နေပြည်တော် ဖေဖော်ဝါရီ ၁၁
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁)၊ အမှုထမ်းများ အရည်အချင်းမြှင့် မွမ်းမံ သင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးရုံး၊ ရုံးအမှတ်(၄၁) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင် တက်ရောက်အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး က သင်တန်းတွင် ပထမဆုရရှိသူ ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းဆုသာ၊ ဒုတိယဆုရရှိသူ ဒုတိယဦးစီးမှူး ဦးဝေဖြိုးအောင်နှင့် တတိယဆုရရှိသူ အကြီးတန်းစာရေး ဦးအောင်ကျော်စိုး တို့ကို ဂုဏ်ပြုဆုများ တစ်ဦးချင်းချီးမြှင့်သည်။
အဆိုပါ သင်တန်းကို ဇန်နဝါရီ ၃၁ ရက်မှစတင်၍ ရက်သတ္တပတ် (၂)ပတ်ကြာ လုပ်ငန်းခွင်မပျက် ပို့ချခဲ့ခြင်းဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၃၃) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)