ပြည်သူလူထု၏ တစ်ခဲနက် ထောက်ခံအားပေးကူညီမှု
ဒေါက်တာ သီတာတင်
(ယမန်နေ့မှ အဆက်)
နိုင်ငံရေးစရိုက် နိုင်ငံရေး စရိုက် ဆိုသည်မှာ ပြည်သူတို့၏ နိုင်ငံရေးအပြုအမူကို ဖြစ်စေသည့် ပြည်သူများ၏ သဘောထားနှင့် အလေ့အထများပေါင်းစုထားသည့် အရာပင်ဖြစ်ပါသည်။ နိုင်ငံရေးစရိုက်တွင် ကောင်းမွန်သည့် လူမှုအသိုက်အဝန်းတစ်ခုကို ဖြစ်စေသည့် ကိုယ်ကျင့်တရားမျှတမှု၊ နိုင်ငံရေး ယုံတမ်းစကားများ ယုံကြည်မှု၊ တွေးခေါ်များ ပါဝင်ပါသည်။ နိုင်ငံရေးစရိုက်သည် အစိုးရတစ်ရပ် ၏ ပုံရိပ်ဖြစ်သလို ယင်းအစိုးရမတိုင်မီက ဖြစ်ပေါ် ခဲ့သည့် သမိုင်းကြောင်းနှင့် ရိုးရအစဉ်အလာတို့ ၏ အစိတ်အပိုင်းများလည်း ပေါင်စပ်ပါဝင်ပါသည်။
နိုင်ငံရေးသိပ္ပံပညာရှင် Gabriel Almond နှင့် JamesColemanတို့၏ လေ့လာတွေ့ရှိချက်မှာ ကျွန်ုပ်တို့၏ နိုင်ငံရေးအပြုအမူ၊ သဘောထား၊ စံတန်ဖိုးထားမှုများနှင့် ဗဟုသုတများသည် ကျွန်ုပ် တို့၏ မွေးရာပါဗီဇမှ ဆင်းသက် လာခြင်းမဟုတ်ဘဲ နိုင်ငံရေးလေ့လာမှုဖြစ်စဉ်မှတစ်ဆင့် ကျွန်ုပ်တို့၏ အခန်းကဏ္ဍပါဝင်မှုကို နားလည် သဘောပေါက် ကာ ကျွန်ုပ်တို့၏ နိုင်ငံရေးစရိုက်နှင့် အံဝင်ခွင်ကျ ဖြစ်လာခဲ့သည်ဆိုသည့်အချက် ဖြစ်ပါသည်။
နိုင်ငံရေးစရိုက်များသည် နိုင်ငံရှိလူများ၏ နိုင်ငံ ရေး သိမြင်ခံစားမှုများနှင့် လုပ်ဆောင်မှုကို ပုံဖော် သည့်အတွက် အရေးကြီးသော အခြေအနေတစ်ရပ် ဖြစ်ပါသည်။ နိုင်ငံရေးစရိုက်များကို ပြည်သူများက မည်ကဲ့သို့ ရရှိကြ သနည်းဆိုပါက နိုင်ငံရေးအမြင်ကို ထင်ဟပ်စေသည့် လူမှုပေါင်းသင်းဆက်ဆံရေး ဖြစ်စဉ်မှတစ်ဆင့် ရရှိသည်ကို တွေ့ရှိရပါသည်။ နိုင်ငံရေးအမြင်ကို ထင်ဟပ်စေသည့် လူမှုပေါင်းသင်းဆက်ဆံရေး ဖြစ်စဉ်ဆိုသည်မှာ လူတစ် ဦးချင်ဆီက သူတို့၏ ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေမှုနှင့် ဩဇာအာဏာကို ဘယ်လို စီစဉ်လုပ်ဆောင်နေမှု၊ အာဏာ ရှိသူနှင့် အာဏာ မရှိသူတို့အကြား ပတ်သက်ဆက်နွယ်မှုတို့ကို လေ့လာရှုမြင်ပြီးနောက် စိတ်အစဉ်တွင် အဆိုပါ အကြောင်းအရာများ သူ့အလိုလို စုပေါင်ကာ ဖြစ်ပေါ်လာသည့် သဘောထားအမြင်/ အပြုအမူ များ ဖြစ်ပါသည်။ အဆိုပါ နိုင်ငံရေးအမြင်ကို ထင်ဟပ်စေသည့် လူမှုပေါင်းသင်းဆက်ဆံရေး ဖြစ်စဉ်သည် ငယ်စဉ် ကလေးဘ၀မှစပြီး အရွယ် ရောက်သည်အထိ ဆက်လက်ဖြစ်နေသည့်ဖြစ်စဉ် ဖြစ်ပါသည်။ ယင်းဖြစ်စဉ်ကို ထင်ဟပ် စေသည့် အကြောင်းအရာများမှာ -
(၁) မိသားစု၊
(၂) စာသင်ကျောင်း ၊
(၃) သူငယ်ချင်းနှင့် မိတ်ဆွေများ၊
(၄) လုပ်ငန်းခွင်
(၅) ကိုကွယ်သည့်ဘာသာ၊
(၆) မိမိဆင်းသက်လာသည့် လူနေမှုနှင့်စီးပွားရေး အဆင့်အတန်း၊
(၇) လူနည်းစုအုပ်စုဝင်ဖြစ်မှု၊
(၈) မီဒီယာ
(၉) နိုင်ငံတွင် ဖြစ်ပေါ်သည့် အရေးပါသောအဖြစ်အပျက်များ၊
(၁၀)အစိုးရ၏အခန်းကဏ္ဍတို့ ဖြစ်ကြပါသည်။
မိသားစု
ငယ်ရွယ်စဉ်ကလေးဘဝတွင်လူကြီးမိဘများ၏ စောင့်ရှောက်မှုအောက်တွင်သာ နေထိုင်ကြရသည့် အချိန်က များသည့် အတွက် ထိုလူကြီးများ၏ အလေ့အထများ ယုံကြည်မှုများ အပြုအမူများနှင့် သဘောထားများကို ကလေး များက လိုက်ပါ အတုခိုးနိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။ ထို့ကြောင့် မိမိ၏မိသားစုသည် နိုင်ငံရေး အမြင်ကို ထင်ဟပ်သည့် လူမှုပေါင်းသင်းဆက်ဆံရေး ဖြစ်စဉ်တွင် အရေးကြီးဆုံးသော အကြောင်းရင်းခံ တစ်ခုဟု မှတ်ယူနိုင်ပါသည်။
စာသင်ကျောင်း ကလေးသူငယ်အများစုနှင့် လူငယ်များသည်
သူတို့၏ နိုင်ငံအကြောင်း၊ ယဉ်ကျေးမှုဆိုင်ရာ | စံနှုန်းများ၊ ဓလေ့ထုံးတမ်းအစဉ်အလာများ၊ သမိုင်း
ကြောင်းများ၊ ရိုးရာအမွေအနှစ်များ၊ နိုင်ငံသား ကောင်း ဖြစ်တည်မှု၊ လူ့အဖွဲ့အစည်း၏ အရေးပါ သည့် အတွေးအခေါ်များနှင့် စံတန်ဖိုးထားမှုများကို စာသင်ကျောင်းများ၏ သင်ကြားမှုများမှတစ်ဆင့် သိရှိကြရပါသည်။ ယင်းသို့ သိရှိနားလည်ခြင်းဖြင့် မိမိနိုင်ငံသမိုင်းကို အကောင်းမြင်စိတ်ဖြင့် သိရှိ သဘောပေါက်စေပါသည်။ ထို့အပြင် ကျောင်း စည်းကမ်းများကို လိုက်နာတတ်ခြင်းဖြင့် ဆရာ၊ လူကြီးသူမများနှင့် ဆက်ဆံရေး၊ ဝင်းသား အချင်းချင်း ဆက်ဆံရေးများကို သိနားလည်စေပါ သည်။
သူငယ်ချင်းနှင့် မိတ်ဆွေများ
အသက်အရွယ်မရွေး လူတစ်ဦး၏ ယုံကြည်မှုများကို သူ၏ သူငယ်ချင်းနှင့် မိတ်ဆွေများက လွှမ်းမိုး သွားနိုင် ပါသည်။ ။
လုပ်ငန်းခွင်
ငယ်စဉ်အရွယ် စာသင်ကျောင်းများတွင် အချိန် များစွာ ကုန်ဆုံးရသလို၊ အရွယ်ရောက်လာသည့် အခါ၌လည်း အလုပ်လုပ်ကြရသည့်အတွက် လုပ်ငန်းခွင်တွင် အချိန်များစွာ ပေးကြရပြန်ပါ သည်။ ယနေ့ခေတ်အခါတွင် ရှေးက နှင့်မတူ အလုပ်တစ်ခုတွင် အငြိမ်းစားယူသည်အထိမလုပ် ကြဘဲ အလုပ်တစ်ခုမှတစ်ခုသို့ ပြောင်းရွှေ့ လုပ်ကိုင် လာသည့်အလျောက် လုပ်ဖော်ကိုင်ဖက် အသစ်သစ်များနှင့် လူမှုပေါင်းသင်းဆက်ဆံရေး ထူထောင်ခြင်းများကို လုပ်ဆောင်နေကြရသည့် အတွက် ထိုလုပ်ငန်းခွင်များအတွင်း ရှိသူများ၏ အတွေးအမြင်၊ ခံယူချက်၊ အကျင့် စရိုက်နှင့် လုပ်ဆောင်မှုများက မိမိအပေါ် သက်ရောက်မှုများ ရှိနိုင်ပါသည်။
ကိုးကွယ်သည့် ဘာသာ
ကိုးကွယ်သည့်ဘာသာဓလေ့များ မတူညီသည့် အလျောက် မတူကွဲပြားသည့် စံတန်ဖိုးထားရှိမှုများ ရှိကြပြီး လူတစ် ဦး၏ ကိုးကွယ်ယုံကြည်မှုသည် သူ၏နိုင်ငံရေးအမြင်များကို သိသာစွာ လွှမ်းမိုးနိုင် သည်ကို တွေ့ရှိရ ပါသည်။ မိမိ ဆင်းသက်လာသည့်လူနေမှုနှင့်စီးပွားရေးအဆင့်သိန်း မိမိ ဆင်းသက်လာသည့် လူနေမှုနှင့် စီးပွား ရေး အဆင့်သိန်းသည် ထိုသူ၏ အတွေးအမြင်များကို ပုံဖော်ပေးလေ့ရှိပါသည်။
လူနည်းစုအုပ်စုဝင်ဖြစ်မှု လူနည်းစုအုပ်စုဝင် ဖြစ်သည့်အတွက် အခြား သူများက မိမိကိုပြင်ပလူအဖြစ် ရှုမြင်နေသည်ဟု တစ်ခါတစ်ရံခံစားရခြင်း၊ အထီးကျန်သည်၊လူစိမ်း တစ်ယောက်ကဲ့သို့ ဆက်ဆံခံရသည်ဟူသော ခံစား နေရခြင်းသည်လူမှုအဖွဲ့အစည်းနှင့် အစိုးရအပေါ် ရှုမြင်သည့် သဘောထားအမြင်ကို သက်ရောက်စေ နိုင်သလို အခွင့်ထူးခံစားရသည့် လူနည်းစုဖြစ်ပါက လူမှုအဖွဲ့အစည်းနှင့် အစိုးရအပေါ် ရှုမြင်သည့် သဘောထား အမြင်သည်လည်း ပုံစံတစ်မျိုးဖြစ် နေနိုင်ပါသည်။
မီဒီယာ
လူထုဆက်သွယ်ရေးမီဒီယာတွင် ရုပ်မြင် သံကြား၊ ရေဒီယို၊ ရုပ်ရှင်၊ တေးဂီတ၊ စအုပ် စာစောင်၊ မဂ္ဂဇင်း၊ ဂျာနယ် အစရှိသည်တို့နှင့်အင်တာနက်တို့ ပါဝင်သည်။ အသက်အရွယ် နှစ်နှစ်ကျော် သုံးနှစ်မှစကာ ကလေးများသည် ရုပ်မြင် သံကြားကို ကြည့်ရှုခြင်းမှတစ်ဆင့် မီဒီယာနှင့် ပထမဆုံး ထိတွေ့လာပါသည်။ ကလေးအစီအစဉ် များ၊ ဇာတ်ကောင်များ၊ ရုပ်ပုံများ၊ စကားလုံးများ၊ ပုံပြင်ဇာတ်ကြောင်း နောက်ခံပြောစကားများ၊ ကာတွန်းများ အထူး သဖြင့် စီးပွားရေးကြော်ငြာ များ၏ ဖော်ပြမှုများမှတစ်ဆင့် လူမှုပေါင်းသင်း ဆက်ဆံရေးကို သိရှိလာကြသည်။
ယနေ့ ခေတ်ကာလတွင် မီဒီယာသည် မိသားစု ဝင် အချင်းချင်းဆက်ဆံရေးအပေါ် များစွာ သက်ရောက် လာခဲ့ သည်။ ကလေးများသည် သူတို့၏ မိဘများထက် ရုပ်မြင်သံကြားနှင့် ကွန်ပျူတာ ရှေ့ များတွင်သာ များစွာ အချိန် ပေးလာသည်ကို တွေ့မြင်နေရပါသည်။ ယင်းမီဒီယာများမှ သယ် ဆောင်လာသည့် သတင်းစကားများနှင့် စံတန်ဖိုး ထားသည့် အရာများမှာ အသိအရွယ် နုနယ်သည့် ကလေးများအပေါ် များစွာသက်ရောက်နိုင်ပါ သည်။ အဆိုပါ မီဒီယာများကတစ်ဆင့် သိရှိလာ သည့် သတင်းစကားများနှင့် စံတန်ဖိုးထားသည့် အရများမှာ ကလေးမိဘများ၏ သွန်သင်ဆုံးမမှု များနှင့် ဆန့်ကျင်သည့် သဘောထားများ သို့တည်းမဟုတ် စိန်ခေါ်ဘက်ပြိုင်သည့်သဘော ဖြစ်နေတတ်ပါသည်။
အရွယ်ရောက်လာသည့် အခါတွင်လည်း မီဒီယာ၏ သက်ရောက်မှုအစွမ်းမှာ ကြီးမားနေဆဲ ဖြစ်ပါသည်။ ယနေ့ အချိန်အခါတွင် သတင်းတု သတင်းမှားများ၊ ကောလဟလများ ရောနှောနေ သည့် လူမှုမီဒီယာများကို တွင်တွင် ကျယ်ကျယ် အသုံးပြုနေကြသော်လည်း မီဒီယာနှင့် သတင်းအချက်အလက် သိနးလည်မှု အားနည်းသည့် အတွက် မိမိတို့သိရှိရသည့် သတင်း အချက်အလက် များကို မှားသည် မှန်သည်ကို မခွဲခြားနိုင်ဘဲ မီဒီယာမှ ပုံဖော်သည့် အတိုင်း လိုက်ပါယုံကြည်ကာ သမားရိုးကျအမြင်ကို လူအများစုက လူထုသဘော ထားအမြင်ဟု ထင်မြင်ကာ တောင်းဆို မှုများပြုလုပ် လာကြပြီး ယင်းတောင်းဆိုမှုများ မရပါက ဆန္ဒပြ၊ ဆူပူမှုများ စသည့် မလိုလားအပ်သည့် ကိစ္စ များ ဖြစ်လာကြသည်ကို တွေ့ရှိနေရခြင်းဖြစ်ပါသည်။
သို့ပါ၍ မီဒီယာ စွမ်းပကားဖြစ်သည့် ၂၄ နာရီ ပတ်လုံး မီဒီယာ ပလက်ဖောင်းအမျိုးမျိုးမှတစ်ဆင့် သတင်း အချက် အလက်များ စီးဆင်းနေသည့် ခေတ်ကာလတွင် မီဒီယာကို လူငယ်များသာမက အရွယ်သုံးပါးစလုံး အသုံးပြု နေသည့် အနေအထား ဖြစ်သဖြင့် မှန်ကန်စွာသုံးစွဲနိုင်ခြင်းသည် နိုင်ငံရေး အမြင်ကို ထင်ဟပ်စေသည့် လူမှု ပေါင်းသင်း ဆက်ဆံရေးဖြစ်စဉ်အတွက် အရေးကြီးသောအခန်း ကဏ္ဍတွင် ပါဝင်ပါသည်။
နိုင်ငံတွင် ဖြစ်ပေါ်သည့် အရေးပါသောအဖြစ်အပျက်များ နိုင်ငံတွင် ဖြစ်ပေါ်သည့် အရေးပါသော အဖြစ် အပျက် များသည် နိုင်ငံနှင့် အစိုးရအပေါ်မျိုးဆက် တစ်ခုလုံးက ရှုမြင်သည့် သဘောထားအမြင်များကို ပုံဖော်နိုင်ပါသည်။
အစိုးရ၏အခန်းကဏ္ဍ
အစိုးရ၏အခန်းကဏ္ဍ နိုင်ငံရေးအမြင်ကို ထင်ဟပ်စေသည့် လူမှု ပေါင်းသင်းဆက်ဆံရေးဖြစ်စဉ်တွင် အစိုးရ၏ အခန်း ကဏ္ဍသည် နည်းလမ်းအမျိုးမျိုးဖြင့် အရေးကြီးသည်ကို တွေ့ရှိရပါသည်။ အစိုးရ အနေဖြင့် ကျောင်းသား များ ဖတ်ရှုလေ့လာသင့်သည့် သင်ခန်းစာများ ချမှတ်ပေးခြင်း၊ ပြည်သူများ မြင်၊ ကြားသော်၊ သိသင့်သည့် ဆောင်းများ အကြောင်းအရာများကို ထုတ်လွှင့်ဖြန့်ချိစေရန် လုပ်ဆောင်ခြင်း၊ မိမိနိုင်ငံသမိုင်းကြောင်းကို ထင်ဟပ် စေသည့် အရေးပါသည့် အဖြစ်အပျက်များ အတွက် အခမ်းအနားများကျင်းပကာ ပြည်သူများ အမှတ်ရစေခြင်း အစရှိသည်တို့ကို လုပ်ဆောင် ခြင်းဖြင့် နိုင်ငံရေးအမြင်ကို ထင်ဟပ်စေသည့် လူမှုပေါင်းသင်းဆက်ဆံရေးဖြစ်စဉ်ကို ကောင်းစွာ ပုံဖော်နိုင်မည်ဖြစ်သည်။ အသက်အရွယ်အလိုက် အရွယ်ရောက်မှု သတ်မှတ်ချက်များဖြစ်သည့် အသက် ၁၈ နှစ်သည် အရွယ်ရောက်သော လူတစ်ဦး အဖြစ် သတ်မှတ်ကာ တရားဥပဒေကြောင်းအရ မိမိကိုယ်မိမိ တာဝန် ယူတတ်စေမှုနှင့် အသက် ၆၀ အချို့နိုင်ငံများတွင် အသက် ၆၅ နှစ် အရွယ် ရှိသောသူများကို အသက် အရွယ် ကြီးသူအဖြစ် အသိအမှတ်ပြုကာ သက်ကြီးအကျိုးခံစားမှုများ ကို ရရှိနိုင်ကြခြင်းသည် အစိုးရမှ အစပြု သတ်မှတ် ခဲ့သော်လည်း၊ အဆိုပါ သတ်မှတ်မှုများကို လူအများကစဉ်းစား တွေးတောမှုများ မလုပ်ကြဘဲ ယနေ့ထက်တိုင် လိုက်ပါကျင့်သုံးနေသည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အရွယ်ရောက်သူ၊ အခွန်ပေးသူ၊ အသက် အရွယ်ကြီးသူ အစရှိသည့် အုပ်စုသစ် တစ်ခုခုတွင် ပါဝင်လာသည်နှင့်အမျှ ဆိုင်ရာသူများ နှင့် လူမှုပေါင်းသင်း ဆက်ဆံ ရေးကို လုပ်ဆောင်ရ မည်ဖြစ်ပါသည်။
ထို့ကြောင့် အစိုးရ၏ သတ်မှတ်ချက်များအရ အမျိုး အစား/အုပ်စုအသစ်များတွင် ပြည်သူများ လိုက်ပါ လုပ်ဆောင် ရင်း နိုင်ငံရေးအမြင်ကို ထင်ဟပ်စေသည့် လူမှုပေါင်းသင်းဆက်ဆံမှုများ ပြုလုပ်လာကြရပါသည်။ သို့ပါ၍ အစိုးရအနေဖြင့် ဥပဒေပြဋ္ဌာန်းရာတွင်လည်းကောင်း၊ သတ်မှတ် ချက်များ၊ စီမံချက်များ၊ ပေါ်လစီများ ချမှတ်ရာ တွင်လည်းကောင်း နိုင်ငံရေးစရိုက်ကောင်းများကို ထင်ဟပ်စေမည့် လုပ်ဆောင်မှုများကို အထူးဂရုပြု ချမှတ် လုပ်ဆောင်ရမည်ဖြစ်ပါသည်။
အစိုးရအနေဖြင့် ပြည်တွင်းပြည်ပရှိ အစိုးရ ဆန့်ကျင်ရေးအင်အားစုများ မည်ရှိနေသည်ကို သတိပြုကာ အဆိုပါ အင်အားစုများက မိမိပြည်သူ များ၏ အတွေးအမြင်လွဲမှားစေရန် လုပ်ကြံသတင်း များဖြန့်ချီပြီး အမှန်အမှားကို ပဓာနမထားဘဲ ယုံကြည်နေသည့် သမားရိုးကျအမြင် ဖြစ်ပေါ် လာအောင် လုပ်ဆောင်နေမှုများ၊ သူတို့ဖြစ်လိုသည့် အတွေးအမြင်များကိုရိုက်သွင်းခြင်းများ ရပ်တန့် နိုင်မည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်ခြင်းဖြင့် ကောင်းမွန်သည့် နိုင်ငံရေးအမြင်ကို ထင်ဟပ်စေ သည့် လူမှုပေါင်းသင်းဆက်ဆံရေးဖြစ်စဉ်ကို ပုံဖော် နိုင်မည် ဖြစ်သည်။
အချုပ်အားဖြင့် တင်ပြရလျှင် စီမံရေး၊ အုပ်ချုပ် ရေးဆိုင်ရာ တာဝန်ရှိသူပုဂ္ဂိုလ်တိုင်းသည် ပြည်သူ တို့၏ တစ်ခဲနက် အားပေးထောက်ခံမှုကို ရရှိရန် သိမ်းသွင်း စည်းရုံးရေး လုပ်ဆောင်ရမည်ဖြစ်သဖြင့် ကိုယ်တိုင်ထိတွေ့သော လူမှု ဆက်ဆံရေးကို စတင် ထူထောင်ရမည် ဖြစ်ပါသည်။ ယင်းသို့ ထူထောင် ရာတွင် ပြည်သူတို့၏ သဘောထား အမြင်များကို ကောင်းစွာ သိရှိရန် လိုအပ်သကဲ့သို့ တစ်ဖက်မှ လည်း မိမိနှင့် ဆန့်ကျင်အားပြိုင်နေသည့် ပြည်တွင်း၊ ပြည်ပအင်အစုများရှိနေပါက ၎င်းတို့ ၏ လုပ်ဆောင်နေမှုများ ထိုးဖောက်ဝင်ရောက်နိုင် ခြင်း မရှိစေရေးကိုလည်း လုပ်ဆောင်ရမည်ဖြစ် သည်။ သို့မှသာ လူအများပြည်သူများ၏ သဘော ထားအမြင်နှင့် သမားရိုးကျ အမြင်ကို လူအများစု က ခွဲခြားသိမြင်မှု အားနည်းနေမှုအပေါ် နိုင်ငံရေး အမြတ်မထုတ်နိုင်အောင်တားဆီးနိုင်မည်ဖြစ်သည်။
လူအများ/ ပြည်သူများ၏ သဘောထားအမြင် ကောင်းမွန်စွာ ဖြစ်ထွန်းရေးအတွက် အစိုးရနှင့် ပြည်သူအကြား နဒလည်မှု တည်ဆောက်ပြီး ယုံကြည်မှုတိုးပွားလာရန် အစိုးရအနေဖြင့် မိမိ ပေးထားသည့် ကတိအတိုင်း ဆောင်ရွက်ခြင်း၊ ပြည်သူအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
အစိုးရမှ ဆောင်ရွက်ပေးမှုများကိုလည်း ပြည်သူ သိရန် မီဒီယာမှတစ်ဆင့် ချပြလုပ်ဆောင်ခြင်း၊ ( မိမိ၏ ပြည်တွင်း ပြည်ပရှိ မိတ်ဖက် အဖွဲ့ အစည်းတို့နှင့် ပေါင်းစပ်သင့်သည့်ကိစ္စများကို စနစ်တကျ လုပ်ဆောင်ခြင်းဖြင့် နိုင်ငံရေး အမြင်ကို ထင်ဟပ်စေ သည့် လူမှုပေါင်းသင်းဆက်ဆံရေး ဖြစ်စဉ် ကောင်းစွာ ပုံဖော်နိုင်မည်ဖြစ်သည်။ ။
သို့မှသာလူအများပြည်သူများ၏ သဘောထား အမြင်ကို ဖော်ဆောင်ရာတွင် အရေးပါသော အခြေအနေ တစ်ခု ဖြစ်သည့် နိုင်ငံရေး စရိုက်ကိုကောင်းစွာ ရရှိမည်ဖြစ်ပါသည်။ ဤသို့ဖြင့် လူမှု အသိုက်အဝန်းကို အကျိုးပြုသည့် လူ အများ/ ပြည်သူများ၏ သဘောထားအမြင်ကို ဖော်ဆောင် နိုင်ကာ ပြည်သူတို့၏ နှလုံးသားနှင့် စိတ်ကို သိမ်းကျုံး အနိုင်ယူ နိုင်ခြင်းဖြင့် ပြည်သူလူထု၏ တစ်ခဲနက် ထောက်ခံအားပေးကူညီမှုကို ဧကန်မလွဲ လက်ဝယ်ပိုင်ပိုင် ရရှိနိုင် မည်ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရသည်။ ။