နေပြည်တော် မတ် ၁၇
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိရာ မတ် ၁၃ ရက်တွင် မွန်ပြည်နယ် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်းရှိ တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ သတင်းအရ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မိုင်တိုင် အမှတ် ၉၆ မိုင် ၅ ဖာလုံ ရှောင် ကွင်းလမ်းအတွင်းမှ ထွက်ခွာလာ သည့် Toyota Wish အမျိုး အစား လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး ခန့်မှန်း တန်ဖိုးငွေကျပ် ၅၀၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ယနေ့တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီးသစ်တော ဦးစီးဌာန ဦးဆောင်သော ပူးပေါင်း စစ်ဆေးရေးအဖွဲ့က သတင်းအရ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင် သစ်တောကြိုးဝိုင်းအတွင်း တရားမဝင်ကျွန်းသစ် ၆ဒသမ ၀၄၁၄တန် ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၈၁၂၄၂၀ ကို ဖမ်းဆီးရမိ ခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ မတ် ၁၃ ရက်နှင့် ၁၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ နှစ်မှု ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၁၂၄၂၀ ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။ ။
သတင်းစဉ်