နေပြည်တော် အောက်တိုဘာ ၁
အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေး၊ ယင်းနှင့် ပူးတွဲ ကျင်းပ သော US-ASEAN Business Council – ASEAN Finance Minister and Central Bank Governors' Meeting ကို ယနေ့ နံနက်ပိုင်းတွင် Video Conferencing ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော ဦးစိုးသိန်းနှင့် ဦးဘိုဘိုငယ်တို့သည် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်တို့ မှ ပါဝင်တက် ရောက်ကြသည်။
အစည်းအဝေးတွင် အာဆီယံနိုင်ငံများမှ ဒုတိယဝန်ကြီး များနှင့်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ များက နိုင်ငံအလိုက် ပါဝင်ဆွေးနွေးကြရာတွင် မြန်မာနိုင်ငံကိုယ် စား ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါအပေါ် စီးပွားရေးအရ တုံ့ပြန်ဆောင် ရွက်မှုများနှင့်စပ်လျဉ်း၍ COVID-19 Economic Relief Plan (CERP) ရေးဆွဲအကောင်အထည် ဖော်မှုများ၊ ကိုဗစ်-၁၉ ရန်ပုံငွေ တည်ထောင်၍ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အများဆုံး ထိခိုက် ခံရသည့် SMEs, CMP, Tourism နှင့် Agricultre and Food Industries Sectors များသို့ အတိုးနှုန်းသက်သာသော ချေးငွေများ ပံ့ပိုးပေးမှုများ၊ CERP Action Plan နှင့်အညီ ပုံမှန်ဝင်ငွေ မရှိသော ဝင်ငွေနည်း ပြည်သူများအတွက် အခြေခံစားနပ်ရိက္ခာနှင့် ငွေသားထောက်ပံ့ ပေးမှုများ၊ အခွန်ထမ်း ပြည်သူများအတွက် အခွန်ပေးဆောင်ရမည့်ကာလကို ယခုနှစ်ကုန်အထိ ရွှေ့ဆိုင်းပေးမှု များ၊ နိုင်ငံ၏ ဘဏ္ဍာရေး လိုအပ်မှုများအတွက် ကမ္ဘာ့ဘဏ်၊ IMF, ADB နှင့် JICA တို့မှ အတိုးနှုန်း သက်သာသောချေးငွေများ ရယူ၍ ဖြည့်ဆည်းဆောင်ရွက်နေမှုများ၊ ကြွေးမြီပွင့်လင်း မြင်သာမှုနှင့် Infrastructure Finance တို့နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ Public Debt Management Law ဖြင့်ဆောင်ရွက်နေမှု၊ Medium Term Debt Management Strategy အကောင်အထည်ဖော်မှုများ၊ အစိုးရ၏ကြွေးမြီဆိုင်ရာ အစီရင်ခံစာထုတ်ပြန်ဆောင်ရွက်မှုများ၊ ပြည်သူ့ကြွေးမြီဆိုင်ရာ အချက် အလက်များ ကို အစိုးရနှင့်ဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်တွင် ထုတ်လွှင့်ထားမှုများ၊ နိုင်ငံ၏ Infrastructure Financing လိုအပ်မှုကို ဖြည့်ဆည်းနိုင်ရေးအတွက် New Development Bank ထူထောင်နိုင်ရေး ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို တင်ပြဆွေးနွေးသည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် Roadmap for Monetary and Financial Integration of ASEAN (RIA-Fin) ၏ တိုးတက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ မြန်မာနိုင်ငံ၏ Financial Inclusion Roadmap (2014-2020) အကောင် အထည်ဖော်မှုများနှင့် ရလဒ်ကောင်းများရရှိခဲ့မှုများ၊ ဆက်လက်ဆောင်ရွက်မည့် New Financial Inclusion Roadmap (2019-2023) ဆောင်ရွက်သွားမည့်များ၊ အရင်းအနှီးဈေးကွက်ဖွံ့ဖြိုး တိုးတက်မှုနှင့် အာမခံလုပ်ငန်းကဏ္ဍ တိုးတက်မှု နောက်ဆုံးအခြေအနေများကို ရှင်းလင်းဆွေးနွေး သည်။
ယင်းနောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ငွေတိုက်ဉီးစီးဌာနမှ ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဒေါ်ခင်စိုးဉီးက အာဆီယံငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ ဖြေ လျှော့ခွင့်ပြု ရေးဆိုင်ရာ လုပ်ငန်း ကော်မတီ၏ ပူးတွဲသဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့စဉ် အတွင်း ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် နေပြည်တော်၌ ကျင်းပခဲ့သည့် (၅) ကြိမ်မြောက် အာဆီယံ အာမခံ လုပ်ငန်းဖိုရမ်နှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
အစည်းအဝေးများသို့ အာဆီယံနိုင်ငံများမှ ဘဏ္ဍာရေး ဒုတိယဝန်ကြီးများ၊ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ၊ US Treasury မှ တာဝန်ရှိသူများ၊ အာဆီယံ ဒုတိယအတွင်းရေးမှူး ချုပ်နှင့် အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး၊ ယခုနှစ်အတွက် အာဆီယံ အလှည့်ကျတာဝန်ယူရသည့် ဗီယက်နမ်ဘဏ္ဍာရေးဝန်ကြီး ဌာန နှင့် ဗီယက်နမ်ဗဟိုဘဏ်တို့မှ သဘာပတိအဖြစ် တာဝန်ယူကျင်းပသည်။
အဆိုပါ အစည်းအဝေးသည် အောက်တိုဘာ ၂ ရက်တွင် ကျင်းပမည့် (၂၄) ကြိမ်မြောက် အာဆီယံ ဘဏ္ဍာ ရေးဝန်ကြီးများအစည်းအဝေးနှင့် (၆) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေး ဝန်ကြီးများနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌများ အစည်းအဝေးများမတိုင်မီ ကြိုတင်ကျင်းပခြင်းဖြစ်ကြောင်း သိရ သည်။
(သတင်းစဉ်)