နေပြည်တော် ဖေဖော်ဝါရီ ၁၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ၃၆ ကျောင်း၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း ၄ ကျောင်းနှင့် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း ၂၀ တို့၌ မြန်မာ့ရိုးရာ ထမနဲထိုး ပြိုင်ပွဲများကို သင်တန်းကျောင်း အသီးသီး၌ ဖေဖော်ဝါရီ ၁၅ ရက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ ခဲ့သည်။
အဆိုပါ သင်တန်းကျောင်းများတွင် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် ကျောင်းသား၊ကျောင်းသူများ၊ သင်တန်းသား၊ သင်တန်းသူများအနေနှင့် ရိုးရာယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာများကို သိရှိမြတ်နိုးတန်ဖိုးထားတတ်လာစေပြီး တိုင်းရင်းသားလူငယ် မောင်မယ်များ သင်တန်းသား၊ သင်တန်းသူများအချင်းချင်း ရင်းနှီးချစ်ကြည်စွာ ပိုမိုစည်းလုံး၍ ပြည်ထောင်စု စိတ်ဓာတ်ရှင်သန်လာစေရန် ရည်ရွယ်ကျင်းပ ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်