Skip to main content
Mar 09, 2021
နိုင်ငံတစ်ဝန်း CDM လှုပ်ရှားမှုများ ဆက်တိုက် ဖြစ်ပေါ်လျက်ရှိပြီး အများပြည်သူများ ထင်ယောင်ထင်မှားဖြစ်စေရန် သွေးထိုးလှုံ့ဆော်မှုများ၊ ရန်ကုန်မြို့ရှိ လမ်းအသီးသီး၌ လမ်းပိတ်ဆို့မှုများဖြစ်ပေါ်လျက်ရှိသောကြောင့် နိုင်ငံ့ဝန်ထမ်းများ ရုံးတက်ရုံးဆင်း ပြုလုပ်ကြရာတွင် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
Mar 09, 2021
Diversity is beauty ဆိုတဲ့စကားစုကို ကျွန်တော် ရင်းနှီးလာခဲ့တာ မှတ်မှတ်ရရဆိုရရင် ၂၀၁၁ ခုနှစ်လောက်က ဖြစ်မယ်ထင်ပါတယ်။ ကျွန်တော့် အနေနဲ့ လွယ်လွယ်ကူကူ မှတ်သား လိုက်တာကတော့ မတူကွဲပြားမှုတွေဟာ အလှတရားပဲ ဖြစ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ဖြတ်သန်းလာတဲ့အတွေ့အကြုံ၊ ဘဝပေးအခြေ အနေတွေအပေါ် မူတည်ပြီး အသိအမြင်တွေ၊ ခံယူချက်တွေက မတူညီနိုင်ပါဘူး။
Mar 08, 2021
အခုတစ်လော ကျွန်မတို့ပတ်ဝန်းကျင်မှာ နာမည်ကျော်ကြားလူသိ များသောကိစ္စမှာကား CDM ဆိုတဲ့ အခြင်းအရာပေတည်း။ မသိသူ ကျော်သွား သိသူဖော်စားလို့ဆိုရမှာကလည်း အခက်သား။ မသိသလို ကျော်သွား လို့မရသလို မသိဟန်ဆောင်လို့ကလည်း မရပါ။ မသိ သိအောင်၊ မကြား ကြားအောင်၊ မလုပ် လုပ်အောင် နည်းမျိုး စုံသုံးလို့ တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ တစ်နေ့တစ်မျိုး မရိုးနိုင်အောင် သုံးတဲ့နည်းတွေက အပေါသား။
Mar 08, 2021
မြတ်စွာဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစဉ် ကောသလမင်းကြီး၏ စစ်သူကြီး နှစ်ယောက်သည် မသင့်မြတ်ကြ။ တွေ့သည်နှင့် ရန်ဖြစ်ကြသည်ကို တစ်မြို့လုံးပင် သိကြ၏။ ကောသလ မင်းကြီးမှစ၍ မည်သူမျှ ထိုနှစ်ဦးကို သင့်မြတ်အောင် မလုပ်နိုင်ကြ။
Mar 07, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိန့်ခွန်း တစ်ရပ်မှာ တာဝန်ယူချိန်ကနေစတင်ပြီး ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းကို ပြောင်းလဲသွားဖို့မရှိကြောင်းနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ဆောင်ရွက်နေတယ်ဆိုတာကို ပြောကြားထားခဲ့ပြီးဖြစ်ပါတယ်။
Mar 05, 2021
ကျွန်တော်တို့ တစ်လမ်းလုံးနီးပါး လူထုဆန္ဒပြပွဲများကို အားပေးသည်။ အချို့လည်း လမ်းမပေါ်ထွက် ဆန္ဒပြသူများကို သွားရောက်အားပေးကြသည်။ အချို့လည်း ကိုယ်တိုင်ပါဝင် ဆန္ဒပြကြသည်။ ညစဉ်ညတိုင်း ည ၈ နာရီဝန်းကျင်ရောက်သည်နှင့် တစ်ရပ်ကွက်လုံး ဆူညံစွာထုရိုက်ကြတော့သည်။ ကျွန်တော်လည်း ပါဝင်ထုရိုက်ခဲ့ရပါသည်။
Mar 05, 2021
CDM ကို မည်သည့်အချိန်အထိလုပ်မည်။ မည်သည့်အချိန်တွင် ရပ်နားမည်ဆိုပြီး တိတိကျကျ မရှိဘဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ဆန့်ကျင်ရေးကိုသာ အဓိကရည်ရွယ်ကာ လုပ်ဆောင် နေသည့်ကြားမှ သာမန်ပြည်သူများကိုသာ အခက် အခဲကြုံတွေ့နေစေကြောင်း တွေ့ရသည့်အတွက် CDM ကြောင့် အခက်အခဲကြုံ တွေ့ခံစားနေရသည့် အလွှာအသီးသီးမှ ပြည်သူများအား တွေ့ဆုံမေးမြန်း ထားသည်များကို ဖော်ပြလိုက်ပါသည်။ “ကျွန်မက မြို့နယ်ဦးစီးမှူး တာဝန်ထမ်းဆောင် နေတာဆိုတော့ ရုံးမှာက တာဝန်အရှိဆုံးသူလို ဖြစ်နေတယ်။ CDM ကြောင့် အငယ်ပိုင်းဝန်ထမ်း တွေကို အများကြီး ထိန်းသိမ်းစည်းရုံးနေရတယ်။ အချို့ဝန်ထမ်းတွေ ရုံးမလာရဲတာက ရုံးတက်နေကြတဲ့ ဝန်ထမ်းတွေကို တချို့သူတွေကလှောင
Mar 05, 2021
မန္တလေးက ဆယ်ကျော်သက် အမျိုးသမီးလေးတစ်ဦး ဆန္ဒပြပွဲအတွင်း သေဆုံးသွားတဲ့သတင်း တစ်ပုဒ်ကို ဖတ်ရှုလိုက်ရပါတယ်။ ထို့အတူ အနယ်နယ်အရပ်ရပ်က လူငယ်မျိုးဆက်သစ်ကလေးတွေ သေဆုံးတဲ့သတင်းတွေကို မြင်တွေ့ရတဲ့အခါ ပြည်သူတစ်ဦးအနေနဲ့ ဝမ်းနည်းယူကျုံးမရဖြစ်မိပါ တယ်။ ကိုယ့်သားအရွယ်၊ သမီးအရွယ်၊ တူ၊ တူမလေးတွေအရွယ်တွေမို့ ကရုဏာလည်း သက်မိ ပါတယ်။
Mar 05, 2021
နိုင်ငံတော်မှာ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေအရ အမှန်နဲ့အမှား၊ တရားနဲ့ မတရား ရောထွေးပြီး ပြည်သူတွေအသိတရားအပေါ် ခြိမ်းခြောက်လာနေတဲ့ အန္တရာယ်တွေကို စိတ်မသက်သာဖွယ် မြင်တွေ့နေရပါတယ်။ လက်ရှိနိုင်ငံရေးအခြေအနေ၊ တိုင်းပြည်ရဲ့ အနာဂတ်ကို နားလည်လက်ခံပြီး အကောင်းဆုံး၊ ထိခိုက်မှုအနည်းဆုံး အနေအထားကို ရွေးချယ်ပုံဖော်ရမယ့်အစား နိုင်ငံတည်ငြိမ်အေးချမ်းမှုကို အမျိုးမျိုးအဖုံဖုံ ဖျက်လိုဖျက်ဆီး ပြုနေကြတာကို မြင်တွေ့နေရပါတယ်။
Mar 03, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း နိုင်ငံရပ်ခြားတွင် ကာလရှည် ကြာစွာ ပိတ်မိပြီး ဒုက္ခခံနေရသည့် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့ မြန်မာနိုင်ငံသို့ ပြန်လာ သင့်ကြောင်း၊ အဆိုပါ ပြည်ပရောက်မြန်မာနိုင်ငံသားများအား အမြန်ဆုံးပြန်လည်ခေါ် ဆောင်နိုင်ရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂ ရက် နေ့တွင် နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးတွင် လမ်းညွှန်မှာကြားခဲ့သည်။