Skip to main content
Jun 11, 2021
အမျိုးသားလုံခြုံရေးဟု ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ဒါဟာ တပ်မတော်၏ကိစ္စ၊ တပ်မတော်က ဦးဆောင် တာဝန် ယူရမည့်အရာ ဟူ၍ နိုင်ငံသားအတော်များများက သတ်မှတ်ကြတတ်ပါသည်။
Jun 10, 2021
မြန်မာနိုင်ငံရှိ အခြေခံပညာရေးကျောင်းများကို ပြန်ဖွင့်မည်ဟု ကြေညာခဲ့သည့်အချိန်မှစ၍ ကလေးများကျောင်းမတက်စေရန် ခြိမ်းခြောက်မှုနှင့် အကြမ်းဖက် မှု အမျိုးမျိုးဖြစ်ပေါ်နေသည်မှာ အများအသိပင်ဖြစ်သည်။
Jun 10, 2021
သုတစာပေစွမ်းအား သုတစာပေ၏ စွမ်းအားဖြင့် ညီညွတ်ခြင်းကိုရရှိကာ နိုင်ငံတိုးတက် မှုကို ရရှိခဲ့သည်။ တောင်ငူခေတ်တွင် အလားတူ မျိုးချစ်စိတ်ကို နှိုးဆွထိန်းသိမ်းခဲ့သည်။ သားချော့တေးသည်ပင် အမျိုးသားရေးစိတ် ဇာတိမာန်ကို နှိုးဆော်နိုင်ခဲ့သည်။ ကုန်းဘောင်မင်းဆက် ခေတ်သစ် ထူထောင်စက သုတစာပေတိုးတက်ခဲ့သဖြင့် နိုင်ငံစည်ပင်ဝပြောခဲ့ သည်။ စစ်ချီရတု၏ လှုံ့ဆော်မှုဖြင့် အိမ်နီးချင်းနိုင်ငံများအထိ အာဏာစက်ပျံ့ခဲ့သည်။
Jun 10, 2021
ဘဝနှင့်ပတ်သက်၍ ဝမ်းနည်းစရာအကောင်းဆုံး အတွေ့အကြုံ တစ်ရပ်မှာ “သူလို၊ သူမလိုသာကျော်နိုင်မယ်၊ ခုန်နိုင်မယ်၊ ဆိုနိုင်မယ်။ ပြေးနိုင်မယ်၊ ကနိုင်မယ်၊ တွေးနိုင်မယ်၊ စူးစိုက်နိုင်မယ်ဆိုရင် " ဆိုပြီး အသံပျောက်သွားတတ်သည့် ကိစ္စမျိုးဖြစ်သည်။ ပြောချင်သည်မှာ အကယ်၍သာ တစ်စုံတစ်ယောက်၏စွမ်းအားမျိုး ကျွန်တော့်မှာရှိခဲ့ လျှင် ကျွန်တော်က ဘာမလုပ်နိုင်စရာရှိသလဲဟု ဆိုလိုချင်ကြသည်။ “ဒီမှာ မိတ်ဆွေ၊ ကျွန်တော်ပြောချင်သည်မှာ ခင်ဗျားမှာရှိပြီးသား စွမ်းအားများကို အသုံးမချခဲ့လျှင် အခြားတစ်စုံတစ်ယောက်၏ စွမ်းအားများဖြင့် ခင်ဗျာဝါကောက်သည့်အလုပ်မျိုးကိုပင် လုပ်နိုင် မည်မဟုတ်ပေ။” ခင်ဗျားကိုယ်ခင်ဗျားလှည့်စားနေခြင်းသာဖြစ်ပြီး ထိုသို့လုပ်ခြင်းသည် ရိုးသားမှုမရှိခြင်းလည်းဖြစ်သည်။ ခင်ဗျားသာ ဂရုမစိုက်လျှင် အမေရိကန်ပြည်ထောင်စုမြို့ကြီးတိုင်းတွင် တွေ့ရ တတ်သည့် မျှော်လင့်ချက်၏အကျဉ်းသားများထဲက တစ်ယောက် ဖြစ်နေလိမ့်မည်။ ဤမျှော်လင့်ချက်၏ အကျဉ်းသားများသည် တစ်နေ့နေ့တွင် သူတို့ လမ်းဆက်လျှောက်သွားသည့်အခါ၌ သူတို့ အတွက် အနဂတ်ကြီးတစ်ခုလုံးပါသည့် သေတ္တာတစ်လုံးကိုသော် လည်းကောင်း၊ အိတ်တစ်အိတ်ကိုသော်လည်းကောင်း ခလုတ်တိုက်မိ လိမ့်မည်ဟု မျှော်လင့်နေတတ်သူများဖြစ်ကြသည်။ ချက်ချင်းချမ်းသာ သွားအောင်တစ်ခုခုကလုပ်ပေးလိမ့်မည်ဟု မျှော်လင့်နေတတ်ကြသူ များလည်း ဖြစ်သည်။
Jun 10, 2021
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအား ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် - ၂၃ အရ၊ ၂၀၁၃ခုနှစ် ဩဂုတ်လ (၇) ရက်နေ့တွင် အတည်ပြု ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။ ဤဥပဒေကို ၂၃-၇-၂၀၁၄ ရက်နေ့တွင် ပထမအကြိမ် ပြင်ဆင်ခဲ့ပြီး ၂၉-၇-၂၀၁၆ ရက်နေ့နှင့် ၃၁-၇-၂၀၁၇ ရက်နေ့တွင် ဒုတိယအကြိမ်နှင့် တတိယ အကြိမ် ပြင်ဆင်ခဲ့သည်။ ၂၁-၆-၂၀၁၈ ရက်နေ့တွင် စတုတ္ထအကြိမ် ပြင်ဆင်သည့်ဥပဒေအမှတ်(၂၀/၂၀၁၈)အဖြစ် တိုင်းပြည်သို့ ထုတ်ပြန် ခဲ့ခြင်းဖြစ်ပါသည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်များအတွက် မိမိနိုင်ငံတော်အုပ်ချုပ်မှုယန္တရားနှင့် ဆီလျော်သော ဥပဒေမူကြမ်း အချက်အလက်များကို အချိန်ယူလေ့လာ ဆန်းစစ်တင်ပြခဲ့ရာမှ ဒီမိုကရေစီအစိုးရနှင့် ယှဉ်တွဲပေါ်ပေါက် ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံအား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ကုလ သမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း -၂၀၀၃ ( United Nations Convention Against Corruption - 2003) တွင် ၁၆၅ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြုခံခဲ့ရပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းများတွင် နိုင်ငံတကာ အဂတိလိုက်စား မှု တိုက်ဖျက်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ သတင်း အချက်အလက်များ ဖလှယ်ခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိ ပါသည်။ ၁၇-၉-၂၀၁၃ ရက်နေ့တွင် စတင်အာဏာသက်ဝင်ခဲ့သော အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတွင် အခန်း(၁၁)ခန်း၊ ပုဒ်မ ပေါင်း(၇၃)ခု ပါဝင်ပါသည်။ ဤဥပဒေသည် ယခင်အစိုးရများ လက်ထက် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ဆက်လက်ကျင့်သုံးဆဲဥပဒေ ဖြစ်ပါသည်။
Jun 10, 2021
၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ ပြည်ထောင်စု အဆင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်အဆင့်ဆင့်တွင် ဝန်ထမ်းအမျိုးအစားအလိုက် သတ်မှတ်ထားရှိသည့် ရာထူးအသီးသီး၌ တာဝန်ထမ်းဆောင်လျက်ရှိကြသော နိုင်ငံ့ဝန်ထမ်းများသည် တည်ဆဲ ဥပဒေများနှင့်အညီ နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားအတွက် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ သတ်မှတ် ချက်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)၊ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၌ ပြဋ္ဌာန်းထားပြီး ဖြစ်ပါသည်။ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အတတ်ပညာရပ်ဆိုင်ရာပြည့်စုံပြီး ဘက်လိုက်မှု ကင်းရှင်းသော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကောင်းမွန်သော အုပ်ချုပ်မှု၊ ဒီမိုကရေစီစံနှုန်းများနှင့် ပြည့်စုံရန်လိုအပ်ပါသည်။ နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးကင်းရှင်းပြီး အဂတိလိုက်စားမှု ကင်းစင်ရမည့်အပြင် မိမိတို့အား ပေးအပ်ထားသည့် လုပ်ငန်းတာဝန် များကို ထမ်းဆောင်ရာတွင် လိုအပ်သည့် ပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်းများနှင့်လည်း ပြည့်စုံရန်လိုအပ်ပါသည်။
Jun 09, 2021
ပြည်တွင်း/ ပြည်ပ နိုင်ငံခြားခရီးသွားများအနက် တစ်ကိုယ်တည်း ခရီးသွားတို့သည် အများအားဖြင့် အဖော်သဟဲအဖြစ် ဖတ်စရာ စာအုပ်တစ်အုပ်အုပ်ပါလာတတ်သည်။ ခရီးသွားလာရာတွင် နားနေ သည်ဖြစ်စေ၊ ကား၊ ရထား၊ လေယာဉ်စီးနေစဉ်ဖြစ်စေ စာအုပ်တစ်အုပ် အုပ်ဖြင့် အဖော်လုပ်နေလေ့ရှိသည်ကို တွေ့ရတတ်သည်။ အမှီခရီး သွားတို့သာမဟုတ် တိုးတက်သည့် နိုင်ငံရပ်ခြားတိုင်းပြည်များ တွင် သိစရာ၊ မှတ်စရာစာအုပ်တို့ကို ယနေ့တိုင်ဖတ်ရှုလေ့လာနေကြဆဲ ဖြစ်သည်။
Jun 09, 2021
၁
ဒီပင်္ကရာဘုရားထံ၌ ဗျာဒိတ်ရခြင်း “ဤကမ္ဘာမှ နောက်လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း၌ ဂေါတမမည် ဘုရားဖြစ်လိမ့်မည်” ဟူသော အနာဂတံသဉာဏ်ဖြင့် ဆင်ခြင်၍ ဒီပင်္ကရာဘုရားမှ ဗျာဒိတ်ပေးတော်မူခဲ့၏။ ဒီပင်္ကရာဘုရားသည် အရပ်တော် အတောင်ရှစ်ဆယ်ရှိသည်။ ရဟန္တာ ၈၄၀၀၀ ခြံရံလျက် ရှိ၏။ သက်တော်သည် အနှစ်တစ်သိန်းပြည့်သည့်အခါမှ ပရိနိဗ္ဗာန် ပြုသည်။
Jun 09, 2021
မြန်မာနိုင်ငံရှိ အခြေခံပညာရေးကျောင်းများကို ပြန်ဖွင့်မည်ဟုကြေညာခဲ့သည့်အချိန်မှစ၍ ကလေး များ ကျောင်းမတက်စေရန် ခြိမ်းခြောက်မှုနှင့် အကြမ်းဖက်မှုအမျိုးမျိုး ဖြစ်ပေါ်နေသည်မှာ အများ အသိပင်ဖြစ်သည်။
Jun 09, 2021
ဥပဒေသဘောမှာ အမှုအတောအတွင်း ကွယ်လွန်သွားသူ အမှုသည် တစ်ဦးဦးနေရာတွင် တရားဝင်ကိုယ်စားလှယ် ထည့်သွင်းပေးရန် စည်းကမ်းသတ်ကာလအတွင်း လျှောက်ထား၍ တရားရုံးကယင်းလျှောက်ထားချက်ကို ခွင့်ပြုလိုက်လျှင် အမှုမှာ ရပ်စဲသွားရန် အကြောင်းမရှိတော့ချေ။ ဤအခြေအနေတွင် အခြားပုဂ္ဂိုလ်တစ်ဦးဦးက ကွယ်လွန်သူ၏တရားဝင်ကိုယ်စားလှယ်ဖြစ်သည်ဟု အကြောင်းပြကာ အမှုသည်အဖြစ်ပါဝင်ခွင့်ပြုရန် လျှောက်ထားလာလျှင် ၎င်းအား အမှုသည်အဖြစ်ထည့်သင့်၊ မထည့်သင့်ကိစ္စကို တရားမကျင့်ထုံး ဥပဒေ အမိန့်၁၊ နည်းဥပဒေ ၁၀ အရ စဉ်းစားနိုင်သည်။ ယင်းလျှောက်ထား ချက်အတွက် ကာလစည်းကမ်းသတ်ကာလကို သီးခြားပြဋ္ဌာန်းထား ခြင်းမရှိသဖြင့် ကာလစည်းကမ်းသတ်အက်ဥပဒေ ပထမဇယား အမှတ် စဉ်-၁၈၁ နှင့် သက်ဆိုင်သည်။