Sep 16, 2021
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသော ၅,၀၀၀ ကျပ်တန်နှင့် ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူနှစ်မျိုးစလုံးကို ရုပ်သိမ်းခြင်း၊ ဖျက်သိမ်းခြင်း မရှိပါ။
Sep 16, 2021
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် ယနေ့နံနက် ပိုင်းတွင်(၃၉)ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာဝန်ကြီးများ အစည်းအဝေး၏ ဆက်စပ် အစည်းအဝေးများဖြစ်သည့် (၁၅)ကြိမ်မြောက် အရှေ့အာရှ စွမ်းအင်ဆိုင်ရာဝန်ကြီးများ အစည်း အဝေးနှင့်
Sep 16, 2021
ကျောင်းပြင်ပတစ်သက်တာပညာရေး မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု မူဘောင်နှင့် အရည် အသွေး စံအကဲဖြတ်အညွှန်းဘောင် မိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် Video Conferencing စနစ်ဖြင့်ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာဇော်မြင့်နှင့်ဦးဇော်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်း
Sep 16, 2021
အကောက်အခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးပစ္စည်းများအား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ် လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကုမ္ပဏီ ၁၁ ခုမှ Cefoperazone ၁၇၀၀၀၊ Enoxa ၈၀၀၀၊ Dexamethasone Acetate ၈၇၊ Meropenem Trihydrate Powder For Injection ၅၀၀၀၊ Cefixime Dispersible Tablets ၄၉၉၀၊ Virus Shutout Lanyard ၄၀၀၀၊ Oxygen Filling Compressor နှစ်ခု၊ Test Kit ၄၇၇ ခု၊
Sep 16, 2021
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၀ ရက် နံနက် ၁၁ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရန်ကုန်-မော်လမြိုင် သွားကားလမ်းပေါ်ရှိ မရမ်းချောင်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် စစ်တောင်းတံတားဘက်မှ ကျိုက်ထိုဘက်သို့ မြင့်ကို(၅၄)နှစ် မောင်းနှင်၍ ဒေါ်မီမီအေး(ခ)မီမီအေးကျော်(၆၂)နှစ် လိုက်ပါလာသည့် Alphard မော်တော်ယာဉ်က ဦးဆောင်ပြီး စိုးသူရ(၃၆)နှစ်မောင်းနှင်၍ မင်းထင်(၅၂)နှစ်နှင့် စောမြင့် (၅၉)နှစ် တို့လိုက်ပါလာသည့်
Sep 16, 2021
စက်တင်ဘာ ၁၁ ရက် ည ၁၀ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကျောက်ပြုတ် ကျေးရွာသို့ အကြမ်းဖက်သူအင်အား ၅၀ ဦးခန့်က တူမီးသေနတ်နှင့် လက်လုပ်သေနတ်များဖြင့် ဝင် ရောက်၍ ကျေးရွာရှိ ရတနာရောင်ခြည် ဘုန်းတော်ကြီးကျောင်းအား သေနတ်များဖြင့် ပစ်ခတ်ခဲ့ပြီး ကျေးရွာအတွင်းရှိ လူနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၂၅ လုံးခန့် မီးလောင် ကျွမ်းခဲ့ကြောင်းနှင့် ကျေးရွာနေ ဖိုးလွင် ၂၆ နှစ်(ဘ)ဦးကျော်လွင်၊ မောင်မိုး ၃၀ နှစ်(ဘ)ဦးမောင်အေး တို့အား ဖမ်းဆီးခေါ်ဆောင်၍ ကျောက်စီကျေးရွာအနီး၌ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။
Sep 16, 2021
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင် အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို လှူဒါန်းပေးလျက်ရှိသည်။
Sep 16, 2021
အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ (ASEAN Senior Officials Meeting on the Environment- ASOEN and Related Meetings)ကို စက်တင်ဘာ ၁၅ ရက်မှ ၁၇ရက်အထိ အလှည့် ကျအိမ်ရှင်အဖြစ် ဘရူနိုင်းနိုင်ငံမှ တာဝန်ယူ၍ Video Conferencing စနစ်ဖြင့် ကျင်းပလျက်ရှိသည်။
Sep 16, 2021
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၆)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Sep 16, 2021
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရာသီဥတုပြောင်းလဲမှုဆိုင်ရာဌာနခွဲသို့ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့နှင့် ပတ်သက်၍ မေးမြန်း ထားသည်များကို တင်ပြလိုက်ပါသည် -
Sep 16, 2021
ပင်လယ်ပြင်ရေလုပ်ငန်းနှင့် ရေထွက်ကုန်မွေးမြူရေးလုပ်ငန်းတို့ဖြင့် ပြည်ပပို့ကုန်နှင့် ပြည်တွင်း စားသုံးမှုကို ဖူလုံစေလျက်ရှိရာ ပြည်ပဈေးကွက်ဝင်တန်ဖိုးမြင့် ရေထွက်ကုန်များ တင်ပို့မှု နည်းနေချိန်၌ ဈေးကွက်ဝင်တန်ဖိုးမြင့် ပုစွန်နှင့်ကဏန်း စားသောက်ကုန်များ ဈေးနှုန်း သက်သာစွာဖြင့် စားသုံးနိုင်လျက်ရှိကြောင်း သိရသည်။
Sep 16, 2021
ဘုရားကြီး-မော်လမြိုင်-ထားဝယ်-မြိတ်-ဘုတ်ပြင်း-ကော့သောင်း ကားလမ်းသည် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးကို ဆက်သွယ်ထားသော အဓိက လမ်းမကြီးဖြစ်သည်။ မြစ်ချောင်းများ ပေါများသည့် ဒေသဖြစ်သော်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လမ်းဦးစီးဌာနတို့၏ ခေတ်အဆက်ဆက် ကြိုးပမ်းမှုကြောင့် ထားဝယ်မှကော့သောင်းအထိ အပိုင်းအား ယခုအခါ ဆက်သွယ်ဖောက်လုပ် နိုင်ခဲ့သည်။
Sep 16, 2021
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာန ချုပ်နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူ ရေးနှင့် အခြားလူသုံးကုန် လုပ်ငန်းများ ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိသည်။
Sep 16, 2021
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၁၄ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသည့် အမျိုးသား ၉ ဦး၊ အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၂၂ ဦး၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသည့် အမျိုးသားခုနှစ်ဦး၊ အမျိုးသမီးနှစ်ဦး၊ စုစုပေါင်း ၉ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသမီးနှစ်ဦးတို့ကို အသီးသီး လက်ခံခဲ့ကြသည်။
Sep 16, 2021
ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ်တကျ လက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။
Sep 16, 2021
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော် လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
Sep 16, 2021
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံ များ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများ၌ တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေး လျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ တိုးချဲ့ကာကွယ်ဆေး သိုလှောင်ခန်းတွင်ထားရှိသည့် ကိုဗစ်ရောဂါ ကာကွယ်ဆေးများကို စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေး လျက်ရှိသည်။
Sep 16, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များချမှတ်၍ တိုင်းရင်းသား ပြည်သူများနှင့်အတူ လက်တွဲ ပူးပေါင်း ဆောင်ရွက်နေမှုအပေါ်တွင် မလိုလားသော အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH ၊ ယင်းက ဖွဲ့စည်းထားသော NUG၊ ယင်းကဖွဲ့စည်းသည့် PDF နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများက နိုင်ငံတစ်ဝှမ်းဖောက်ခွဲဖျက်ဆီးခြင်း၊ မီးရှို့သတ်ဖြတ်ခြင်း စသည့် အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာ ထိုသို့လုပ်ဆောင်ရာတွင် တိမ်းရှောင်၊ ပုန်းခို နေထိုင်ရန်အတွက် နေအိမ်၊ တိုက်ခန်းများကို ငှားရမ်းသုံးစွဲခဲ့ကြပြီး အကြမ်းဖက်လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း တွေ့ရှိရပါသည်။
Sep 16, 2021
e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ (၁/၂၀၂၁)လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ သတ်မှတ်ချက်များနှင့်အညီ Video Conferencing စနစ်ဖြင့် ကျင်းပရာ အစည်းအဝေးသို့ e- Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Sep 16, 2021
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့ နံနက် ၉ နာရီမှစတင်၍ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည့် (၂၆) ကြိမ်မြောက် အာဆီယံသြစတြေးလျ၊ နယူးဇီလန် စီးပွားရေးဝန်ကြီးများ ဆွေးနွေးပွဲ၊ (၂၇) ကြိမ်မြောက် အာဆီယံ-ဂျပန် စီးပွားရေးဝန်ကြီးများ ဆွေးနွေးပွဲ၊ ပထမအကြိမ် အာဆီယံ-ဗြိတိန် စီးပွားရေးဝန်ကြီးများ ဆွေးနွေးပွဲ နှင့် (၉) ကြိမ်မြောက် အရှေ့ အာရှစီးပွားရေးဝန်ကြီးများ အစည်းအဝေးတို့ကို နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန ဝန်ကြီးရုံးမှ ပါဝင်တက်ရောက်သည်။