မြန်မာဥပဒေ သတင်းအချက်အလက်စနစ် သုံးနှစ်တာခရီး
ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် ပြည်သူလူထု အတွက် အကောင်းဆုံးဥပဒေဝန်ဆောင်မှုများကို တတ်စွမ်းသမျှ ဆောင်ကြဉ်းပေးရန် အစဉ်ကြိုးပမ်း ဆောင်ရွက်နေသော ဌာနဖြစ်ပါသည်။ တရား ဥပဒေစိုးမိုးရေးအတွက် ဥပဒေဖြင့် ကာကွယ်စောင့်ရှောက်ခြင်း၊ ဥပဒေအသိပညာပေးခြင်းနှင့် ဥပဒေသတင်းအချက်အလက် အခမဲ့ဝန်ဆောင်မှု ပေးခြင်းတို့ဖြင့် ပြည်သူများ၏ ယုံကြည်ကိုးစားသော စံပြအဖွဲ့အစည်းတစ်ခု ဖြစ်လာစေရန် မျှော်မှန်းပါသည်။ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ၂၀၂၀-၂၀၂၄ ခုနှစ် မဟာဗျူဟာစီမံကိန်း၏ ရည်မှန်းချက်မှာလည်း “တရားမျှတရေးအတွက် ဥပဒေဝန်ဆောင်မှု (Providing Legal Service for Justice)” ဖြစ်ပါသည်။ ရည်မှန်းချက်များ ပြည့်မီစေရန် ဆောင်ရွက်ရာတွင် တရားဥပဒေစိုးမိုးမှု တိုးတက်ကောင်းမွန်လာစေရေးကို အထောက် အကူပြုစေမည့် မြန်မာဥပဒေ သတင်းအချက် sa condoso (Myanmar Law Information System - MLIS) ကို ၂၀၁၈ ခုနှစ် မေလ ၂၄ ရက်နေ့ မှစ၍ အောင်မြင်စွာ လွှင့်တင် နိုင်ခဲ့ပြီးဖြစ်ပါသည်။
မြန်မာဥပဒေ သတင်းအချက်အလက်စနစ် (Myanmar Law Information System - MLIS) ကို ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(KOICA)တို့ ပူးပေါင်းလျက် KOICA အထောက်အပံ့နှင့် ကိုရီးယားသမ္မတနိုင်ငံ ဥပဒေပြု ရေးဝန်ကြီးဌာန (Ministry of Legislation-MOLEG) ၏ နည်းပညာအကူအညီတို့ဖြင့် www.mlis.gov. mm အား အောင်မြင်စွာလွှင့်တင်၍ ဝန်ဆောင်မှုပေး ခဲ့သည်မှာ ၂၀၂၁ ခုနှစ် မေလ ၂၄ ရက်တွင် သုံးနှစ် သက်တမ်းသို့ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။ အခက်အခဲနှင့် စိန်ခေါ်မှုများကို ဖြတ်သန်းကျော်လွှားရင်း သုံးနှစ်တာခရီးသို့ ရလဒ်ကောင်းများစွာဖြင့် အောင်မြင်စွာ ပေါက်မြောက်ခဲ့ပြီးဖြစ်ပါသည်။
တရားဝင်ဝက်ဘ်ဆိုက်တစ်ခုဖြစ်
စတင်လွှင့်တင်ခဲ့စဉ်က ဥပဒေသတင်းအချက်အလက်စုစုပေါင်း ၇၀၆၄ ခု ထည့်သွင်းနိုင်ခဲ့ပြီး ယခု သုံးနှစ်သက်တမ်းသို့ ရောက်ရှိချိန်တွင် ဥပဒေ သတင်းအချက်အလက် စုစုပေါင်း ၁၀၇၆၁ ခု ထည့်သွင်းနိုင်ခဲ့ကာ နိုင်ငံတော်က ထုတ်ပြန်ထားသော ဥပဒေသတင်းအချက်အလက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရှေ့နေချုပ်ရုံးက အခမဲ့ ဝန်ဆောင်မှုပေးသော တရားဝင်ဝက်ဘ်ဆိုက်တစ်ခု ဖြစ်ပါသည်။
မြန်မာဥပဒေ သတင်းအချက်အလက်စနစ် လွှင့်တင်လျက် ဝန်ဆောင်မှုပေးခြင်း၏ ရည်ရွယ် ချက်မှာ ပြည်သူများက အင်တာနက် ဝက်ဘ်ဆိုက်မှ တစ်ဆင့် တစ်နေရာတည်းတွင် အလွယ်တကူ ရှာဖွေလေ့လာအသုံးပြုနိုင်စေရေးနှင့် တရားဥပဒေ စိုးမိုးရေးကို အထောက်အကူဖြစ်စေရေးတို့အတွက် ဥပဒေ အသိပညာပေးနိုင်ရန် ရည်ရွယ်၍ ဝန်ဆောင် မှုပေးခြင်း ဖြစ်ပါသည်။ ပြည်သူများသည် ဥပဒေ ဆိုင်ရာ အသိပညာနှင့် ဗဟုသုတကြွယ်ဝခြင်းဖြင့် တရားဥပဒေစိုးမိုးသော၊ တည်ငြိမ်အေးချမ်းသော၊ ဖွံ့ဖြိုးစည်ပင်သောနိုင်ငံအဖြစ် တိုးတက်ပြောင်းလဲမှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်။
အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်
မြန်မာဥပဒေ သတင်းအချက်အလက်များသည် မြန်မာနိုင်ငံပြန်တမ်းပါ ဖော်ပြချက်များနှင့် သက်ဆိုင်ရာအစိုးရဌာန အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များကို အခြေခံပြုစု၍ ထည့်သွင်းထားခြင်း ဖြစ်ပါသည်။ မြန်မာဥပဒေသတင်းအချက် အလက်စနစ်၏ ဝက်ဘ်ဆိုက်တွင် လွှင့်တင်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများအပါအဝင် သတင်းအချက်အလက်များကို မူရင်းပြဋ္ဌာန်းချက်များအတိုင်း လေ့လာ ဖတ်ရှုနိုင်စေရန် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက် ထားပါသည်။
မြန်မာဥပဒေ သတင်းအချက်အလက်စနစ် (Myanmar Law Information System - MLIS).ch ပင်မစာမျက်နှာ Home Page ရှိ Menu Bar တွင် ဖွဲ့စည်းပုံအခြေခံဥပဒေများ၊ ပြည်ထောင်စု ဥပဒေများ၊ ပြည်ထောင်စုတစ်ဆင့်ခံ ဥပဒေများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ဆင့်ခံ ဥပဒေများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသ ဥပဒေများ၊ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် များ၊ စီရင်ထုံးများ၊ ဇယား သို့မဟုတ် ပုံစံများ အခြားဟူ၍ ခေါင်းစဉ်ကြီး ၁၁ ခုကို ခွဲခြား၍ ဖော်ပြထားပါသည်။ မိမိနှစ်သက်ရာ အကြောင်းအရာခေါင်းစဉ်မှ တစ်ဆင့် ကလစ်နှိပ်၍ ဆက်လက်ရှာဖွေနိုင်ပါသည်။ ယင်းသို့ရှာဖွေရာတွင် ဥပဒေအမျိုးအစားများကို ခွဲခြားရှာဖွေခြင်း၊ ဥပဒေအမည်ဖြင့် ရှာဖွေခြင်း၊ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်များကို ရှာဖွေခြင်း၊ စီရင်ထုံးများကို ရှာဖွေခြင်း၊ ဇယား သို့မဟုတ် ပုံစံများဖြင့် ရှာဖွေ ကြည့်ရှုရာတွင်လည်း ကွန်ပျူတာမှတစ်ဆင့် အင်တာနက် ချိတ်ဆက် သည့် Portal မှ လည်းကောင်း၊ မိမိတို့၏ Smart Phone များမှလည်းကောင်း အလွယ်တကူ ရှာဖွေ ကြည့်ရှုနိုင်ပါသည်။
ဥပဒေအမျိုးအစား ခွဲခြားရှာဖွေရာတွင် ဝန်ကြီး ဌာနအလိုက်၊ ကဏ္ဍအလိုက်၊ ခေတ်အလိုက်ဟူ၍ သုံးမျိုးခွဲခြားရှာဖွေနိုင်ပါသည်။ ဝန်ကြီးဌာနအလိုက် တွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများက စီမံခန့်ခွဲသော ဥပဒေများကို ရှာဖွေနိုင်ပါသည်။ ကဏ္ဍအလိုက်တွင် ကဏ္ဍ ၁၂ ရပ်ခွဲခြား၍ ဥပဒေများကို စီးပွားရေးကဏ္ဍ၊ တရားစီရင်ရေးကဏ္ဍ၊ စီမံခန့်ခွဲရေးကဏ္ဍ စသည်ဖြင့် ကဏ္ဍအလိုက် ရှာဖွေလိုက် ရှာဖွေနိုင်ပါသည်။ ခေတ်အလိုက်တွင် မြန်မာနိုင်ငံဥပဒေအတွဲ (၁) မှ (၁၃)တွင် စုစည်းဖော်ပြထားသည့် ဥပဒေများမှစ၍ ခေတ်အလိုက် ပြဋ္ဌာန်းခဲ့သော ဥပဒေများကို ခေတ်ကာလအလိုက် ဖော်ပြထားရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ပြဋ္ဌာန်းလျက်ရှိသော ဥပဒေများအထိ အလွယ်တကူ ရှာဖွေနိုင်ပါသည်။ ပြဋ္ဌာန်းထားသည့် ဥပဒေများတွင် အင်္ဂလိပ်ဘာသာ ပြန်ဆိုချက်ရှိသည့် ဥပဒေပြဋ္ဌာန်းချက်ကိုလည်း Law in English ဆိုသည့် box ကို နှိပ်၍ ရှာဖွေ လေ့လာနိုင်ပါသည်။
အင်္ဂလိပ်ကိုလိုနီလက်ထက် (မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ်အထိ အိန္ဒိယ ပါလီမန်) က အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားပြီး မြန်မာဘာသာပြန်ဆိုရခြင်းမရှိသော ဥပဒေများကို ဥပဒေဘာသာပြန်ကော်မရှင်က ဘာသာပြန်ဆိုပေးသည့် မြန်မာဘာသာပြန်ဆိုချက် ဥပဒေများကို တစုတစည်းတည်း အလွယ်တကူ လေ့လာကြည့်ရှုနိုင်ရေးအတွက် ဥပဒေဘာသာပြန်ကော်မရှင် ကဏ္ဍကို ထပ်မံထည့်သွင်း ဝန်ဆောင်မှုပေးထား ပါသည်။ အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းခဲ့သော ဥပဒေ များ၏ မြန်မာဘာသာပြန်ဆိုချက်ကို အလွယ်တကူ ဖတ်ရူကိုးကားနိုင်ကြမည်ဖြစ်ပါသည်။
မူပိုင်ခွင့်နှင့် အကျိုးသက်ရောက်မှုကို ဖော်ပြ
မြန်မာဥပဒေ သတင်းအချက်အလက်စနစ် (Myanmar Law Information System- MLIS) ၏ အားသာချက်တစ်ခုမှာ ဥပဒေပြဋ္ဌာန်းချက်တစ်ခု၏ စာမျက်နှာညာဘက်အပေါ်ထောင့်တွင် လိပ်စာ ကူးယူရန်နှင့် ဖွင့်ထားသော စာမျက်နှာတွင် ရှာဖွေ ခြင်းဆိုသည့် Box များမှတစ်ဆင့် လိပ်စာကူးယူပြီး အခြားသူတစ်ဦးထံ ပေးပို့၍ ရှာဖွေလိုသော ဥပဒေကို အလျင်အမြန်ရှာဖွေ နိုင်ခြင်းတို့ ပြုလုပ်နိုင်သည့်ပြင် Word File ဖြင့်ဖြစ်စေ၊ PDF File ဖြင့်ဖြစ်စေ Download ရယူ၍ Print ထုတ်ယူပြီး ဖတ်ရှုနိုင်ပါသည်။ အခြားခေါင်းစဉ်အောက်တွင် အသိပေး ချက် အမေးအဖြေကဏ္ဍ Q & A တို့ ပါရှိသဖြင့် မြန်မာဥပဒေ သတင်းအချက်အလက်စနစ် (Myanmar Law Information System- MLIS) နှင့် စပ်လျဉ်း၍ သိရှိလိုသည်ကို မေးမြန်းနိုင်ပါသည်။ အသိပေးချက်အောက်၌ MLIS အသုံးပြုမှုလက်စွဲ စာစောင်ကို Download ရယူ၍ ဖတ်ရှုနိုင်သကဲ့သို့ Myanmar Unicode Pyidaungsu Font GR Download ရယူနိုင်ပါသည်။ ဥပဒေ သက်ရောက် မှုအောက်တွင် မူပိုင်ခွင့်နှင့် အကျိုးသက်ရောက်မှုကို ဖော်ပြထားပါသည်။
စီရင်ထုံးများကို ရှာဖွေလိုပါက စီရင်ထုံး Title ကို နှိပ်၍ ခုနှစ်အလိုက်သော်လည်းကောင်း၊ စီရင်ထုံး ' အမည်ဖြင့်သော်လည်းကောင်း ရှာဖွေနိုင်ပါသည်။ မိမိသိရှိလိုသော စီရင်ထုံးများကို အက္ခရာအလိုက် တရားရုံးစီရင်ထုံး အမျိုးအစားတို့အား select ပေး၍ ရွေးချယ်ပြီးနောက် တရားမပြင်ဆင်မှု၊ တရားမ အယူခံမှု၊ တရားမ အထွေထွေလျှောက်ထားမှု၊ ရာဇဝတ်ပြင်ဆင်မှု၊ ရာဇဝတ်အယူခံမှု၊ ရာဇဝတ် အထွေထွေလျှောက်ထားမှုတို့ကိုလည်း မိမိရွေးချယ်လိုသော စီရင်ထုံးအမျိုးအစားများကို ရွေးချယ်ကြည့်ရှုနိုင်ပြီး ယင်းစီရင်ထုံးနှင့်စပ်ဆိုင်သည့် ပြဋ္ဌာန်းဥပဒေကိုလည်း တစ်ပါတည်း ဖတ်ရှုလေ့လာနိုင်ရန် Link ချိတ်ပေးထားပါသည်။
တရားဥပဒေစိုးမိုးမှုကို များစွာ အထောက်အကူပြု
MLIS Website ကို ဝင်ရောက်၍ လိုရာဥပဒေ သတင်းအချက်အလက်များကို အလွယ်တကူ ရှာဖွေ အသုံးပြုနိုင်သောကြောင့် စာအုပ်ထူထူကြီးများကို ရှာဖွေရသည့်ဒုက္ခ၊ လိုအပ်သည့် စာအုပ်မရှိသည့် အခက်အခဲ၊ အဆင်မပြေမှုများကို ကျော်လွှားနိုင်ပါသည်။ ကွန်ပျူတာတစ်လုံး၊ Smart Phone တစ်လုံး ရှိလျှင် ဥပဒေစာကြည့်တိုက်တစ်ခု မိမိနှင့်အတူ အမြဲရှိနေပြီး ရှာဖွေကြည့်ရှုနိုင်ခြင်းပင် ဖြစ်ပါသည်။ ပြည်သူများသည် ဥပဒေသတင်းအချက်အလက်များကို အလွယ်တကူ လေ့လာကြည့်ရှုနိုင်သဖြင့် ဥပဒေနှင့် ပိုမိုနီးကပ်လာပြီး ဥပဒေဆိုင်ရာ အသိပညာ၊ ဗဟုသုတများ တိုးပွားလာခြင်းဖြင့် ဆောင်ရန်၊ ရှောင်ရန်များကိုသိရှိပြီး ဥပဒေနှင့်အညီ ကျင့်ကြံလိုက်နာ နေထိုင်ဆောင်ရွက်တတ်သည့် ဝန်းကျင်ကောင်းတစ်ရပ် ပေါ်ပေါက်လာစေပြီး တရားဥပဒေ စိုးမိုးမှုလည်း ရှိလာမည်ဖြစ်ပါ သည်။ ယင်းကဲ့သို့သော အခြေအနေ ဖြစ်ပေါ်လာစေရန် ပြည်ထောင်စု ရှေ့နေချုပ်ရုံးက လွှင့်တင်ဝန်ဆောင်မှု ပေးထားသော မြန်မာဥပဒေ သတင်းအချက်အလက်စနစ် (Myanmar Law Information System-MLIS) ၏ ဥပဒေ သတင်းအချက်အလက်များ ဝန်ဆောင်မှုပေးခြင်းဖြင့် တရားဥပဒေစိုးမိုးမှုကို များစွာအထောက် အကူပြုလျက်ရှိပါသည်။
မြန်မာဥပဒေ သတင်းအချက်အလက်စနစ် (Myanmar Law Information System - MLIS) အောင်မြင်ပြီး ရေရှည်တည်တံ့နိုင်စေရန် ကျွန်ုပ်တို့ ဆက်လက်ကြိုးစားရမည်ဖြစ်ပါသည်။ ဥပဒေ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ အတတ်နိုင်ဆုံး ထည့်သွင်းပြီး ဝန်ဆောင်မှုပေးထားသောကြောင့် ဆိုက်ဘာလုံခြုံရေး အတွက် အမြဲစောင့်ကြည့်နေရသကဲ့သို့ ဥပဒေသတင်းအချက် အလက်များကို နေ့စဉ်စိစစ်တည်းဖြတ်ဖြည့်စွက်ရသော လုပ်ငန်း များကိုလည်း ကြိုးစားဆောင်ရွက်နေကြပါသည်။ ပြုပြင်ထိန်းသိမ်း မှုများအတွက် ရန်ပုံငွေနှင့် လေ့ကျင့်ပျိုးထောင်ပေးရမည့် လူ့စွမ်း အားအရင်းအမြစ်များလည်း လိုအပ်မည် ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် မြန်မာဥပဒေ သတင်းအချက်အလက်စနစ် (Myanmar Law Information System - MLIS)စနစ်ကို ပထမဆုံးတည်ထောင်နိုင်သည့် နိုင်ငံ ဖြစ်ခြင်းမှာ ဂုဏ်ယူရမည် ဖြစ်ပါသည်။ သို့ဖြစ်၍ အစိုးရဌာနအဖွဲ့ အစည်းအနေဖြင့် မိမိတို့ဌာန အဖွဲ့အစည်းများက စီမံခန့်ခွဲရန် ထုတ်ပြန်ထားသည့် နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်များစသည့် တစ်ဆင့်ခံ ဥပဒေ များကို ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ အချိန်နှင့်တစ်ပြေးညီ ပေးပို့ ခြင်းဖြင့် MLIS အဓွန့်ရှည် တည်တံ့စေရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုပါကြောင်း တိုက်တွန်းအပ်ပါသည်။ ။
မြန်မာဥပဒေသတင်းအချက်အလက်ဌာနခွဲ ပြည်ထောင်စုရှေ့နေချုပ်ရုံး