ်တာ တွေများတဲ့အတွက် ပြည်သူလူထုမှာ ကျန်းမာရေး စောင့်ရှောက်မှု       အထူးသဖြင့် ပဏာမကျန်းမာရေး     စောင့်ရှောက်မှုရရှိဖို့ အားနည်းသွားကြပါတယ်။
ဒီအတွက်    သူတို့တွေသည်   ဆီးချိုကို ကောင်းကောင်းထိန်းနိုင်လား    ဆိုတာကိုလည်း မစစ်ဖြစ်တော့ပါ ဘူး။ သွေးတိုး၊ နှလုံး၊ ကျောက်ကပ်တွေကိုလည်း မစစ်ဖြစ်တဲ့အခါ ကျတော့ အချို့သောသူတွေမှာ ရောဂါတွေက မသိဘဲနဲ့ကို ပိုဆိုးလာတာဖြစ်ပါ တယ်။ သူတို့ တွေကိုယ်တိုင်ကလည်း ဖြစ်ပေါ်လာတဲ့ အခြေ အနေကို တိုင်ပင်စရာ ဆရာဝန် အခက်အခဲ ဖြစ်လာပါတယ်။    ဒီလိုမျိုးအခြေအနေကို ကျော်လွှားနိုင်ဖို့ဆိုရင် ပြည်သူတွေဘက်က ရော၊ ကျွန်တော်တို့ ဘက်ကရော ပြင်ဆင်ဖို့၊ ပြုပြင်ဖို့ လိုပါတယ်။
ကျွန်တော်တို့ရဲ့   GP   တွေ၊   Private Sector တွေ၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေက ပြန်လည်ပြီး  အလုပ်လုပ်နိုင်ဖို့ လိုပါတယ်။ ဒါမှသာလျှင် ပြည်သူတွေအနေနဲ့က သူတို့ရဲ့ ပဏာမ ကျန်းမာရေး စောင့်ရှောက်မှုကို ရရှိ နိုင်မှာဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း မိမိရဲ့    ကျန်းမာရေးအခြေအနေကို   ပုံမှန် စစ်ဆေးနေဖို့  လိုပါတယ်။   ဆေးတွေ မှန်မှန် သောက်နေဖို့ လိုပါတယ်။ လိုအပ်ရင်လည်း ဆရာဝန်ကို ဆက်သွယ်ဖို့ လိုအပ်ပါတယ်။
ဖုန်းနဲ့လှမ်းပြီးဆွေးနွေး
လက်ရှိမှာ အချို့သော ဆရာဝန်တွေ၊ အချို့သောဌာနတွေဟာ      တယ်လီဖုန်းနဲ့ ဆက်သွယ်တဲ့ နည်းစနစ်တွေ ပြုလုပ်နေပါ တယ်။ Tele-medicine ပေါ့။ တယ်လီဖုန်းနဲ့ လှမ်းပြီး ဆွေးနွေးနေတာရှိပါတယ်။ ကျွန်တော် တို့ဘက်ကလည်း   ဒီလိုမျိုးလုပ်ငန်းတွေကို လုပ်ပေးရပါမယ်။ တစ်ချိန်တည်းမှာ အခြား သော ဆေးရုံဆေးခန်း တွေကိုလည်း ပြန်ဖွင့် ခြင်းအားဖြင့်    ပြည်သူတွေဟာ   မိမိတို့ရဲ့ ကျန်းမာရေးအခြေအနေကို ကောင်းအောင် လုပ်ထားနိုင်မယ်။
အခုလောလောဆယ် အသေအပျောက် များရတဲ့အကြောင်းရင်းကတော့ တစ်ခုခုဆိုရင် ဆီးချိုရောဂါ၊  ကျောက်ကပ်ရောဂါ ရှိတဲ့သူတွေဟာ သေချာမထိန်းထားနိုင်ဘဲနဲ့ နေမကောင်း ဖြစ်တဲ့အခါ ကိုဗစ်ရောဂါ ဖြစ်မှာစိုးလို့ စိတ်ပူလို့ သော်လည်းကောင်း ဆေးရုံကို တော်ရုံတန်ရုံ မသွားရဲဘူး။ ဆေးရုံရောက်သွား တဲ့အချိန်က နောက်ကျနေပြီ။ ရောဂါကျွမ်းနေပြီ။ အဲဒီ အခါကျတော့မှ ဆေးရုံရောက်ပြီး သိပ်မကြာ ခင်၊    ဆေးကုသမှု   အပြည့်အဝမရခင်မှာ အသက်ဆုံးရှုံး ရတာတွေ ဖြစ်ပါတယ်။
ပါမောက္ခဒေါက်တာဇော်ဝေစိုး။    ။ ကျေးဇူးတင်ပါတယ်ဆရာ။  ဒါနဲ့ပတ်သက်ပြီး ဆရာကြီး ဦးမြင့်ဟန်ကရော ထပ်ပြီးဆွေးနွေးပေးပါဦး ဆရာ။
ပါမောက္ခဒေါက်တာမြင့်ဟန်။     ။ ပထမဦးဆုံးဆရာဦးထင်အောင်စောပြောတာကို ထောက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့    ကျွန်တော်တို့ရဲ့ ပုဂ္ဂလိက  ဆေးရုံ/ဆေးခန်းတွေ  ပုံမှန်လည် ပတ်နိုင်မှသာ   ကျွန်တော်တို့ရဲ့  လူနာတွေ၊ လူနာတွေဆိုတာ  ကိုဗစ်လူနာတွေလည်း ရှိပါတယ်။ ကိုဗစ် မဟုတ်တဲ့လူနာ တွေလည်း ရှိပါတယ်။ ဒါက လွယ်လွယ်ကူကူနဲ့ ပြန်ပြီး ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
ပုဂ္ဂလိကဆေးရုံတွေမှာ အဓိက အခက် အခဲက Test မလုပ်နိုင်သေးတဲ့ အခြေအနေ တစ်ရပ်ဖြစ်ပါတယ်။ ဒီဟာကလည်း Test Kit တွေပေါ်လာပြီ။ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် လုပ် ဆောင်နိုင်မယ်ဆိုရင် ပုဂ္ဂလိကကဏ္ဍကလည်း ပုဂ္ဂလိကဆေးရုံတွေပေမယ့် တစ်တပ်တစ်အား ပါဝင်မှာဖြစ်ပါတယ်။   ကျွန်တော်တို့ ပုံမှန် အခြေအနေပြန်ရောက်ဖို့ ကြိုးစားရပါမယ်။ ဒါက တစ်ချက်ပါ။
နောက်တစ်ချက်က ကျန်းမာရေးဝန်ထမ်းတွေ မပြိုလဲမှ၊    သူတို့ ရေရှည်ဒီတိုက်ပွဲကို ဆင်နွှဲနိုင်မှ၊   စစ်မပန်းမှ   ဆရာခုနမေးတဲ့ သေဆုံးမှုနှုန်းကျသွားဖို့ ဖြစ်နိုင်မှာပါ။ ကျန်းမာ ရေးဝန်ထမ်းတွေက လက်ရှိအခြေအနေမှာ အသည်းအသန်လူနာတွေကို    ကုသစောင့် ရှောက်နိုင်တဲ့   အခွင့်အလမ်းက   အရင်လို မရတော့တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကို ကျွန်တော့်အနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဒီထက်ပိုပြီး Quality Care ပေးနိုင်အောင် ကျွန်တော်တို့    ကျန်းမာရေးဝန်ထမ်းတွေ အင်အား တောင့်ဖို့လိုပါတယ်။ သူတို့နေကောင်း နေဖို့ လိုပါတယ်။ သူတို့ရဲ့လုပ်ရမယ့် အလုပ် ပမာဏက   Focus   လုပ်ရမယ့်   အုပ်စုကိုပဲ သေသေချာချာ အာရုံစူးစိုက်ပြီး လုပ်နိုင်မယ် ဆိုရင် သေဆုံးမှုနှုန်းတွေ ကျဆင်းလာမှာဖြစ်ပါ တယ်။             
ကျွန်တော့်အနေနဲ့      နောက်တစ်ခု ပြောချင်တာက အခုလက်ရှိ သိရသလောက် က  ရန်ကုန်ဆေးရုံကြီးကို  ကား Accident နဲ့လာတယ်။ Swab ယူပြီး စစ်ကြည့်လိုက်တဲ့ အခါ Positive ဖြစ်နေတာကို တွေ့ရပါတယ်။ နောက်တစ်ခုက  အဆိပ်သောက်ပြီးလာတဲ့ သူလည်း Swab လုပ်လိုက်ရင် Positive ဖြစ်ပါတယ်။ ဒီဟာက ဘာကိုပြသလဲဆိုတော့ Community Transmission လို့ခေါ်တဲ့ လူထု ကြားထဲမှာ  ပျံ့နှံ့မှုက  အတော်အသင့်ရှိနေ တယ်ဆိုတာ ကျွန်တော်တို့ ယုံမှားဖွယ်မရှိဘူး လို့ ထင်ပါတယ်။
ဒီတော့ ကျွန်တော်တို့အနေနဲ့ သေဆုံးတဲ့ လူနာတွေသည်  ရောဂါအခံရှိတယ်။ Swab Test က  Positive   ဖြစ်တယ်။ Positive ဖြစ်တာနဲ့   ကိုဗစ်ကြောင့်   သေဆုံးတယ်လို့ ကောက်ချက်ချတာများ  လိုအပ်မလားပေါ့ နော်။ ဒါလေးကိုလည်း ကျွန်တော် ထည့်သွင်းဆွေးနွေးလိုပါတယ်။ အသေးစိတ်လေ့လာမယ် ဆိုရင်လည်း သေဆုံးမှုနှုန်းက တကယ် ဟုတ်၊ မဟုတ် ဒါလည်းသိလာနိုင်မယ်လို့ ထင်ပါတယ်။
ပါမောက္ခဒေါက်တာဇော်ဝေစိုး။    ။ ဆ ရာပြောတာဟုတ်ပါတယ်။ ခုနတုန်းက ပြောသလို Car Accident နဲ့ သေတဲ့သူဆိုရင် ပုံမှန်သာဆိုရင် ကိုဗစ်က Asymptomatic ဘာလက္ခဏာမှ မပြဘဲနဲ့အချိန်တန်ရင် ပျောက်သွားနိုင်တဲ့လူပါ။ ဒါပေမယ့် Car Accident  ဖြစ်တော့ ဆုံးပါး သွားတယ်။ ဒီတော့  သူသေရခြင်းအကြောင်း ရင်းက ကိုဗစ်ကြောင့် မဟုတ်ပါဘူး။
ဒီလိုမျိုး ကိုဗစ်ကြောင့် ဆုံးပါးသွားရတဲ့ လူတိုင်းလူတိုင်းရဲ့  Review ဆိုပြီး အသေး စိတ်ပြန်လည်လေ့လာခြင်းတွေကို     လုပ်ဖို့ လိုပါတယ်။ အဖွဲ့နဲ့ ဒါတွေကို ဆုံးပါးသွားတဲ့ အချိန်မှာ လုပ်သလို၊ နေ့တိုင်းလည်း အသေး စိတ်  Review ပြန်လုပ်ပါတယ်။  ကျွန်တော် တို့ရဲ့ လိုအပ်ချက်တွေကို ပြန်လည်ပြီး ပြုပြင် ပြောင်းလဲလျက်ရှိပါတယ်။ ဒါကြောင့် အခု ဆိုရင် ဆရာပြောသလိုပါပဲ။
အောက်ဆီဂျင်မရှိရင်မဖြစ်
Rapid Test Kit နဲ့စစ်လိုက်လို့ Positive ထွက်လာတဲ့အခါကျရင်  ကျွန်တော်တို့က Green၊ Yellow၊ Red ဆိုပြီး အုပ်စုသုံးစုခွဲထား ပါတယ်။ ဒီအထဲမှာ ဆရာပြောတာ Red ဖြစ်ပါ တယ်။ ဒီ Red တွေကို သက်ဆိုင်ရာ ဆေးရုံ တွေကို ပြောင်းရွှေ့ခြင်းမလုပ်တော့ဘဲ ကုနိုင် အောင် နေရာထိုင်ခင်းကအစ ပြင်ဆင်လျက်ရှိ သလို ကိုဗစ်ကတော့  အားလုံးသိတဲ့အတိုင်းပဲ အောက်ဆီဂျင်မရှိရင်မဖြစ်တဲ့ ရောဂါတစ်မျိုး။ အခုအဲဒီဟာကို အရိုးကျိုးသွားတဲ့လူကို ခွဲစိတ် ကုသတယ်။ ကိုဗစ်အတွက်လည်း အောက်ဆီ ဂျင်လိုတော့    လူနာတိုင်း    လူနာတိုင်းရဲ့ ခေါင်းရင်းမှာ  အောက်ဆီဂျင် ရှိအောင်အခုဆိုရင်စတင်ပြီးနိုင်ငံတော်ရဲ့အစီအစဉ်၊ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာနရဲ့ အစီအစဉ်နဲ့ ဆေးရုံကြီးတွေမှာ စတင်တပ်ဆင် ဆောင်ရွက်လျက်ရှိပါတယ်။
နောက်တစ်ခုက ဆရာတို့ပြောသွားတဲ့ Primary Health Care ပါ။ ဒါကိုလည်း အခု ဆိုရင်   ကျွန်တော်တို့ရဲ့   Guideline  တွေ၊ Protocol   တွေကို   ထုတ်ပြန်တဲ့အခါမှာ ကျွန်တော်တို့ရဲ့ အထွေထွေရောဂါကုဆရာဝန် များ၊ GP များအတွက် Guideline ဟာ အစိုးရ ဆေးရုံက   ဆရာဝန်တွေရဲ့ Guideline နဲ့ အတူတူပါပဲ။
Primary Health Care Area တွေမှာ GP   တွေအနေနဲ့    အလုပ်လုပ်နိုင်အောင်၊ ဆေးခန်းတွေကို ဖွင့်လှစ်နိုင်အောင် ဦးစားပေး ပြီးတော့ စီစဉ်ဆောင်ရွက်နေသလို Private ပုဂ္ဂလိက   ဆေးရုံများ၊   ဆေးရုံအသင်းများနဲ့ လည်း  ဆွေးနွေးပြီး  ပုဂ္ဂလိကဆေးရုံတွေရဲ့ လုပ်ငန်းတွေ   ပုံမှန်ပြန်ပြီးဆောင်ရွက်နိုင်ဖို့ အတွက် အသေးစိတ်တိုင်ပင်ပြီး ဒါနဲ့ပတ်သက် တဲ့ညွှန်ကြားမှု တွေ၊ Guideline တွေ ဖော်ထုတ် ပြီး ဆောင်ရွက်လျက်ရှိပါတယ်။ အထူးကျေးဇူး တင်ပါတယ်ဆရာ။
ပါမောက္ခဒေါက်တာမြင့်ဟန်။    ။ ဟုတ် ကဲ့ ကျွန်တော်ပြောပါရစေခင်ဗျာ။ ဒီလိုပါ ကိုဗစ်ရောဂါကို ထိန်းချုပ်ဖို့အတွက်က   All   Society ပါ။ အားလုံးပါဝင်ရပါမယ်။ ပြည်သူတွေ ပါဝင်ရပါမယ်။ ဌာနဆိုင်ရာတွေ အသီးသီးပါဝင်ရပါမယ်။ အသင်းအဖွဲ့တွေ၊ လူမှုရေး အဖွဲ့အစည်းတွေ၊ ကျန်တဲ့အသင်းအဖွဲ့တွေ     အားလုံးပါဝင်မှ ရေရှည်စစ်ပွဲဖြစ်တဲ့  ကိုဗစ်ထိန်းချုပ်ရေးကို ဆောင်ရွက် နိုင်မှာ ဖြစ်ပါတယ်။


ပြင်လွယ်ပြောင်းလွယ်တဲ့နည်းဗျူဟာ
ဒီလိုဆောင်ရွက်ရာမှာလည်း အခုဆိုရင် ပြောင်းလဲလာတဲ့      အခြေအနေနဲ့အညီ ကျွန်တော်တို့တွေရဲ့   ကျင့်သုံးမှုက Flexible ဖြစ်ဖို့ပါ။ အားလုံးပြင်လွယ် ပြောင်းလွယ်တဲ့ နည်းဗျူဟာများနဲ့ ကျွန်တော်တို့ ပြည်သူတွေ အားလုံးဝိုင်းဝန်းပြီး ကျော်လွှားရင် ကျွန်တော့် အနေနဲ့   ကျော်လွှားနိုင်မယ်လို့   ယုံကြည်ပါ ကြောင်း ပြောကြားလိုပါတယ်။ ပြည်သူတွေကို လည်း ပါဝင်ပူးပေါင်း ဆောင်ရွက်ကြဖို့ ဒီနေရာ က နှိုးဆော်လိုပါတယ်ခင်ဗျာ။ ကျေးဇူးတင် ပါတယ်။
ပါမောက္ခဒေါက်တာထင်အောင်စော။   ။ ပြည်သူတွေကအားလုံးပူးပေါင်းပါဝင်ဖို့ဆိုရင်   ကိုဗစ်တစ်ခု တည်းကိုပဲ ကြောက်နေလို့မရပါဘူး။ အခြား သော ကျန်းမာရေးဆိုင်ရာ အထွေထွေတွေကို လည်း ဂရုစိုက်ဖို့လိုပါတယ်။ မိမိရဲ့ အထွေထွေ ကျန်းမာရေးကောင်းမှသာလျှင်     ကိုဗစ်ကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။
လူတိုင်းက    ကိုယ့်ရဲ့ကျန်းမာရေးကို ဂရုစိုက်ဖို့လိုပါတယ်။ လက်ရှိကိုယ့်မှာရှိနေတဲ့ ကျန်းမာရေးပိုကောင်း အောင်လည်း   အမြဲတမ်းဂရုစိုက်နေဖို့လိုသလို တကယ်လို့ ရောဂါတွေရှိမယ်ဆိုရင်လည်း     အဲဒီကျန်းမာရေး ပြဿနာ ကိုယ့်ရောဂါတွေ ကိုလည်း ပုံမှန် ဆေးကုသခြင်းကို မမေ့မလျော့ ဆက်လက် လုပ်ဖို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းချင်ပါ တယ်။    ဥပမာအားဖြင့်   တီဘီရောဂါဆိုရင် တီဘီဆေးပြတ်သွားမယ်ဆိုရင် ဆေးယဉ်ပါး တီဘီဖြစ်မယ်။ HIV ရောဂါ ဆေးပြတ်သွားရင် ဆေးယဉ်ပါးတဲ့ပိုးဖြစ်မယ်။ ဆီးချို၊ သွေးတိုးကအစ ဆေးပြတ်သွားရင်  ကိုယ့်ရဲ့ကျန်းမာရေး ချို့ယွင်းသွားနိုင်တဲ့အတွက် အဲဒါတွေကိုလည်း   မမေ့မလျော့နေဖို့   လိုပါတယ်လို့ ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ပါမောက္ခဒေါက်တာဇော်ဝေစိုး။   ။ ဒီတော့ တစ်ကမ္ဘာလုံး၊   တစ်နိုင်ငံလုံး၊   တစ်မြို့လုံး   အခုလို ကပ်ဘေး ဖြစ်နေတဲ့အချိန်မှာ အရေးအကြီးဆုံးက ကိုယ်ချင်းစာစိတ်ရယ်၊ အမိန့်နာခံခြင်းရယ် လို့    ကျွန်တော် ထင်ပါတယ်။   အားလုံးကို ကျေးဇူးတင်ပါ တယ်။
ထက်လျှံ