နေပြည်တော် ဖေဖော်ဝါရီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ချပ်သင်းကျေးရွာ ရဲစခန်းအား ယနေ့နံနက် ၄ နာရီခွဲခန့်တွင် အကြမ်းဖက်လက်နက်ကိုင် အင်အား ၆၀ ဦးခန့်မှ ရဲစခန်း၏ အရှေ့ဘက် အနောက်ဘက်မြောက်ဘက် နေရာများမှ လက်နက်ငယ်၊ လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သများ အရှေ့ဘက်၊ အနောက်ဘက်၊ မြောက်ဘက်အရပ်များသို့ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။