Feb 16, 2022
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ (၁၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်-၁၉ တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းမင်းဦး၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ထမနဲထိုးပြိုင်ပွဲဝင်ကြမည့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။
Feb 16, 2022
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
Feb 16, 2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ဆေးနှင့် ပဲ အမယ်ငါးမျိုးအား ဘုန်းတော်ကြီးကျောင်းများမှ ရဟန်း၊ သာမဏေများအတွက် ဆက်ကပ်လှူဒါန်းခြင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးအတွက် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများနှင့် အင်အားပြည့်အစားအစာများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။
Feb 16, 2022
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ကကြီးမှူး၍ စုပေါင်းထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီ(၁၅)ရက် ညနေပိုင်းက ရွှေမော်ဓောဘုရား အနောက်ဖက်မုခ် ယာဉ်ရပ်နားကွင်း၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။
Feb 16, 2022
တပ်မတော် (လေ)တံတားဦး လေတပ်စခန်းမှ ပုံမှန်လေ့ကျင့်ပျံသန်းလျက် ရှိသည့် တိုက်ခိုက်ရေး လေယာဉ် ၁ စီးသည် ယနေ့နံနက်ပိုင်းတွင် လေ့ကျင့်ရေးဧရိယာ၌ လေ့ကျင့်ပျံသန်းစဉ် စက်ချို့ယွင်းမှုကြောင့် ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Feb 16, 2022
တပ်မတော်(လေ)တံတားဦး လေတပ်စခန်းမှ ပုံမှန်လေ့ကျင့်ပျံသန်းလျက်ရှိသည့် တိုက်ခိုက်ရေး လေယာဉ် ၁ စီးသည် ယနေ့နံနက် ၁၀ နာရီ ၄၃ မိနစ်ခန့်တွင် လေ့ကျင့်ရေးဧရိယာ၌ လေ့ကျင့်ပျံသန်းစဉ် ဆက်သွယ်မှုပြတ်တောက်သွားခဲ့သဖြင့်
Feb 16, 2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စု နေ့ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ပြသခဲ့သည့် ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ဂုဏ်ပြုယာဉ်များအား နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ရှေ့ တပေါင်းကွင်း၌ ခင်းကျင်းပြသထားသည့်အပြင် တိုင်းရင်းသားရိုးရာ အစားအစာများကိုလည်း သတ်မှတ်နေရာများအလိုက် ရောင်းချပေးလျက်ရှိရာ ဂုဏ်ပြုယာဉ်များနှင့်အတူ ပါဝင်ကပြဖျော်ဖြေခဲ့ကြသည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့ဝင်များ၊ တိုင်းရင်းသားရိုးရာအစား အစာရောင်းချသူများ၊ လာရောက်လေ့လာကြည့်ရှုကြသည့် ပြည်သူများ၊ ဂုဏ်ပြုယာဉ် တာဝန်ခံများနှင့်တွေ့ဆုံ၍ ၎င်းတို့၏ ရင်တွင်းစကားသံများကို ဖော်ပြလိုက်ပါ သည်။
Feb 16, 2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ တတိယအကြိမ် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်း တွင်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
တရားမဝင်ကျွန်းသစ်၊ သစ်မျိုးစုံနှင့် စားသောက်ကုန်မျိုးစုံနှင့် လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရမိ
Feb 16, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိရာ ဖေဖော်ဝါရီလ ၁၄ ရက်တွင် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းရှိ အကောက်ခွန် ဦးစီးဌာနနှင့် တာဝန်ကျဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် ရှောင်တခင်ဝင်ရောက် စစ်ဆေးရာ လိုင်စင်မဲ့မော်တော်ယာဉ် HINO RANGER Tractor Head (18) ဘီးယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိသည်။
Feb 16, 2022
နေပြည်တော်၌ ကျင်းပသည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်း အနားတွင် ပါဝင်ဆင်နွှဲခဲ့ကြသည့် မကွေးတိုင်းဒေသကြီး ရိုးရာယဉ်ကျေးမှုအဖွဲ့သည် ယနေ့တွင် ရန်အောင်ချမ်းသာဘုရားကြီးအား ဖူးမြော်ကြည်ညိုကြပြီး မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်)နှင့် လွှတ်တော်သို့ သွားရောက်လေ့လာကြသည်။
Feb 16, 2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလးမြို့ကန်တော်ကြီးပတ်လမ်းရှိ ဇိဝိတဒါနသံဃာ့ ဆေးရုံကြီးနှင့် ချမ်းမြသာစည်လေဆိပ်ဟောင်းတို့ရှိ ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာတို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာများထားရှိရန် ကုသဆောင်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
Feb 16, 2022
(၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၂၈)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေး စခန်း စစ်ရေးပြကွင်း၌ကျင်းပရာ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ (၂၈)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် ဇင်မင်းထက်၊ ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များ၊ အကဲဖြတ် အမှတ်ပေးအဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် စစ်တီးဝိုင်း အသင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Feb 16, 2022
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ (၇၆) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရုံးချုပ်၌ ကျင်းပသည်။
Feb 16, 2022
မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာများနှင့်အညီ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ထမနဲထိုးပြိုင်ပွဲကို ယနေ့ညပိုင်းက နေပြည်တော်ရှိ မြန်မာ့မီးရထားဘူတာကြီး၌ ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ ဝန်ကြီးဌာနလက်အောက်ရှိ ဌာနများမှ ပြိုင်ပွဲဝင် အသင်းများ၊ ဝန်ထမ်းများ တက်ရောက်အားပေးကြသည်။
Feb 16, 2022
နယ်စပ်ရေးရာဝန်ကြီးဌာနသည် မြန်မာနိုင်ငံတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားလျက်ရှိ၍ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာများအလိုက် စာသင်တိုက်များ၊ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်း တိုက်များသို့ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများ ထောက်ပံ့လှူဒါန်း ပေးလျက်ရှိရာ စစ်ကိုင်းတိုင်း ဒေသကြီး တမူးခရိုင် တမူးမြို့နယ် အေးချမ်းဝေစည် ဘုန်းတော်ကြီးကျောင်းတိုက်နှင့် အသောက သီလရှင်ကျောင်းတိုက် တို့အား ဆွမ်းဆန်၊ ဆီ၊ ပဲများ စသည့်
Feb 16, 2022
ကိုဗစ်- ၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။
Feb 16, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များသည် သီလဓမ္မကုန်းသာတော ရကျောင်းတိုက် ဦးစီးပဓာန နာယက (ဝစီပိတ်) ဆရာတော် ဘဒ္ဒန္တကောဝိဒ အမှူးပြု၍ ယနေ့မွန်းလွဲပိုင်းတွင် ကျိုင်းတုံမြို့အရှေ့တောင်ဘက် ၁၅ မိုင်ခန့်အကွာ ပန်ကွဲကျေးရွာအနီးရှိ ဗုဒ္ဓဥယျာဉ် ပရိဝုဏ်တော်အတွင်း သတ္တာသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး တည်ဆောက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုသည်။
Feb 16, 2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီး နှစ်(၁၀၀) ပြည့်အထိမ်းအမှတ် ရတနာစိန်ဖူးတော်၊ ရွှေထီးတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်မဟာမင်္ဂလာအခမ်းအနားကို သာသနာတော်နှစ် ၂၅၆၅ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်းတိုက်၊ ဦးစီးပဓာန နာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တခေမာစာရ အမှူးပြုသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော် မူကြသည်။
Feb 16, 2022
မြန်မာနိုင်ငံသည် မြေဧရိယာအကျယ်အဝန်းနှင့် မှီတင်းနေထိုင်ကြသော ပြည်သူများအချိုးအရ ချောင်ချောင်ချိချိ နေထိုင်လုပ်ကိုင်နိုင်သော နိုင်ငံဖြစ်သည်။ စိုက်ပျိုးရေးကို အဓိကအားထားလုပ် ကိုင်နိုင်သည့် ရေခံမြေခံကောင်းမွန်သော နိုင်ငံဖြစ်သည်။ နိုင်ငံအတွင်း လူဦးရေ ၅၅ သန်းကျော် နေထိုင်ပြီး အသက် (၁၈) နှစ်အထက် လူဦးရေမှာ ၃၇ သန်းကျော်ခန့်ရှိသဖြင့် အလုပ်လုပ်နိုင်စွမ်း ရှိသည့် လူသားအရင်းအမြစ်များ ပေါများသည့်နိုင်ငံဖြစ်သည်။
Feb 16, 2022
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာရေးကို လူတိုင်းအလိုရှိ ကြသည်။ အလိုရှိကြသည့်အလျောက် ဆုတောင်းဆုပေးလည်း ပြုကြသည်။ ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာရေးဟုဆိုရာတွင် ကျန်းမာရေးက အရင်းခံကျသည်။ စည်းစိမ်ချမ်းသာ မည်မျှကြွယ်ဝပြည့်စုံစေကာမူ ကျန်းမာရေး မပြည့်စုံပါက ချမ်းသာသည်မမည်။ သို့ဖြစ်သည့်အလျောက် လူတိုင်းလူတိုင်းက ကျန်းမာရေးအသိဖြင့် နေ့စဉ်ဘဝကို ကျန်းမာရေးနှင့် ညီညွတ်စွာသွားလာလှုပ်ရှား နေထိုင်စားသောက် နိုင်ကြရန်လိုသည်။
