Jan 02, 2021

ကျွန်မရဲ့ “ရာပြည့်တက္ကသိုလ်သို့ နောက်ကျအလွမ်း” ကြေးမုံသတင်းစာ(၂၃-၁၂ - ၂၀၂၀ရက်) ထုတ် ဆောင်းပါး ဖတ်ပြီး ၈၇ နှစ် အမယ်အိုကို တကယ်လိုလိုလားလား မေတ္တာစကားပြောကြားတာတွေအတွက် ကျေးဇူးတင်ပါတယ်။ ဒေါက်တာခင်သန်းဦး (မမိုးမြေ) ကဆို ခေါင်းစဉ်တောင်ပေးပြီး နောက်ဆက်တွဲရေးဖို့ပြောသလို စာချစ်သူ စာဖတ်သူ ခင်မြနွယ်ဆိုရင် သူ့ရဲ့ မဟာဝိဇ္ဇာကျမ်း ကြီးကြပ်သူ ဆရာ ဖိုးကျော်မြင့်ရဲ့ သွင်ပြင်၊ စိတ်ဓာတ် ခိုင်မာမှု၊ ကိုယ်ကျင့်သိက္ခာစတာလေးတွေပေါ်အောင် ရေးပေးပါလို့ ပြောလာပါတယ်။ တကယ်တော့ အရှိကို အရှိအတိုင်း ရေးချင်ပေမယ့် ကိုယ်ရည်သွေးရာ ရောက်မှာစိုးလို့ မရေးချင်ပါ။ “ဝိုင်းပြောသိလိမ့်” သဘောပဲထား ချင်ပါတယ်။ ခင်ပွန်းသည် ဦးဖိုးကျော်မြင့် (မြန်စာဂုဏ် ကျော်မြင့်)နဲ့ ကျွန်မတို့ နှစ်ယောက်က ဆရာ ဆရာမ ဘဝကို နှစ်နှစ်သက်သက် ရွေးချယ်ခဲ့ကြတာပါ။ အခုတော့ သူနဲ့ ပတ်သက်ပြီး ကျွန်မရဲ့ သစ္စာစကားနဲ့ဝေမျှချင်မှု၊ သူ့ရဲ့ လုံ့လ၊ ဝီရိယကြီးမားမှု၊ မျိုးဆက်သစ်တွေကို အကျိုးပြုစေချင်တဲ့ ရည်ရွယ်မှုနဲ့ ရေးတာဖြစ်ပါ တယ်။
Jan 02, 2021

၂၀၂၀ ပြည့်နှစ်ကျော်ခဲ့ပြီ။ ၂၀၂၁ ခုနှစ်ရောက်ပြီ။ ရှေ့သို့ချီမည်။ နောက်ပြန်မလှည့်။ ပြီးခဲ့ပြီးသော အတိတ်။ ကုန်ဆုံးပြီးသောအချိန် ပြန်ယူ၍မရ။ ပြန်လည်တမ်းတ နေ၍မရ။ နှောင်းမှရသောနောင်တ။ ပြီးခဲ့သောကာလကဘာအမှားတွေလုပ်ခဲ့သလဲ။ ထိုအမှားများ၏ သင်ခန်းစာကို သာပြန်လည်သုံးသပ်။ ၂၀၂၁ မှာ ထပ်မမှားစေနှင့်။ စွဲမြဲသတိရှိသင့်ပြီ။ ဆင်ခြင်ကြည့်ကြစို့။ ဤအချိန်သည် တတိယ အကြိမ်ပြည်သူ့လွှတ်တော်သက်တမ်းကို ၂၀၂၁ နှစ်ဆန်း ပိုင်းတွင် စတင်မည့်အချိန်။ အစိုးရသစ် ဖွဲ့စည်းမည့်အချိန် လည်းဖြစ်သည်။ အများအသိပါ။
Jan 02, 2021

လွန်ခဲ့သောနှစ်ပေါင်း ၄၀ ကျော်။ ၁၉၇၈၊ ၁၉၇၉ ခုနှစ် ပတ်ဝန်းကျင်တစ်ဝိုက်ဆီက။ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၊ အီကို ကင်တင်းန်နားက ပန်းချီခန်း။ အဆောက် အဦ သေးသေးကုပ်ကုပ်လေးထဲတွင် အနား ယူနေသောဥပဒေနောက်ဆုံးနှစ်ကျောင်းသား ကိုဌေးမြင့် (ကာတွန်းဖိုးတိုး) ထံ သင်္ချာကျောင်းသား ကိုမျိုးကြွယ်(ပန်းချီ ကေမြိုး (ကွယ်လွန်)) ၏ ကောင်းမှုဖြင့် အထူးဧည့်သည်တစ်ဦး ရောက်ရှိလာသည်။ ရုက္ခဗေဒနောက်ဆုံးနှစ်ကျောင်းသား ကိုမျိုး သန့်(ကာတွန်း မောင်နန္ဒ)ပင် ဖြစ်သည်။ ကာတွန်းဆရာကြီးဝင်းမောင် (မိမော်မေမ)(ကွယ်လွန်)၏ စာပေးစာယူသင်တန်းသား တပည့် ကာတွန်းဖိုးတိုးတစ်ယောက် ဝါသနာ တူ ကာတွန်းမောင်နန္ဒနှင့် ရန်ကုန်တက္ကသိုလ် ၏ ပထမဆုံးဖြစ်လာမည့် ကာတွန်းပြပွဲကိစ္စ စတင်ဆွေးနွေးဖြစ်ခဲ့ကြသည်။
Jan 02, 2021

တိုင်ထိပ်ဖျားတွင် အလံတော်သည် ကြွားကြွားဝင့်ဝင့်ငွားငွားစွင့်စွင့် လွင့်ပျံ၍နေသည်။ မိုးကောင်းကင်အထိ ထိုးထွက်နေဘိသည့်အလား ကြီးမားခံ့ခိုင်သည့် ဖြူလွလွကျောက်တိုင် ကြီးသည်လည်း ဧည့်ပရိသတ်တို့ရှေ့တွင် မားမားမတ်မတ် ရပ်၍နေသည်။ ထိန်ထိန်ညီးသည့် မီးရောင်စုံတို့သည်လည်း အစွမ်းကုန်ထွန်းလင်းတောက်ပလျက်ရှိနေပြီ။ လောကဓာတ် တစ်ခွင်လုံးကား ဘေးမသမ်း အေးချမ်းခြင်း၏ အတိတ်နိမိတ်ကိုယူ၍ အေးချမ်းဆိတ်ငြိမ်စွာဖြင့် လှပရွှန်းတင့်အသရေမြင့်လျက် ရှိနေကြပါ၏။
Jan 02, 2021

ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် မှတ်တမ်းတင်ဂါရဝပြုရမည့် ဆရာကြီးတစ်ဦးဖြစ်သူ ရန်ကုန်တက္ကသိုလ် အငြိမ်းစား ရုက္ခဗေဒတွဲဖက်ပါမောက္ခ/ ဌာနမှူး ဆရာကြီးဒေါက်တာ ဦးကျော်စိုးအကြောင်းကို လက်လှမ်းမီသမျှ တင်ပြဂါရဝပြုပါသည်။ ရန်ကုန် တက္ကသိုလ်သမိုင်းကို အထောက်အကူပြုစေရန်နှင့် မျိုးဆက်သစ်များ သိရှိစေရန်ဖြစ်ပါသည်။
Jan 02, 2021

“ကျွန်ုပ်တို့ နံနက်တိုင်းဖတ်ရသည့် နေ့စဉ်သတင်းစာသည် အဘယ်ပုံစတင် ဖြစ်ပေါ်လာပါသနည်း။ နံနက်စောစော စားနေကျအစားအစာနှင့်ဖက်၍ ကျွန်ုပ်တို့ ယခုမြီးနေကျ သတင်းစာအစား ကမ္ဘာဦးသူတို့သည် ရှေးပဝေဏီက အဘယ်အရာကို မြီးကြပါသနည်း။ ဤသို့ ကရွတ်ကင်းလျှောက်တွေးကြည့် လိုက်ပါလျှင် သတင်းစာ၏ ဇာတိပဝတ္တိတို့ကို သိရှိရပေမည်။ စင်စစ် သတင်းစာ စတင်ဖြစ်ထွန်းခဲ့ပုံမှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။”
Jan 01, 2021

ယနေ့သည် ၂၀၂၀ ပြည့်နှစ်ကုန်ဆုံး၍ ၂၀၂၁ ခုနှစ်သို့ ကူးပြောင်းသည့် ပထမဦးဆုံးနေ့ရက် ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကို ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားခဲ့ကြရသည်။ ယနေ့ နှစ်သစ်မင်္ဂလာအခါတွင် ကမ္ဘာနှင့်အဝန်း ဆုမွန်ကောင်းများတောင်း၍ ကြိုဆို ဂုဏ်ပြုကြသည်။ မြန်မာနိုင်ငံတွင် နှစ်သစ်ကူးသည့် ၂၀၂၁ ခုနှစ် နှစ်ဦးအစမှာပင် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းပြီးဆုံး၍ တတိယအကြိမ် လွှတ်တော်အသစ်တွေ ဖွဲ့စည်းကြပါမည်။ လွှတ်တော်တွေ မည်သို့ဖွဲ့စည်းသည်ကို ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ကိုးကား၍ အနှစ်ချုပ် မျှဝေပါရစေ။
Jan 01, 2021

နိုင်ငံအများစုတွင် လက်ရှိအသုံးပြုနေသည့် စုပေါင်းဆောင်ရွက်ခြင်းဖြင့် ချဉ်းကပ်နိုင်မည့် နည်းလမ်းများနှင့်ပတ်သက်ပြီး ဗဟုသုတမျှဝေပေးမည့် ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒီဇင်ဘာ ၃၁ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့ရာ ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
Jan 01, 2021

နှင်းမှုန်များ ထူထပ်စွာ ကျဆင်းနေသော ဆောင်းလရာသီ နံနက်ခင်းဝယ် မြန်မာ့မြေပေါ်၌ လွှင့်ထူထားသော နယ်ချဲ့ဗြိတိသျှတို့၏ ယူနီယံဂျက်အလံတော် ကားတရွေ့ရွေ့နှင့် မြေပေါ်သို့ ဆင်းသက်လာလေပြီ။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အလံတော် ကားအမိမြေ၏ အလံတိုင်ထိပ်သို့ ခံ့ညားထည်ဝါစွာ လွှင့်ထူ နိုင်ခဲ့ပေပြီ။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၄ နာရီ မိနစ် ၂၀ အချိန်သည်ကား မြန်မာနိုင်ငံမှ တိုင်းရင်း သားညီအစ်ကိုမောင်နှမများအားလုံး လွတ်လပ်ရေး အောင်ပန်းကို ဆင်မြန်းရသောနေ့၊ လွတ်လပ်ရေး အောင်ပွဲနေ့ပင်တည်း။
Dec 31, 2020

အနုပညာသည် အနုပညာဟုခေါ်တွင်သော်လည်း စစ်မက်ရေး၊ အမျိုးသားရေးနှင့် လွတ်လပ်ရေးတို့တွင်လည်း အရေးပါသောအခန်းကဏ္ဍက ပါဝင်ခဲ့သည်။ ခံစားမှု၊ စိတ်ကူးနှင့် လောကဝန်းကျင်တို့ ပေါင်းဖွဲ့၍ ဖန်တီးရသော အနုပညာစွမ်းအားသည် မြန်မာ့လွတ်လပ်ရေးတွင်လည်း အဓိကကျခဲ့ပါသည်။ ကိုလိုနီခေတ် ဂီတစာဆိုများ၊ လွတ်လပ်ရေး ရရှိ ရန် ကြိုးပမ်းစဉ် ခေတ်တေးပြုစာဆိုများ၏ ဇာတိမာန်တေးများသည် ပြောင်မြောက်လှပါသည်။ အဘယ်ကြောင့်ဤမျှ ထက်မြက်ခဲ့ရသနည်း။ ဤမျှ ပြောင်မြောက်ခဲ့ရသနည်းဆိုသော် ခံစားမှုကြောင့် ဖြစ်ပါသည်။ အမျိုးချစ်သည့် ခံစားမှုက အနုပညာလက်ရာကောင်းများကို ပေါ်ထွက်စေခဲ့ပါသည်။