Skip to main content

ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်နှင့် မိုင်းယောင်းမြို့နယ်များရှိ ပြည်သူ့ဆေးရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက် ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံ အတွင်းခွဲ စိတ်ခန်း၊ ဓာတ်မှန်ခန်း၊ ဓာတ်ခွဲခန်း၊ ပြင်ပလူနာဌာနနှင့် အတွင်းလူနာလက်ခံ ကုသနေမှု အခြေနေ တို့ကိုလှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျန်းမာရေး ဝန်ထမ်းများနှင့် ရင်းနှီးစွာတွေ့ဆုံပြီး ပြည်သူ့ကျန်းမာရေး လုပ်ငန်းများဖြစ်ကြသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်း၊ ပုံမှန်ကာကွယ် ဆေးထိုးလုပ်ငန်းများ၊ ကျောင်းကျန်းမာရေးလုပ်ငန်းများ အရှိန် အဟုန် မပျက် ဆက်လက် ဆောင်ရွက်ရန်နှင့် ကုသရေးလုပ်ငန်းများကိုလည်း ထိရောက် အောင်မြင်အောင် ဆောင်ရွက်ရန် မှာကြားခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးကာ ဆေးရုံသို့အလှူငွေ ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မိုင်းယောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး မိုင်းယောင်းမြို့နယ်ကုသရေးဦးစီးဌာနမှူးက ဆေးရုံလုပ်ငန်း ဆောင်ရွက်နေမှု၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်မှုနှင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်း တင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံ၏ တိုးချဲ့လူနာဆောင်သစ် ဆောက်လုပ် ပြီးစီးမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး၊ လိုအပ်သည့် ဆေးပစ္စည်းကိရိယာများကို အမြန်ဆုံး တင်ပြတောင်းခံ၍ ဖြည့်ဆည်း ဆောင်ရွက်သွားရန်နှင့် တိုးချဲ့လူနာဆောင်သစ်ကို အမြန်ဆုံး ဖွင့်လှစ်နိုင်ရေးမှာကြားခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ဆေးရုံသို့အလှူငွေပေးများ ပေးအပ်သည်။ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး လွှမ်းခြုံမှုအနေဖြင့် မိုင်းခတ်မြို့နယ်တွင် (၇၇ ရာခိုင်နှုန်း) ရှိပြီး မိုင်းယောင်းမြို့နယ်တွင်(၇၆ ရာခိုင်နှုန်း)ရှိကြောင်း သိရသည်။

သတင်းစဉ်