သတင်းအချက်အလက်မှန်တွေနဲ့ ဖွဲ့စည်းထားတဲ့ အကျိုးအကြောင်း အဆိုးအကောင်း စာအုပ်အပေါ် လေ့လာခြင်း
သော်တာပပလင်း
ယနေ့အခြေအနေကို ကမ္ဘာမှာ သတင်းအချက်အလက်နည်းပညာခေတ်လို့ တင်စားကြပါတယ်။ မိမိတို့က နေ့စဉ်နဲ့အမျှသတင်းတွေကို မီဒီယာ ပလက်ဖောင်း မျိုးစုံကနေ လွယ်လွယ်ကူကူ ရရှိနိုင်ကြတယ်။
သတင်းတွေဟာ လူ့အဖွဲ့အစည်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်သလို သတင်းဟာ မိမိတို့နေ့စဉ် နေမှုထိုင်မှုအလုံးစုံကို ဆုံးဖြတ်ချက် ချဖို့ အကူညီပေးပါတယ်။ အဝေးဆုံးက အကြောင်းအရာတွေကို အမြန်ဆုံး သိရှိနိုင်သလို ကမ္ဘာကြီးရဲ့ အကြောင်းကိုလည်း ကမ္ဘာသားတွေ အားလုံးဆီ ပို့ပေးတယ်။ မိမိပြောလိုတဲ့အရာတွေ၊ မိမိသိလိုတဲ့အရာတွေ၊ မိမိဆင်ခြင်ဆုံးဖြတ်နိုင်မယ့် အထောက်အကူပြု အသိပညာတွေ အားလုံးကို ဆောင်းတွေ ကနေတစ်ဆင့်ရရှိကြရတာဖြစ်ပါတယ်။ ဒီလိုသတင်းတွေ သိသိလာတာနဲ့အမျှ မိမိတို့ နေထိုင်တဲ့ ကမ္ဘာကြီး ကဘယ်လိုလဲဆိုတာကို ပိုပိုပြီး ပုံဖော်လာနိုင်ပါတယ်။ ။
သတင်းတွေပေါများလာတာနဲ့အမျှ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ့ဖြစ်ဖို့ မိမိတို့ ကြိုး စား ကြရပါတယ်။ သတင်းအချက်အလက် မှန်ကန်မှသာ မိမိတို့ရဲ့ ဆုံးဖြတ်ချက်တွေ၊ အသိအမြင်တွေနဲ့ ဆင်ခြင်တုံတရားတွေက အကောင်းအဆိုး၊ အကြောင်းအကျိုးကိုဝေဖန်ဆန်းစစ်ပြီးဘဝအတွက် လိုအပ်တဲ့အရာတွေကိုလည်း အလွယ်တကူ ဖြည့်ဆည်းနိုင်မှာဖြစ်ပါတယ်။ ။ ဒီတစ်ပတ်မှာတော့ စာရေးသူက “ကျိုးကြောင်း၊ အဆိုးအကောင်း”ဆိုတဲ့ ခေါင်းစဉ်နဲ့ ထုတ်ဝေထားတဲ့ စာအုပ်တစ်အုပ်ကို စာချစ်သူတွေ အတွက် မိတ်ဆက်ပေးလိုပါတယ်။ ဒီစာအုပ်ကို ပြန်ကြားရေးဝန်ကြီးဌာနက ဧပြီလအတွင်းမှာ ထုတ်ဝေထားတာဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့ရဲ့ သတင်း စာရှင်းလင်းပွဲမှတ်တမ်းလေးခုကို ပေါင်းစည်း ထုတ်ဝေထားခြင်းပဲ ဖြစ်ပါ တယ်။
အစိုးရရဲ့ တရားဝင်သတင်းစာရှင်းလင်းပွဲတွေ ဖြစ်တဲ့အတွက် လက်ရှိ အချိန်ကာလအတွက် ဆောင်ရွက်ချက် တွေနဲ့ လိုအပ်ချက်တွေ၊ အစိုးရက ဘာကိုပြောချင်တာလဲ၊ လက်ရှိနိုင်ငံတော်ကို ဘယ်လိုအစီအမံတွေနဲ့ သွားနေသလဲ စတာတွေကို အစိုးရဘက်က တာဝန်ရှိသူတွေက ရှင်းလင်းတာ ဖြစ်ပြီး တစ်ဖက်မှာ ပြည်သူတွေ သိလိုတဲ့၊ သိဖို့သင့် တဲ့ အကြောင်းအရာတွေ၊ ပြည်သူတွေဘက်ကနေ အခက်အခဲနဲ့ အစိုးရအပေါ်ထားတဲ့ သဘော ထား အမြင်တွေကို သတင်းစာဆရာတွေ၊ မီဒီယသမ တွေက မေးမြန်းထောက်ပြကြပါတယ်။ ဒီအပေါ်မှာ အစိုးရက သတင်း ထုတ်ပြန်ဖို့ တာဝန်ရှိသူတွေကနေ ဦးဆောင်ပြီး ပြန်လည်ဖြေကြားတဲ့အစီအစဉ်တွေ ဖြစ်ပါတယ်။
ဘာ့ကြောင့်ဖတ်သင့်တာလဲ
အစိုးရသတင်းထုတ်ပြန်ရေး တာဝန်ရှိသူတွေ နဲ့ စာနယ်ဇင်းသမားတွေအကြား အကြိတ်အနယ် မေးမြန်း ဖြေကြား မှုတွေကနေ ပြည်သူတွေသိသင့် သိထိုက်တဲ့ သတင်းအချက်အလက် အကြောင်း အရာ များစွာကိုလည်း စာအုပ် အတွင်း မြင်တွေ့ရမှာဖြစ်ပါ တယ်။
မိမိတို့ပြည်သူတွေဟာ သတင်းအချက်အလက် တွေကို စားသုံး(ရယူရာမှာ အရာရာကို ဆန်းစစ် ဝေဖန်တဲ့ အမြင်နဲ့ ကြည့်ရှုရမှာဖြစ်ပြီး ဘက်ပေါင်းစုံ ကနေပြန်လည်စစ်ထုတ်ပြီး အမှားနဲ့အမှန်းအကျိုး အကြောင်း အဆိုး အကောင်း ကို ခွဲခြားပိုင်းဖြတ်ကြ ရမှာဖြစ်ပါတယ်။ လက်ရှိမှာ မိမိတို့နိုင်ငံဟာ အရေးပေါ်ကာလတစ်ရပ်ကို ဖြတ်သန်း နေတဲ့ အချိန်ဖြစ်သလို ပဋိပက္ခတွေ၊ အကြမ်းဖက်မှုဖြစ်စဉ်တွေ၊ ဆူပူသောင်းကျန်းမှုတွေကိုလည်း မလွှဲသာ မရှောင်သာ ကြုံနေ ရပါတယ်။ တစ်ဖက်မှာလည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုရှိအောင်၊ တိုင်းပြည်စီးပွားရေး မယိုင် လဲအောင်၊ တရားဥပဒေစိုးမိုးအောင် နဲ့ ပြည်သူတွေ အေးအေးချမ်းချမ်းရှိအောင်၊ အထူးအားဖြင့်တော့ မိမိတို့ အားလုံး မျှော်လင့်နေတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးကို အများဆန္ဒနဲ့အညီ ပွင့်လင်းမြင်သာစွာနဲ့ ဖော်ဆောင်ဖို့ အတွက် ဘယ်လိုဆောင်ရွက်နေတယ်ဆိုတဲ့ သမိုင်းမှတ်တမ်းတစ်ရပ် လည်းဖြစ်တာကြောင့် မိမိတို့ပြည်သူများ မဖြစ်မနေ ဖတ်ရှုသင့်တဲ့ စာအုပ်ဖြစ်တယ်လို့ ညွှန်းဆိုပါရစေ။ လူထုစိတ်ဝင်စားမှုအမြင့်ဆုံးဖြစ်ခဲ့သည့် နိုင်ငံတော် အစိုးရ၏ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲ ပရိသတ်စိတ်ဝင်စားမှုအများဆုံးရှိခဲ့တဲ့ သတင်း စာရှင်းလင်းပွဲ ဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတာဝန်ယူပြီး နှစ်ပတ်ကျော်အကြာ ၁၆၂၀၂၁ ရက်နေ့မှာ ကျင်းပခဲ့ တာပါ။ အဲဒီသတင်းစာ ရှင်းလင်းပွဲအတွင်းမှာ ပြည်သူများစိတ်ဝင်တစား သိလိုတဲ့ သတင်းအချက်အလက်တွေ အများ အပြား မြင်တွေ့ရပါတယ်။ တိုင်းဒေသကြီး/ ပြည်နယ် တစ်ခု
နဲ့တစ်ခုအတွင်း မဲမသမာမှုဖြစ်နိုင်တဲ့စာရင်းတွေ ကိုတပ်မတော်ကနေစစ်ဆေးတွေ့ရှိခဲ့တဲ့ ကိန်းဂဏန်း အချက် အလက်တွေနဲ့ ပွင့်လင်းမြင်သာစွာပြသခဲ့ တာကိုလည်း မြင်တွေ့နိုင်ပါတယ်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဦးဆောင်ရှင်းလင်းခဲ့တာဖြစ်ပြီး နှစ်ပတ် တာ အတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကို ခြုံငုံပြော ကြားခဲ့တာကိုလည်း မြင်တွေ့ရပါတယ်။
စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းတွေအနေ နဲ့ကတော့ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဟောင်း ဦးဝင်းမြင့် အပါအဝင်ခေါင်းဆောင်ဟောင်းတွေကို ဖမ်းဆီးထိန်းသိမ်းထားတာ၊ ဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုတာ၊ ဒါက ဥပဒေ ကို လက်လွတ်စပယ် ကျင့်သုံးတာလားဆိုတဲ့ စွပ်စွဲချက်တွေရှိတယ်ဆိုတဲ့ မေးခွန်းဖြစ်ပြီး ဆန္ဒပြသူတွေကို အင်အားအလွန် အကျွံသုံးတယ်ဆိုတဲ့မေးခွန်း၊ အနောက်နိုင်ငံများက တပ်မတော်အပေါ် ပိတ်ဆို့အရေးယူမှုအပေါ် မည်သို့ တုံ့ပြန်အရေးယူ ဆောင်ရွက်မလဲ ဆိုတဲ့မေးခွန်း၊ နိုင်ငံတော် သမ္မတဟောင်း ဦးဝင်းမြင့်နဲ့ ဒေါ်အောင် ဆန်းစုကြည် တို့၏ ကျန်းမာရေးအခြေအနေ၊ ၎င်းတို့အား ဖမ်းဆီးထားရသည့်အခြေအနေ စတာတွေကို | မေးမြန်း တဲ့အခါမှာလည်း သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်၏ဖြေကြားချက်များကို ဖတ်ရှုလေ့လာ ခွင့်ရရှိမှာ ဖြစ်ပါတယ်။
ထို့အတူ CDM ဝန်ထမ်းတွေအပေါ် အစိုးရရဲ့ သဘောထားနဲ့ ပြန်လည်စည်းရုံးခေါ်ယူနေတဲ့ အကြောင်းအရာတွေ၊ ကိုဗစ်ကာကွယ်ဆေးအတွက် ဆောင်ရွက်နေတဲ့ အကြောင်းအရာတွေနဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ ယခင် သဘောတူ ညီချက်တွေကို ဘယ်လိုပုံသဏ္ဌာန်နဲ့ ရှေ့ဆက်မလဲဆိုတာကိုလည်း အတိအလင်း ဖြေကြားခဲ့တာကို သိရှိရမှာပါ။ အထူး သဖြင့် ဘဏ်တွေနဲ့ပတ်သက်ပြီး ယခုစာအုပ်ထုတ် ဝေပြီးတဲ့ အချိန်အထိ ထွက်ပေါ်နေတဲ့ ကောလာဟလ တစ်ခုဖြစ်တဲ့ ငွေစက္ကူ အချို့ ကို သိမ်းမယ်ဆိုတဲ့ အကြောင်းအရာအပေါ်မှာလည်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက မည်သို့မည်ပုံအာမခံချက် ပေးထားတယ်ဆိုတဲ့ အကြောင်းအရာက မိမိတို့ ပြည်သူတိုင်း လေ့လာသင့်တယ်လို့ ထင်မြင်မိပါ တယ်။ ဒါ့အပြင် မြန်မာနိုင်ငံ၏ သံအမတ်ကြီးများ သည် နိုင်ငံတကာမှာ သံအမတ်ကြီးအဆင့်ဖြင့် အစုံအလင်ရှိနေသည်ကိုလည်း သတင်းစာ ရှင်းလင်း ပွဲမှတ်တမ်းအရ သိခွင့်ရခဲ့ပါတယ်။ ။ ဒုတိယအကြိမ်မြောက်သတင်းစာရှင်းလင်းပွဲနှင့်စိတ်ဝင်စားဖွယ်အကြောင်းအရာများ မတ်လ ၁၁ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ဒုတိယ အကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်းကို လေ့လာကြည့်တဲ့အခါ ပြည်သူစိတ်ဝင် စားမှု မြင့်တက်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဟောင်း ဦးဖြိုးမင်းသိန်းကိုယ်တိုင် ထွက်ဆိုခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာခြောက်သိန်းကျော် နဲ့ အကယ် ဒမီ ရွှေစင် ခုနှစ်ပိဿာပေးအပ်ခဲ့တဲ့ အကြောင်းအရာတွေ၊ ပဋိပက္ခအခြေအနေအတွင်း စိတ်ဝင်စားဖွယ် အကြောင်းအရာများ မတ်လ ၁၁ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ဒုတိယ အကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ မှတ်တမ်းကို လေ့လာကြည့်တဲ့အခါ ပြည်သူစိတ်ဝင်စားမှု မြင့်တက်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဟောင်း ဦးဖြိုးမင်းသိန်းကိုယ်တိုင် ထွက်ဆိုခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ခြောက်သိန်းကျော် နဲ့ အကယ်ဒမီ ရွှေစင် ခုနှစ်ပိဿာပေးအပ်ခဲ့တဲ့ အကြောင်းအရာတွေ၊ ပဋိပက္ခအခြေအနေအတွင်း မှာ သေဆုံးသွားတဲ့ သမီးငယ်လေးနှစ်ဦးဖြစ်တဲ့ မသဲသဲခိုင်နဲ့ မကြယ်စင်တို့ သေဆုံး မှုနဲ့ စပ်လျဉ်း တဲ့ရှင်းလင်းချက်တွေဒေသန္တရလက်လုပ်မိုင်းအပါ ဆင် ဆူပူအကြမ်းဖက်မှုဆိုင်ရာ လက်နက်ပစ္စည်း တွေအကြောင်းနဲ့ CDM လှုပ်ရှားမှုမှာဦးဆောင် ကြသူတွေ ဖော်ထုတ်ထားတဲ့အကြောင်း စတာတွေ ကိုရှုထောင့်ပေါင်းစုံက ဖတ်ရှုကြရမှာဖြစ်ပါတယ်။
နိုင်ငံတော်အဆင့် လာဘ်ပေးလာဘ်ယူမှု ဖြစ်စဉ်တွေကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့က ရှင်းလင်း ဖော်ထုတ်ခဲ့တာကို မြင်တွေ့ရပြီး မဲမသမာမှုတွေကို သံသယဖြစ်နေတဲ့ ပြည်သူ တွေရှိတာကို သတင်း မီဒီယာက မေးမြန်းတဲ့အခါမှာလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စိစစ် တွေ့ရှိချက်တွေကို သက်သေအနေနဲ့ တင်ပြနိုင်ကြောင်း၊ မဲစာရင်းများ နှင့် မဲလက်မှတ်များသည် အမှန်တကယ် တွေ့ရှိရ သည့်ဖြစ်စဉ်အမှန်များဖြစ်ကြောင်းနှင့် လာရောက် ၍လေ့လာနိုင်ပါကြောင်း ဖြေကြားခဲ့တာကိုလည်း မြင်တွေ့ ရမှာဖြစ်ပါတယ်။ နိုင်ငံတကာနဲ့ ပတ်သက် ရှေ့ဆက်သွားမယ့် မူဝါဒဘဏ်တွေနဲ့ ပတ်သက် ပြီး စိတ်ပူ စရာမ လိုကြောင်း ထပ်လောင်းပြောကြား သွားတာတွေကိုလည်း လေ့လာဖတ်ရှုနိုင်ပါလိမ့်မယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူထားတဲ့ တစ်လကျော်ကာလအတွင်း ပြောင်းလဲ တိုးတက်မှု ဖြစ်စဉ်တွေ R2Pကို စိုးရိမ်ပူပန်နေကြတဲ့ ပြည်သူတွေအတွက် အစိုးရရဲ့ တိကျတဲ့အဖြေ၊ CRPH နဲ့ ပတ်သက် သူများ အရေးယူဆောင်ရွက် တော့မယ်ဆိုတဲ့ သတိပေးချက်တို့အပြင် အဆိုပါ ကာလများအတွင်း ပြည်သူများ စိတ်ဝင်စားမှု မြင့်တက်လျက်ရှိတဲ့တရားဝင်အစိုးရဆိုတဲ့အဓိပ္ပာယ် ဆန္ဒပြရုံနဲ့ မထိန်းသိမ်းဘဲ ဆူပူအကြမ်းဖက် မှုဖြစ် အောင် လှုံ့ဆော်တာ၊ အန္တရာယ်ဖြစ်စေနိုင်တဲ့ လက်နက်တွေ့ရှိတာ၊ စစ်ဆေးတဲ့အခါမှာ ဆူပူ အကြမ်းဖက် မှုကို ဆက်လက်ဦးဆောင်မယ့်သူ၊ လုပ်ဆောင်မယ့်သူဖြစ်တာကိုသာ ဆက်လက် ထိန်းသိမ်း ထားတဲ့ အခြေအနေ တွေကိုလည်း သိမြင် ခွင့်ရမှာဖြစ်ပါတယ်။ တတိယအကြိမ်မြောက်သတင်းစာရှင်းလင်းပွဲမှတ်တမ်းများ လေ့လာနိုင် တတိယအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ ကိုလည်း အပိုင်းနှစ်ပိုင်းခွဲပြီး မတ်လ ၂၃ ရက်မှာ ကျင်းပ ခဲ့ပါတယ်။ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်က မတ်လ ၁၁ ရက်နေ့ကနေ ၂၁ ရက် နေ့အထိ ဖြစ်ပေါ်ခဲ့တဲ့ ဆူပူဆန္ဒပြမှုတွေကနေ အကြမ်းဖက်မှုသွင်ပြောင်းလဲလာတဲ့ မင်းမဲ့စရိုက် လှုပ်ရှားမှုတွေ၊ နိုင်ငံတော်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ မီဒီယာတွေက သတင်းမှားတွေဖော်ပြတာ၊ သွေးထိုး လှုံ့ဆော်တာတွေ ပြုလုပ်နေတဲ့ အကြောင်းအရာတွေ၊ နိုင်ငံတော်အဆင့် လာဘ်ပေးလာဘ်ယူမှု စတာတွေကို ရှင်းလင်းပြောကြားခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး ကလည်း ရပ်/ကျေးအဆင့် အခြေခံ UEC တွေမှာ မဲမသမာမှုဖြစ်ပွားခဲ့ရတဲ့အနေအထားနဲ့ မြေပြင်မှာ မဲမသမာမှုလုပ်ခဲ့တဲ့ အခြေအနေ အသေး စိတ် ရှင်းလင်း ပြောကြားခဲ့ကြတာကို ဖတ်ရှုလေ့လာနိုင်သလို ကိန်းဂဏန်း အချက်အလက်တွေ၊ မှတ်တမ်းဗီဒီယို ဓာတ်ပုံ အချက် အလက်တွေကို လည်း လေ့လာကြည့်ရှုရမှာ ဖြစ်ပါတယ်။
တတိယအကြိမ်မြောက် သတင်းစာရှင်းလင်း ပွဲကနေ အကြမ်းဖက်ဖျက်ဆီးမှုတွေ၊ ပြည်သူထိခိုက် ခံစားရမှု အကြောင်း၊ အကြမ်းဖက်ပစ္စည်းတွေ ရှာဖွေ တွေ့ရှိမှု စတဲ့လက်ရှိဖြစ်စဉ်မှန်တွေကို ပကတိ အတိုင်း သတင်း မီဒီယာတွေ မြင်သာအောင် ပြသ နိုင်ခဲ့တာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ထူးခြား ချက်က ဒေါ်အောင်ဆန်း စုကြည်ထံကိုရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက ဒေါ်လာနဲ့ရွှေ စတာတွေ ပေးခဲ့တဲ့ အကြောင်း ဦးဖြိုး မင်းသိန်းကိုယ်တိုင် ပြောဆိုထားတဲ့ ဗီဒီယိုဖိုင်ကို | လည်း ဒီစာအုပ်မှာစာသားအဖြစ် ပြန်လည် မြင် တွေ့ရမှာ ဖြစ်ပါတယ်။ ။
ပြည်သူတွေစိတ်ဝင်စားမှုမြင့်တက်တဲ့ နိုင်ငံရေး ပါတီတွေ အစိုးရတာဝန်ယူပြီး ပထမဆုံးအကြိမ် ရွေးကောက်ပွဲ ကော်မရှင်နဲ့ တွေ့ဆုံပွဲမှာ ဘာတွေ ဆုံးဖြတ်ခဲ့ကြတယ်။ ညှိနှိုင်းခဲ့ကြတယ်ဆိုတာကို သိရှိရမှာဖြစ်သလို လူဦးရေ ၁၅ သန်းကျော်ကို ကိုဗစ်-အ ရောဂါကာကွယ်ဆေးထိုးဖို့စီစဉ်ထားတဲ့ အခြေအနေ၊ သတင်းမီဒီယာများနှင့် ပတ်သက်၍ သဘောထားများကိုလည်း သတင်းမီဒီယာများ မေးမြန်းချက်များ အပေါ် တာဝန်ရှိသူတွေက ပြန်လည် ဖြေကြားခဲ့တာဟာ ပြည်သူတိုင်းသိရှိသင့် တဲ့ သတင်းအချက်တွေပဲ ဖြစ်ပါတယ်။ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ် ရေးမှူးခန့်အပ်ထားတဲ့ အခြေ အနေ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် လုံခြုံ ရေးနှင့်ပတ်သက်၍ ဖုန်းနံပါတ်များကို အများပြည်သူ များသိရှိနိုင်ရန် ဖြန့်ဝေထားပြီး လုံခြုံရေးအကူအညီ တောင်းခံမည်ဆိုပါက အထူး အလေးထား ဆောင်ရွက်ပေးမယ်ဆိုတဲ့ အစီအစဉ်တွေကိုလည်း လေ့လာသိရှိနိုင်ပါတယ်။ စတုတ္ထ အကြိမ် မြောက်သတင်းစာရှင်းလင်းပွဲမှာဘာတွေရှင်းလင်းခဲ့သလဲ ၂၀၂၁ ခုနှစ် ဧပြီ ၉ ရက်မှာတော့ နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ရဲ့ စတုတ္ထအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့တာကို စာအုပ်မှာ ပြည့်ပြည့်စုံစုံ ဖတ်ရှုနိုင် ပါတယ်။ လက်ရှိနိုင်ငံတော်အစိုးရရဲ့ ဆောင်ရွက် ချက်တွေ၊ ရွေးကောက်ပွဲ ကော်မရှင်ကနေ မဲစာရင်း ပြန်လည် စိစစ်တဲ့အခြေအနေ၊ နိုင်ငံတကာဆက်ဆံ ရေးနဲ့ ဆော်လနဲ့ဧပြီလဆန်းတို့မှာ ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်တွေ၊ CDMပြုလုပ်နေတဲ့ဝန်ထမ်းအနေအထား နဲ့ကျောင်းဆရာတွေ ၅ဝ ရာခိုင်နှုန်းခန့် လုပ်ငန်းခွင် အတွင်းရှိနေတဲ့အခြေအနေ၊ နိုင်ငံတော်အဆင့် လာဘ်ပေးလာဘ်ယူမှုတွေ၊ မသမာမှုတွေ ထပ်မံ ဖော်ထုတ် နိုင်ခဲ့တဲ့ အခြေအနေ၊ တာဝန်သိနိုင်ငံ့ ဝန်ထမ်းများအတွက် အစီအမံများအကြောင်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲများလုပ်ဆောင်နိုင်မှု KNU ဗဟိုရဲ့ သဘောထားမပါဝင်တဲ့ တပ်မဟာ(၅)ကို မည်သည့် အတွက်လေကြောင်းမှ တိုက်ခိုက်ခဲ့သည့် အခြေအနေ အကြောင်းရင်းမှန်စတဲ့ ပြည်တွင်းနိုင်ငံ ရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ အမျိုးသားရေး ဆောင်ရွက်မှုများ၊ သတင်းမီဒီယာများရဲ့ မေးမြန်း ချက်တွေကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းခဲ့ တာတွေကိုလည်း သိရှိရမှာဖြစ်ပါတယ်။ ။
ထူးခြားချက်ကတော့ မတ်လ ၂၉ ရက်နေ့တုန်း က မီးရှို့ သတ်ဖြတ်ခံလိုက်ရတဲ့ မန္တလေးက ရဲအရာရှိ တစ်ဦးကို သတ်ဖြတ်ခဲ့တဲ့အထဲက ဖမ်းဆီးရမိတဲ့ လူငယ် Generation-Z နှစ်ဦးရဲ့ ဝန်ခံချက်ဗီဒီယိုဖိုင် တွေပဲဖြစ်ပါတယ်။ ၁၄ လမ်း အောက်ကနေပြီး တာပေါင်ပေါ်ကို ပွကြီးရယ် အမည်မသိနှစ်ယောက် က လူတစ်ယောက်ကို ဆွဲခေါ် လာတယ်။ လက်ပြန် ကြိုး တုပ်ထားတယ်။ ပေါင်နှစ်ဖက်မှာတော့ သွေး တွေစီးကျနေတယ်၊ ပွကြီးကရှေ့ ကနေ ဦးဆောင် ပြီးတာပေါင်ပေါ်ကိုခေါ်လာတဲ့အခါလူတွေကလည်း ဓားတွေနဲ့ ဝိုင်းဆော်ကြတာ ခုနစ်ယောက်၊ ရှစ်ယောက်လောက်ရှိတယ်။ ခုတ်လည်းပြီးရော ဒီဘက်ရောက် တော့ မီးပုံထဲကိုဆွဲထည့်တယ်။ မီးပုံထဲက ပြန်ထွက် လာတော့ အာကြီးကလည်း ဓားနဲ့ခုတ်တယ်။ ပြီးတော့ ဓားနဲ့ဆက်ခုတ်ကြတာ နှင်းဆီတိုက်ခန်း က အဖွဲ့တွေကလည်း မီးပုလင်း တွေနဲ့ ဝိုင်းရိုက် တယ်။ ရိုက်လည်းပြီးရော ကြက်သွန်ဖိုဘက်က အမည်မသိသူတွေ ငါးယောက်လောက် ရှိတယ်။ ခဲတွေနဲ့ ဝိုင်းပြီးရိုက်ခဲ့တယ်။ ပြီးတော့ လူကြီးကို မီးပုံထဲဆွဲထည့်လိုက် ဓားတွေနဲ့ မသေ မချင်းခုတ်ကြ မီးပုလင်းတွေနဲ့ ပစ်ကြ မီးတွေကတောက်လို့။ ပြီးတော့ အကြီးရယ်၊ ပွကြီးရယ်က ခုံတွေနဲ့ ကလေး တစ်ယောက်နဲ့ ဖိလည်းဖိရော ကျွန်တော်က မီးပုံထဲ ရောက်နေတဲ့သူ့ကို ခွနဲ့နှစ်ချက်ပစ်ခဲ့တယ်။အကြီး ရယ်၊ ပွကြီးရယ်က ခုံတွေရှေ့ကဟာတွေ အကုန်မပြီးတော့ ကိုယ်ပေါ်ကိုဖိတယ်။ ဖိပြီး ခဏနေတော့ ရဲကားတွေ စစ်ကားတွေလာပြီလာပြီးနဲ့ ကျွန်တော် တို့ရွာဘက်ကိုပြေးခဲ့ကြတယ်”ဆိုတဲ့ ဗီဒီယိုဖိုင်ထဲက စကားသံတွေကို အတိအကျပြန်လည် ရေးသား ဖော်ပြထားတာကိုလည်း မြင်တွေ့ရပါတယ်။ စာအုပ်ကနေ ပြည်သူတွေ ဘာတွေ ရနိုင်မလဲ မိမိတို့နိုင်ငံကို လက်ရှိတာဝန်ယူထားရသည့် အစိုးရ၏ တရားဝင် သတင်းစာရှင်းလင်းပွဲတွေကို အဓိက ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်က အစိုးရနဲ့ ပြည်သူအကြား သတင်းအချက်အလက်မှန်တွေ အမြဲမပြတ်စီးဆင်း သွားစေ ဖို့ပဲ ဖြစ်ပါတယ်။ ။
သတင်းစာရှင်းလင်းပွဲ မှတ်တမ်းစာအုပ်ကို ဌာနဆိုင်ရာများနဲ့ သတင်းမီဒီယာအဖွဲ့အစည်းများတွက်ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ဝေဖြန့်ချိ လိုက်တာဖြစ်ပြီး အမြို့မြို့အနယ်နယ်ရှိ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့ စာကြည့်တိုက်များနဲ့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဝက်ပေါ်တယ်ဖြစ်တဲ့ www.moi.gov.mm တို့မှာ လေ့လာဖတ်ရှုနိုင်ပါတယ်။
ဒီလိုသတင်းစာရှင်းလင်းပွဲ အချက်အလက် တွေကို စာအုပ်အဖြစ် ဖတ်ရှုလေ့လာကြည့်မယ် ဆိုရင် လက်ရှိ လေးလတာသက်တမ်းအတွင်း မြန်မာ့နိုင်ငံရေးကို ခြုံငုံစေ့ငုနိုင်မှာဖြစ်ပြီး မိမိတို့ ပြည်သူတွေအတွက် ကိုယ့်နိုင်ငံရဲ့ ပကတိ အခြေအနေမှန်ကို သိရှိသွားမှာ ဖြစ်ပါတယ်။
ထို့အတူ မှတ်တမ်းတွေဟာ အချိန်ကာလတစ်ခုကို လွန်မြောက်တဲ့အခါ ဖျောက်ဖျက်မရတဲ့ သမိုင်းတွေ ဖြစ်လာ မှာမို့ ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် အဖြစ် ပြည်သူများအားလုံး ဖတ်ရှုလေ့လာကြဖို့ လည်း တိုက်တွန်း လိုက်ပါရစေ။ ။