Sep 18, 2021
ကိုဗစ်- ၁၉ ကတိယလှိုင်းအခြေအနေ တည်ငြိမ်စပြုချိန်တွင် မိုးရာသီ ကာလအဖြစ်များသည့် ရောဂါများကိုလည်း ဂရုပြုကြရန်လိုအပ်သည်။ မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် မိုးရွာသွန်းခြင်းနှင့်အတူ လူနေရပ်ရွာ ပတ်ဝန်းကျင် များ၌လည်း ပြောင်းလဲမှုများဖြစ်ပေါ်လာသည်။ သစ်ပင်ချုံနွယ် ပိတ်ပေါင်းများ အပြိုင်းအရိုင်း ထူထပ်စွာ ပေါက်ရောက်လာကြပြီး မြေပြင်ပေါ်တွင် တင်ကျန်နေသည့် မိုးရေများ၊ မစီးဆင်းနိုင်ဘဲ ပိတ်ဆို့နေသည့် မသန့်ရှင်းသော ရေဆိုးများ၊ အမှိုက်သရိုက်များနှင့် ၎င်းတို့ကိုအမှီပြု ပေါက်ဖွားလာကြသည့် ခြင်၊ ယင်များ စသည်တို့က လူသားတို့အတွက် ရောဂါပေါင်းစုံတို့ကို သယ်ဆောင်လာကြသည်။
Sep 17, 2021
(၁၅) ကြိမ်မြောက် ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့်ဖွံ့ဖြိုးမှု ညီလာခံ (United Nations Conference on Trade and Development-UNCTAD) ၏ ဆက်စပ်အစည်းအဝေးဖြစ်သော ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအုပ်စု (LDCs)၏ ဝန်ကြီးများအဆင့် အစည်းအဝေးသို့ ယမန်နေ့ ညနေ ၆ နာရီခွဲတွင် ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာပွင့်ဆန်း Online စနစ် ဖြင့်တက်ရောက်သည်။
Sep 17, 2021
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း များမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တပြေးညီ စီစဉ်ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၊ ဆိပ်ကမ်းများနှင့် မြဝတီ၊ ချင်းရွှေဟော် နယ်စပ်စခန်း(၂)ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၄) ခုမှ ယာဉ်စီးရေ (၅) စီးဖြင့် အောက်ဆီဂျင် (အိုးခွံ) (၁၀၀၀) ခု၊ Oxygen Plant (၁၅)ခု၊ အိမ်သုံး Oxygen Concentrator (၃၆၇)ခု၊ Covid Test Kit (၁၀၂၆၀) ခု၊ PPE (၁၅၇၁၇၇)စုံ၊ လက်အိတ် (၁၆) တန်နှင့် နှာခေါင်းစည်း (Mask) (၃၂)တန် တင်သွင်းခဲ့ သည်။ Oxygen Plant (၁၅)ခုမှာ ဆိပ်ကမ်းမှ ရန်ကုန်မြို့သို့ (၁၄) ခုနှင့် ချင်းရွှေဟော်မှ မန္တလေးတိုင်း ဒေသကြီး၊ စဉ့်ကူးမြို့သို့ (၁) ခု ဖြစ်ကြောင်း သိရှိရသည်။
Sep 17, 2021
(၄၈) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် မဲခေါင် ခရီးသွားလုပ်ငန်း ညှိနှိုင်းရေးမှူးရုံး ဘုတ်အဖွဲ့အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် virtual ဖြင့် ကျင်းပရာ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် online မှ ပါဝင်တက်ရောက်သည်။
Sep 17, 2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန် ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကဝမြို့နယ် သပြုကျေးရွာသို့ ရောက်ရှိပြီး ဒန်နှင့်သံထည်ပစ္စည်းများ အရည်ကြိုပုံသွင်းထုတ်လုပ် ဆောင်ရွက်လျက်ရှိသည့် အသေးစား စက်မှုလက်မှုလုပ်ငန်းများကို သွားရောက် ကြည့်ရှု အားပေးသည်။
Sep 17, 2021
တီးတိန်မြို့နယ်ခိုင်ကမ်းနယ်မြေရဲစခန်းအား စခန်း၏ အနောက်ဘက် မီတာ ၅၀ အကွာမှာရှိ ဗိုလ်ခိုင် ကမ်းပန်းခြံအနီးမှ အကြမ်းဖက်သမားများက ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၇ ရက် နံနက် ၅ နာရီ၅ မိနစ်က လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
Sep 17, 2021
ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ (World Ozone Day) အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၌ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံ အိုဇုန်းယူနစ်အဖွဲ့ဝင် ကိုယ်စားလှယ်များ၊ လေအေးပေးစက်နှင့် ပတ်သက်သော စက်မှု နည်းပညာရှင် အသင်းများမှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ တာဝန်ခံကိုယ်စားလှယ်များက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။
Sep 17, 2021
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် စေတနာ့ဝန်ထမ်းများပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် အတွက် စေတနာရှင် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို လှူဒါန်းပေးလျက်ရှိသည်။
Sep 17, 2021
ထိုင်းနိုင်ငံတွင် လက်ခံကျင်းပသည့် (၁၈)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး 18th ASEAN Air Chiefs Conference ကို ထိုင်းနိုင်ငံတွင် Video Tele-Conference - VTC ဖြင့် ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။
Sep 17, 2021
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားနေသည့် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ် ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများ လွယ်လင့်တကူ ဝယ်ယူနိုင်ရေး အရည်အသွေးနှင့် ဈေးနှုန်း မှန်ကန်စွာရရှိစေရေး အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း၏ စီစဉ် မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲ တန်းမြို့နယ် ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန အဆောက် အအုံ၌ အိမ်သုံးဆေးဝါးများ
Sep 17, 2021
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အတူ စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းက ဝေါမြို့နယ် ဧကရာဇ်-နောင်ပတ္တရာ-သဘာ့ကန် ကျေးလက် လမ်း (၁) မိုင်(၃ ဒသမ ၈၈)ဖာလုံ ကွန်ကရစ်လမ်းခင်း နေမှုကိုလည်းကောင်း၊ ကျိုက်လှကျေးရွာရှိ အထွက် ကောင်းစပါး(၈)မျိုး ယှဉ်ပြိုင်စမ်းသပ်စိုက်ခင်းတွင် မတူညီစပါးမျိုးကွဲ
Sep 17, 2021
အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း) အား ပြန်လည်စိစစ်ရေး ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 17, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ဆင်လမ်းရေလှောင်တမံနှင့် အမျိုးသားကန်တော်ကြီးဥယျာဉ် တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Sep 17, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးနှင့် ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့မိမြို့ဖများအား ပြင်ဦးလွင်မြို့နယ်ခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။
Sep 17, 2021
ပြည်သူများအကြား တယ်လီဖုန်းဆက်သွယ်မှုနှင့် သတင်းအချက်အလက် စီးဆင်းမှုများ လွယ်ကူ လျင်မြန်ချောမွေ့စေရေး အထောက်အကူပြုနိုင်ရန်အတွက် တပ်ဆင်တည်ဆောက်ထားရှိသည့် နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကပိုင် ဆက်သွယ်ရေး တာဝါတိုင်များအား နိုင်ငံအတွင်း ပြည်သူလူထုများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်းအေးချမ်းမှုကို မလိုလားသူ နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သူများက အဆိုပါဆက်သွယ်ရေး တာဝါတိုင်များအနက် အချို့အား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခြင်းများဖြင့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိ သည်။
Sep 17, 2021
စက်တင်ဘာ ၁၃ ရက်က ဖြစ်ပွားခဲ့သည့် ပဲခူးမြို့ ဧရာဝတီဘဏ် ငွေသယ်ယာဉ် လုယက်မှုဖြစ်စဉ်၌ ပြစ်မှုကျူးလွန်သူ တရားခံများအား ကိုးနာရီအတွင်း ကြိုးပမ်းဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သော လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ပဲခူးမြို့ မြို့တော်ခန်းမ၌ ယမန်နေ့ည ၇ နာရီက ကျင်းပသည်။
Sep 17, 2021
CRPH နှင့် NUG တို့ကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာခဲ့ပြီးဖြစ်သည်။ CRPH နှင့် NUG တို့သည် PDF များအား မြှောက်ပင့်သွေးထိုးပေးပြီး အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်စေလျက် ရှိသည်။ လူငယ်များအား EAO များနှင့် ချိတ်ဆက်ပေးပြီး အကြမ်းဖက်သင်တန်းများ တက်ရောက်ရန် ပြုလုပ်ပေးသည်။ ငွေကြေးနှင့် လက်နက်ခဲယမ်းများ ထောက်ပံ့ပေးသည်။
Sep 17, 2021
ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ဆုံးရှုံးမှုတို့က တိုက်ရိုက်အချိုးကျသည်။ ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်သည်နှင့်အမျှ သဘာဝပတ်ဝန်းကျင် ထိခိုက်ဆုံးရှုံးမှုတို့ရှိမည် ဆိုသော်လည်း နည်းနိုင်သမျှနည်းအောင် တတ်နိုင်သမျှ ဆောင်ရွက်ကြရသည်။ သဘာဝပတ်ဝန်းကျင်ဟုဆိုရာတွင် သစ်ပင်သစ်တောများ၊ တောင် ကုန်းတောင်တန်းများ၊ မြစ်ချောင်းအင်းအိုင်ရေတံခွန်၊ ရေအရင်းအမြစ် များ၊ သားငှက်တိရစ္ဆာန်များနှင့်တကွ ဒေသတစ်ခု၏ သဘာဝသွင်ပြင် လက္ခဏာများ အားလုံးပါဝင်သည်။
Sep 16, 2021
ကိုဗစ်-၁၉ ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍သတင်းထုတ်ပြန်ခြင်း (၁၆-၉-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ
Sep 16, 2021
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ထားသည့် ၅၀၀၀ ကျပ်တန်၊ ၁၀၀၀၀ ကျပ်တန် ငွေစက္ကူများကို တရားဝင်ငွေစက္ကူအဖြစ်မှ ရပ်စဲလိုက်ကြောင်း အမိန့်စာ အတုများ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့လျက်ရှိသည်။