Skip to main content

Feb 14, 2022

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်းဖြစ်သည့် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့တွင် ရောဂါပိုး စတင်တွေ့ရှိခဲ့ပြီး ယင်းနှစ် ဇူလိုင်လ တတိယပတ်နှင့် စတုတ္ထပတ် ဒုတိယလှိုင်းကာလတွင် တစ်ရက်လျှင် ပျမ်းမျှပိုးတွေ့ဦးရေ လူ ၅၀၀၀ ကျပ်ခန့် (၄၁ ရာခိုင်နှုန်း) အထိ ဖြစ်ပွားခဲ့ပါသည်။ ၂၀၁၁ ခုနှစ် ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းကာလတွင် ရောဂါဖြစ်ပွားမှု၊ သေဆုံးမှု လျင်မြန်စွာ ဖြစ်ပွားမှုကို အစွမ်းကုန်ကြိုးပမ်း ထိန်းချုပ်နိုင်ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 14, 2022

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအနိမ့်ဆုံးအနေဖြင့် နေ့စဉ် ၁ ရာခိုင်နှုန်း ဝန်းကျင်ခန့်သာ ရှိတော့သည့် အခြေအနေမှ ရောဂါကူးစက်မှု ပြန်တက်လာခဲ့ရာ ရက်သတ္တတစ်ပတ်ခန့် ကာလအတွင်း နေ့စဉ်ကူးစက်မှု ၇ ရာခိုင်နှုန်း ပတ်လည်သို့ ပြန်လည်ရောက်ရှိနေသည်။ ရာသီဥတုအေးမြနေခြင်းကို အကြောင်းပြု၍ ရာသီတုပ်ကွေး ပျံ့နှံ့နေမှုနှင့်လည်း တိုက်ဆိုင်နေရာ မိမိတို့၏ပတ်ဝန်းကျင်များတွင် ဖျားနာနေသူများကို တွေ့မြင်နေရပြီး ကိုဗစ်-၁၉ လော၊ ရာသီတုပ် ကွေးလောဟူ၍ အရောရော အထွေးထွေး ဖြစ်ကြရသည်။ မည်သို့ပင်ဖြစ်စေ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းမျဉ်း စည်းကမ်းများကို ကျင့်သုံးခြင်းအားဖြင့် ကူးစက်ရောဂါ နှစ်မျိုးစလုံးကို ကာကွယ်နိုင်ကြောင်း သိရှိကြပြီး ကူးစက်မခံရမီ ကြိုတင်ကာကွယ် ကြစေလိုသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2022

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ပြသခဲ့သည့် ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ဂုဏ်ပြုယာဉ်များအား ပြည်သူများလေ့လာနိုင်ရန် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ရှေ့ တပေါင်းကွင်း၌ ခင်းကျင်းပြသထားရာ ယနေ့ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှု အားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2022

မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို မလိုလားသည့် PDF အမည်ခံ အကြမ်းဖက် သမားများက အခြေခံပညာ အထက်တန်းကျောင်းခွဲဝင်းအတွင်းရှိ ဆရာ၊ ဆရာမများ နေထိုင်ရန် ဆောက်လုပ်ထားသည့် နေအိမ်လိုင်းခန်း ၁ လုံးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2022

နေပြည်တော်၌ ကျင်းပသည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ဆင်နွှဲခဲ့ကြသည့် ကချင်ပြည်နယ် ရိုးရာယဉ်ကျေးမှု အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အထင်ကရနေရာများသို့ သွားရောက် လေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2022

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များသည် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ ယနေ့ နံနက်ပိုင်းတွင် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2022

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ကြီးရုံး အပါအဝင် ဦးစီးဌာန (၁၀)ခုတို့မှ ဝန်ထမ်းများ၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော် ဖျော်ဖြေရေးအစီအစဉ် တွင် ပါဝင်ဖျော်ဖြေခဲ့ကြသည့် ဝန်ထမ်းများ ဂုဏ်ပြုသည့်အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှု ရတနာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2022

စိုက်ပျိုးရေးဖွံ့ဖြိုးမှု မဟာဗျူဟာ အကောင်အထည် ဖော်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီ ၁၁ ရက် မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး တက်ရောက် ၍ အဖွင့်အမှာစကား ပြောကြား သည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ယနေ့တွင် ကျရောက်သည့် (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနား များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ အသီးသီးတို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြရာ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ခေတ္တဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက် ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က တည်ခင်းဧည့်ခံသည့် ၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ခန်းမ ဥပစာရင်ပြင်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2022

ကျက်သရေမင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခါသမယမှာ ပြည်ထောင်စုဖွားတိုင်းရင်းသား သွေးချင်းညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပြီး ကောင်းကျိုးချမ်းသာအဖြာဖြာနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2022

၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဗိုလ်ရှုခံရင်ပြင်၌ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြားပြီး ဂုဏ်ပြုစစ်ကြောင်းများ၏ အလေးပြုခြင်းကို ခံယူသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2022

၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဗိုလ်ရှုခံ ရင်ပြင်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2022

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (၅)ရပ်ကွက်၊ အမှတ်(၂၄၇) သီတာလမ်းနေ မြင့်ဇော် (ခ) မြင့်ဇော်မြင့် (ဘ) ဦးဘိုညွန့်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအတွင်း၌ မြောက်ဥက္ကလာပမြို့နယ်၌ပြုလုပ်သော ဆူပူဆန္ဒပြ သောင်းကျန်းမှုများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခြင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟို အဖွဲ့၏ အမိန့်ကြော်ငြာစာ အမှတ်(၂/၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ် ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ ငွေကြေးထောက်ပံ့ခြင်းတို့ကြောင့် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၀ (ည) အရ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်တွင် ၎င်းအား “ထောင်ဒဏ်တစ်သက်” ပြစ်ဒဏ်အား အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေငြာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက် ခြင်းများကို လူမှုကွန်ယက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်