Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ နေပြည်တော်ရှိ အခြေခံပညာအထက်တန်းကျောင်းများသို့ သိပ္ပံလက်တွေ့ခန်းသုံး သင်ထောက်ကူပစ္စည်း ဖြည့်ဆည်းပေးမှုနှင့် ဘောလုံးကွင်းများ လှည့်လည်ကြည့်ရှု

နေပြည်တော် ဖေဖော်ဝါရီ ၁၁

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်းနှင့်အတူ ယနေ့နံနက် နာရီတွင် နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ အမှတ်() အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ပညာရေးဝန်ကြီးဌာနက ဖြည့်ဆည်းပေးသည့် သိပ္ပံလက်တွေ့ခန်းသုံး သင်ထောက်ကူပစ္စည်းများ တပ်ဆင်သုံးစွဲမှုများကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ကျောင်းအုပ်ကြီးနှင့်ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံ၍ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းများအတွက် အရည်အသွေးပြည့်မီသော သင်ထောက်ကူပစ္စည်းများ ဆက်လက်ဖြည့်ဆည်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသား ကျောင်းသူများ အနေဖြင့် သိပ္ပံဘာသာရပ်များ စာတွေ့လက်တွေ့ သင်ကြားရာတွင် အရည်အသွေးရှိသော သင်ထောက်ကူပစ္စည်းကို အသုံးပြုခြင်းဖြင့် ဘာသာရပ်ဆိုင်ရာသင်ခန်းစာများကို ပိုမိုနားလည် စေမည်ဖြစ်ပါကြောင်း၊ တန်ဖိုးကြီးသော သင်ထောက်ကူပစ္စည်းများကို တန်ဖိုးရှိစွာအသုံးချ သင်ကြားသင်ယူဆောင်ရွက်ကြစေ လိုပါကြောင်း၊ ဆရာဆရာမများအနေဖြင့် ကျောင်းသားကျောင်း သူများကို လက်တွေ့ခန်းသုံးပစ္စည်းများ ကျွမ်းကျင်စွာအသုံးပြုတတ်အောင် စေတနာထား သင်ကြား ပေးစေလိုပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် ကျန်းမာရေးဂရုစိုက်၍ ပညာကိုအမှန်တကယ်တတ်မြောက်ရန် ကြိုးစားသင်ယူစေလိုပါကြောင်း  ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါကျောင်းအတွင်း ဘောလုံးကွင်းနှင့် ပွဲကြည့်စင် ပြုပြင်တည်ဆောက်ပြီးစီးမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူနှင့် ကျောင်းအုပ်ကြီး၊ ကျောင်းအကျိုးတော်ဆောင်တို့က လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြကြသည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ကျောင်းသား ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်ရေးအတွက် အားကစားကွင်းများကို အရည်အသွေး ပြည့်မီစွာတည်ဆောက် ပေးကြရန်၊ အချိန်မီပြီးစီးရန်နှင့် လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးရန်တို့ကို  မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မုန့်ဈေးတန်း အဆောင်များ၊ မိုးလုံလေလုံ အားကစားခန်းမကြီး အဆင့်မြှင့်တင်ဆောင်ရွက်နေမှုနှင့် ကျောင်းအတွင်း ပြင်ဆင်ထိန်းသိမ်းရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ပညာရေးဝန်ကြီးဌာနက ဖြည့်ဆည်းပေးသည့် သိပ္ပံလက်တွေ့ခန်းသုံး သင်ထောက်ကူပစ္စည်းများ တပ်ဆင်သုံးစွဲမှုကို ကြည့်ရှုစစ်ဆေး၍ ကျောင်းသား ကျောင်းသူများ လက်တွေ့အသုံးချသင်ယူနေမှုများကို ကြည့်ရှုအားပေးသည်။

ယင်းနောက် ကျောင်းဘောလုံးကွင်းများ၊ ပွဲကြည့်စင်များ၊ ပြေးလမ်းများ ပြုပြင် တည်ဆောက်နေမှုများ အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)