Skip to main content

စိတ်ကြွရူးသွပ်ဆေးပြားများ တပ်ကုန်းမြို့နယ်၌ ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၁၈

တပ်ကုန်းမြို့နယ်တွင် ငွေကျပ်သိန်း ၂၇၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

စစ်ဆေးဖော်ထုတ်

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၆ ရက် မွန်းတည့် ၁၂ နာရီတွင် တပ်ကုန်းမြို့နယ် ပင်လောင်း-တပ်ကုန်း သွားကားလမ်း ကင်းသာ ကျေးရွာ ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ပင်လောင်းမှတပ်ကုန်းဘက်သို့ ထိန်လင်းအောင် (၂၄ နှစ်) မောင်းနှင်ပြီး မောင်မောင် (၆၅ နှစ်) လိုက်ပါလာသည့် GRAND MARKI မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် သိန်း ၂၇၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁ဒသမ ၈သိန်းကျော် သိမ်းဆည်းရမိခဲ့ကြောင်း၊ ညနေ ၄ နာရီတွင် ပင်လောင်းမြို့နယ် ရေဆိုးကျေးရွာဘုရား အနီးတွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ ကျော်လ(၅၆နှစ်)ကို ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများ ကို ရှမ်းပြည်နယ် (တောင်ပိုင်း)မှ စစ်ကိုင်းတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့သုံးဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများကိုဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်