Jan 11, 2021

စင်ကာပူနိုင်ငံတွင် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၆ ရက်က အာဆီယံစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအဆင့် (၃၈) ကြိမ်မြောက် အစည်းအဝေး(The Thirty Eight Meeting of the ASEAN Ministers on Agriculture and Forestry-AMAF) ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးက ထောက်ခံအတည်ပြုခဲ့သော အစားအစာ၊ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ အာဆီယံ ပူးပေါင်းဆောင်ရွက်မှု (၂၀၁၆-၂၀၂၅) မျှော်မှန်းချက်နှင့် မဟာဗျူဟာအစီအစဉ်သည် လက်ရှိနှင့်အနာဂတ် မျိုးနွယ်ဆက်များ အတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) အပေါ် အပေါင်းလက္ခဏာဆောင်သော အကျိုးပြု နိုင်ရေးနှင့် လူမှုစီးပွားရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာလူမှုရေး လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးတို့ အတွက် ယာမြေရှုခင်း (Landscape) အဆင့်၌ သစ်တော သယံဇာတများအား စဉ်ဆက်မပြတ် အုပ်ချုပ်မှုဖြင့် စီမံအုပ်ချုပ်ခြင်း သေချာစေလျက် အာဆီယံဒေသတွင်း၌
Jan 10, 2021

ရန်ကုန်တက္ကသိုလ်လို့ဆိုလိုက်တာနဲ့ တက္ကသိုလ်အရိပ်ကို ခိုဝင်နားခဲ့ဖူးသူတိုင်း အဓိပတိလမ်း၊ ဂျပ်ဆင်၊ သစ်ပုပ်ပင်၊ အာရ်စီ ခေါ် အပန်းဖြေရိပ်သာ၊ ရေတမာပင်၊ စိန်ပန်းပင်၊ တက္ကသိုလ်များဗဟိုစာကြည့်တိုက်၊ အင်းလျားကန်စတဲ့ မှတ်မှတ်ထင်ထင်ရှိတဲ့နေရာတွေ တစ်ခုပြီးတစ်ခု မြင်ကွင်းထဲရောက်လာပါတော့တယ်။
Jan 09, 2021

ယခုကာလသည် ကမ္ဘာ့နိုင်ငံအသီးသီးက COVID-19 ရောဂါ ကာကွယ်ဆေးရရှိရေးအတွက် အစွမ်းကုန်ကြိုးစားနေကြပြီး အချို့နိုင်ငံကြီးများ သည် ကာကွယ်ဆေးကို စတင်ထိုးနှံသည့် အဆင့်ပင်လျှင် ရောက်ရှိနေပြီဖြစ်သည်။ သို့သော် ကာကွယ်ဆေးမရခင်၊ မသုံးနိုင်ခင်တော့ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ နေထိုင်ကြရင်းကျဆင်းနေသော စီးပွားရေးကို ပြန်လည်ဦးမော့ တိုးတက်စေရေး နည်းမျိုးစုံဖြင့် ကြံဆဆောင်ရွက်နေကြပြီဖြစ်သည်။ လူတစ်ဦးချင်း အသိဖြင့် Mask တပ်ရေး၊ လက်ကို မကြာခဏဆေးကြောရေး၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေရေးနှင့် လူစုလူဝေးရှိရာသို့ သွားလာခြင်းမှ ရှောင်ကြဉ်ရေး စသည့် ဆောင်ရွက်ချက်များ ကျင့်သုံးကာ COVID-19 နှင့်အတူ ရှင်သန်နေထိုင်နိုင်ရေးကိုလည်း စီစဉ်နေကြသည်။ COVID-19 ကြောင့် ရရှိနေကြသည့် စိတ်ဒဏ်ရာများကို ကုစားနိုင်ရေးအတွက် အမျိုးမျိုးစီစဉ် နေကြသကဲ့သို့ နိုင်ငံအလိုက် စီးပွားရေးပြန်လည် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အဘက်ဘက်က သုံးသပ်ဆောင်ရွက် နေကြချိန်လည်းဖြစ်သည်။
Jan 08, 2021

၂၀၁၉ ခုနှစ်၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါအား ကပ်ရောဂါအဖြစ် ကြေညာခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ တိုင်းပြည်များသည် ကပ်ရောဂါ ပြန့်ပွားမှုကို တင်းကျပ်စွာ ကာကွယ်တားဆီးနိုင်မည့် အစီအမံများကို စတင်အကောင်အထည်ဖော်ခဲ့ကြပါသည်။ အဆိုပါအစီအမံများသည် ကူးစက်ရောဂါပြန့်ပွားခြင်းကို တားဆီးကာကွယ် ခြင်းအနေဖြင့် တစ်ဖက်မှာ ထိရောက်ခဲ့သကဲ့သို့ အခြားတစ်ဖက်၌လည်း အများပြည်သူများ ဒေသတစ်ခုမှ အခြားဒေသတစ်ခုသို့ သွားလာရေးနှင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင် ရေးမှာလည်း အတားအဆီးဖြစ်စေခဲ့ပါသည်။ ကိုဗစ်- ၁၉ ကပ်ရောဂါဘေးသည် ငါးဖမ်းလုပ်ငန်းနှင့် ငါးမွေးမြူရေးလုပ်ငန်းများမှ ငါးရိက္ခာထုတ်လုပ်ဖြန့်ဖြူးရေးကို ယခင်တစ်ခါမှ မတွေ့ကြုံဖူးခဲ့သည့်အတိုင်းအတာအားဖြင့် ထိခိုက်ခဲ့ပါသည်။ သက်ဆိုင်ရာအစိုးရများ၏ COVID-19 ကပ်ရောဂါဘေး ကာကွယ်တားဆီးရေးအစီအမံများသည် ရေထွက်ကုန် များထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်းစဉ်တစ်လျှောက်ဖြစ်သော ငါးဖမ်းဆီးခြင်း၊ ငါးမွေးမြူထုတ်လုပ်ခြင်း၊ ရေထွက်ကုန်များ အေးခဲပြုပြင်ခြင်း၊ ရေထွက်ကုန်များ သယ်ယူပို့ဆောင်ခြင်း၊ ရေထွက်ကုန် လက်ကားဈေးနှင့် လက်လီရောင်းချမှုများကို ထိခိုက်စေခဲ့ပါသည်။
Jan 08, 2021

တတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြီးစီးခဲ့သည်။ ဒုတိယ အကြိမ် လွှတ်တော်သက်တမ်းသည်လည်း ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကုန်ဆုံးသည်။ ထို့ကြောင့် တတိယအကြိမ်အတွက် လွှတ်တော်ပထမပုံမှန်အစည်းအဝေးများကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း သက်ဆိုင်ရာလွှတ်တော် ဥက္ကဋ္ဌများက ၆-၁-၂၀၂၁ ရက်နေ့တွင် ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။ လွှတ်တော်အသစ်များ ပေါ်လာသည်နှင့် အစိုးရအဖွဲ့အသစ်များ တစ်ဆက်တစ်စပ်တည်းပေါ်လာပါ မည်။ ဤတွင် အစိုးရအဖွဲ့များ မည်သို့ဖွဲ့စည်းထားပါ သနည်း။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်း ချက်များကို ကိုးကား၍ အနှစ်ချုပ်မျှဝေပါရစေ။
Jan 07, 2021

ချမ်းမြမြရှိလှသော ဂိမာန်နွေဦး၏ နံနက်ခင်း ဝယ် နှင်းပုလဲဥတို့ ကြွေကျမြေခလာသော အခါ နေခြည်နုနုနှင့် ရွှေရည်ဥ ဥနေသည့် အလား တည်ငြိမ်လှသော အင်းလျားရေပြင် ပေါ်ဝယ် ရောင်ပြန်ထင်ဟပ်လျက်ရှိနေသည့် ဆောင်းလေနုအေးတို့ ဆော်သွေးစဉ် နှင်းဖွေး ဖွေးအောက်ဝယ် ခပ်ရေးရေး မြင်တွေ့ရသော တက္ကသိုလ်အဆောင်နေ မောင်မယ်အချို့ကို အင်းလျားကန်က နွေးထွေးစွာ ကြိုဆိုနေဟန် ရှိသည်။
Jan 06, 2021

ယမန်နေ့မှအဆက်
တိုင်းရင်းသားလူမျိုးများ စာပေနှင့် ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များ- ရန်ကုန်)က နှစ်စဉ် ဦးစီး ဆောင်ရွက်သည့် တိုင်းရင်းသား လူမျိုးပေါင်းစုံ တွေ့ဆုံပွဲကို အပန်းဖြေရိပ်သာအောက်ရှိ ဘတ်စကက်၊ ဘော်လီဘော၊ ကြက်တောင်အားကစားကွင်း၌ သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုး စာပေနှင့် ယဉ်ကျေးမှု ဆပ်ကော်မတီအသီးသီးမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ပါဝင်စေလျက် ကျင်းပခဲ့သည်။
Jan 06, 2021

ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀)ခရီးအတွင်း မြန်မာစာ အဓိကကျောင်းသား ကျောင်းသူများ၏ တိုင်းပြုပြည်ပြု စွမ်းဆောင်ချက်တစ်ရပ်ကို တင်ပြလိုပါသည်။ ပိတ်ထားသော တက္ကသိုလ်များကို ၁၉၆၄ ခုနှစ်တွင် ပြန်ဖွင့် ပေးပြီး ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်များကို အဓိကဘာသာ(Major)စနစ်ဖြင့် သင်ကြားစေကာ စနစ်သစ် ပညာရေး ကို စတင် လိုက်သည်။
Jan 05, 2021

ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးသည် တိုင်းရင်းသားပေါင်းစုံစုဝေးနေထိုင်ရာနိုင်ငံဖြစ်သည်။ ရှေးယခင် ကာလကပင် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်လာခဲ့ကြသော သွေးသားရင်းချာ များ ဖြစ်ကြ သည်။ ရှေးမြန်မာဘုရင်များ လက်ထက်ကတည်းက ကူးလူးဆက်ဆံမှုများရှိခဲ့သည်။ နယ်ချဲ့တို့ လက်အောက်သို့ ကျရောက်ခဲ့ပြီးနောက် ရရာလက်နက်စွဲကိုင်၍ အတူတူ တွန်းလှန် ခုခံခဲ့ကြသည်။
Jan 04, 2021

ကျွန်ုပ်တို့မြန်မာနိုင်ငံသည် နှစ်ပရိစ္ဆေဒကြာမြင့်စွာကပင် တိုင်းရင်းသားလူမျိုး (၁၃၅) မျိုးတို့ဖြင့် အေးအတူပူအမျှ၊ သုခ ဒုက္ခမှန်သမျှကို မျှဝေခံစားရင်း တစ်ခုတည်းသော အမိုးအကာ အောက်၌ အတူတကွ မှီတင်းနေထိုင်ရာ အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံအား နယ်ချဲ့ကျူးကျော်သူမှန်သမျှကို သွေးစည်းညီညွတ်ခြင်း အခြေခံ၍ ခေတ်အဆက်ဆက် ခုခံတိုက်ခိုက်ခဲ့သည်မှာ အထင်အရှားရှိခဲ့သည်။ ၁၉ ရာစုနှစ်တွင် ဗြိတိသျှနယ်ချဲ့တို့က ကျူးကျော်စစ် သုံးကြိမ်ပြု၍ သိမ်းပိုက်ခဲ့သည်။ မြန်မာတိုင်းရင်းသားပေါင်းစုံတို့သည် သူ့ကျွန် မခံဇာတိမာန်ဖြင့် တွန်းလှန်ဆန့်ကျင်ကာ စည်းလုံးညီညွတ်မှုကို ပြသနိုင်ခဲ့သည်။ ထို့ကြောင့်ပင် ၁၉၄၈ - ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်လာခဲ့ပေသည်။