Sep 20, 2021
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ နေပြည်တော် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ လယ်ဝေးခရိုင် ဘဏ်ခွဲမှ တောင်သူ ဦးကြီးများသို့ ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေး ပေးခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြား ချက်များနှင့်အညီ ယနေ့နံနက်ပိုင်းက ဆက်လက်ထုတ်ချေးပေး လျက်ရှိသည်။
Sep 20, 2021
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက်နေ့ ညနေ(၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Sep 20, 2021
မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်း မြို့နယ်တို့ရှိ ဂရန်အင်း များ၏ စုပေါင်းငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် စဉ့်ကူးမြို့ ကုက္ကိုလ်ပင်ဆိပ်၌ ကျင်းပခဲ့သည်။
Sep 20, 2021
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ထမ်းများနှင့် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ တွေ့ဆုံသည်။
Sep 20, 2021
နေ့စဉ်မိုးလေဝသသတင်း (၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Sep 20, 2021
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းထိန်သည် စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် မန္တလေး တိုင်းဒေသကြီး၌ အဆောက်အဦဦးစီးဌာနမှ တည်ဆောက်လျက်ရှိသည့် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်ရုံး တည်ဆောက်ရေးလုပ်ငန်းခွင် သို့ ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
Sep 20, 2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ လမ်းညွှန်ချက် အရ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်သည် တာဝန်ရှိသူများလိုက်ပါလျက် လယ်ဝေးမြို့နယ် ချောင်းမငယ်ရေလှောင်တမံသို့ ယနေ့နံနက် ၈ နာရီတွင် ရောက်ရှိပြီး ရေပေါ် ငါးမွေးလှောင်အိမ်ဖြင့် တစ်ပိုင်တစ်နိုင်ငါးမွေးမြူခြင်းကို သရုပ်ပြမွေးမြူခြင်း ဆောင်ရွက် နိုင်ရန်အတွက် သဘာဝနှင့် ကိုက်ညီသည့် ငါးသားပေါက်များအား ရေပေါ်လှောင်အိမ်အတွင်းသို့ မျိုးစိုက်ထည့်ပေး ခဲ့သည်။
Sep 20, 2021
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ အား လေကြောင်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ် လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေး လျက်ရှိသည်။
Sep 20, 2021
ကမ္ဘာပေါ်တွင် မိကျောင်းမျိုးစိတ်၂၄ မျိုးရှိပြီး ရန်ကုန်မြို့ သာကေတမြို့နယ် စက်မှုလက်မှု ရပ်ကွက် မြခွာညို လမ်းတွင်ရှိသော မိကျောင်းထိန်းသိမ်းရေးနှင့် အပန်းဖြေစခန်းတွင်ရှိသည့် ရေငန်မိကျောင်း (ငမိုးရိပ်မိကျောင်း) လည်း အပါအဝင်ဖြစ်ရာ ထိုစခန်း၌ မျိုးသုဉ်းလုနီးပါး ရှိနေသော ရေငန်မိကျောင်းများကို မွေးမြူထိန်းသိမ်းထားကြောင်း သိရသည်။
Sep 20, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီ စီစဉ် ဆောင်ရွက်ပေးလျက်ရှိသည်။
Sep 20, 2021
တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
Sep 20, 2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ မြို့တော် ခန်းမ၌ပြုလုပ်ရာ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Sep 20, 2021
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။
Sep 20, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်း သည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်း တစ်ရပ်ဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့၌ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေး လျက်ရှိသည်။
Sep 20, 2021
ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန် ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။
Sep 20, 2021
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရ မည့်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများ၌ တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ အင်တိုက် အားတိုက်ဆောင်ရွက်ပေးလျက် ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ တိုးချဲ့ကာကွယ်ဆေး သိုလှောင်ခန်းတွင် ထားရှိသည့် ကိုဗစ်ရောဂါ ကာကွယ်ဆေးများကို စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။
Sep 20, 2021
သမားရိုးကျစိုက်ပျိုး ထုတ်လုပ်မှုမှ ဈေးကွက်ကို မျှော်မှန်းပြီး ခေတ်မီနည်းပညာများ အသုံးပြု ထုတ်လုပ်သည့် အရည်အသွေး ကောင်း သီးနှံများ ထုတ်လုပ်နိုင်ကြမှသာ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအတွက် အကျိုးအမြတ် သေချာစေမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများဘက်မှ ကူညီအားပေး လျက်ရှိနေမှုအပေါ် တောင်သူလယ်သမားများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် စိုက်ပျိုး ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက်တွင် ပါဝင်ပတ်သက်သူ အားလုံးတို့ကလည်း မိမိတို့ကျရာအခန်းကဏ္ဍများက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး အတွင်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကွင်းဆင်းဆောင်ရွက်ရာ၌ ဒေသနေတောင်သူများဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။
Sep 20, 2021
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယမန်နေ့က ကချင်ပြည်နယ် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်၊ ခရိုင်၊ မြို့နယ် သမဝါယမဦးစီးဌာန ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန တာဝန်ရှိသူများနှင့် ကချင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ လည်းကောင်း၊ ယနေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံး၌ လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
Sep 20, 2021
တပ်မတော်သည် ခေတ်အဆက်ဆက် ကတည်းကပင် နိုင်ငံတော်ကာကွယ်ရေးနှင့် ပြည်သူတို့၏ အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်လျက်ရှိသည်မှာ ယနေ့ထက်တိုင်ပင်ဖြစ်ပြီး နောင်တွင်လည်း ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသသည် တိုင်းရင်းသားလူမျိုးစုများ အဓိကနေထိုင်သည်ဖြစ်သဖြင့် အရာရှိ၊ စစ်သည်၊ မိသားစုများ အနေဖြင့် ဒေသတွင်းဖြစ်ပေါ်သည့် အခက်အခဲများကို တိုင်းရင်းသားများနှင့်အတူ အေးအတူ ပူအမျှလုပ်ဆောင်၍ လက်တွဲဖြေရှင်းကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် လားရှိုးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ်ဌာန ချုပ်ခန်းမ၌ တွေ့ဆုံ အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။
Sep 20, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့မိမြို့ဖ များအား လားရှိုးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။