Skip to main content

ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ကမ္ဘောဒီးယား ဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က တည့်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်

နေပြည်တော် မတ် ၁၇

ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၁၉)ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ အစည်းအဝေး 19 th ASEAN Chiefs of Defence Forces Meeting (ACDFM-19) သို့ တက်ရောက်ခဲ့သည့် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး သည် မတ် ၁၇ ရက် ညနေပိုင်းတွင် ဖနောင်းပင်မြို့၊ Sokha Hotel ၌ ကမ္ဘောဒီးယားဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General VONG PISEN က တည်ခင်းဧည်ခံသည့် ဂုဏ်ပြု ညစာ စားပွဲအခမ်းအနားသို့ တက်ရောက်သည်။

အကပဒေသာများဖြင့် သီဆိုကပြဖျော်ဖြေ

အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်အတူ မြန်မာ့တပ်မတော်ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များနှင့် ဇနီးများ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။ ဦးစွာ ကမ္ဘောဒီးယားဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊  အာဆီယံ နိုင်ငံများမှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များနှင့် ဇနီးများ၊ အခမ်းအနား တက်ရောက်လာကြသူများသည် ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။

ညစာသုံးဆောင်နေစဉ်အတွင်း တေးဂီတအဖွဲ့က ရိုးရာတေးသီချင်းများ၊ အက ပဒေသာများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။ ညစာသုံးဆောင်အပြီးတွင် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များနှင့် ဇနီးများသည် ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်