အကြမ်းဖက်ဝါဒ အချိန်မီတာဆီးကာကွယ်ကြ
ပစ္စက္ခမိမိတို့ကြုံတွေ့နေရသည့်စာသင်ကျောင်းနှင့် နိုင်ငံပိုင်အဆောက်အအုံများကို ပစ်မှတ် ထား၍ ဗုံးခွဲမီးရှို့ခြင်း၊ လုံခြုံရေးအဖွဲ့ဝင်များနှင့် ပြိုင်ဘက်ပါတီဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်များအား စနစ်တကျပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်ခြင်း၊ Non CDM ဝန်ထမ်း များ၊ အမျိုးသားရေးအင်အားစုများ၊ ငြိမ်းချမ်းစွာပညာသင်ကြားနေသော ကျောင်းသားလူငယ်များနှင့် အပြစ်မဲ့ပြည်သူများအား သူလျှို ဒလန်များဟု စွပ်စွဲ၍ ခြိမ်းခြောက်သတ်ဖြတ်ခြင်း စသည့် ဖြစ်စဉ်များသည် နိုင်ငံသမိုင်းတွင် မကြုံဖူးသော အလွန်စက်ဆုပ်ရွံရှာဖွယ် အကြမ်းဖက်လုပ်ရပ် များဟု ဆိုရပေမည်။ ထိုအကြမ်းဖက်လုပ်ရပ်ကို ထောက်ခံသူ၊ ပါဝင်ဆောင်ရွက်နေသူများထဲတွင် အမျိုးသမီးငယ်များပင် ပါဝင်နေသည်မှာ အံ့သြတုန်လှုပ်ဖွယ်ဖြစ်သည်။
အကြမ်းဖက်ဝါဒီများ၏ ရည်ရွယ်ချက်
နိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ရန် လေလှိုင်းပေါ်မှတစ်ဆင့် လက်ရှိ အခါတော်ပေးနေကြသည့် အကြမ်းဖက်ဝါဒီများ၏ ရည်ရွယ်ချက်မှာ ကမ္ဘာပေါ်တွင် ထင်ရှား သည့် အကြမ်းဖက်အဖွဲ့ အစည်းများ၏ လမ်းစဉ်အတိုင်း ပြည်သူလူထုကို ထိတ်လန့်ခြောက်ခြား စေရန်နှင့် ကြောက်လန့်တုန်လှုပ်စေရန် ဖြစ်သည်။
လက်တင်ဘာသာစကားအရင်းအမြစ် Terror မှလာသော Terrorism ဝေါဟာရကိုက ကြောက် လန့်တုန်လှုပ်အောင်လုပ်ခြင်းဟု အဓိပ္ပာယ်ရသည်။ Terorism အသုံးအနှုန်းကို ပြင်သစ် တော်လှန်ရေး ကာလက စတင်သုံးနှုန်းခဲ့သည်ဟု လေ့လာသိရှိရသည်။ ဂျကိုဘင်ဟု ခေါ်သော ပြင်သစ်တော်လှန်ရေးအဖွဲ့ က Reign of Terror ဆိုသည့် အကြောက်တရားနှင့် စိုးမိုးရန်ဟူသော စကားလုံးကို စတင်တီထွင် ခဲ့ကြသည်။ နောက်ပိုင်းတွင် အစိုးရမဟုတ်သည့်အုပ်စုတွေကလည်း အကြောက်တရားကိုဖြစ်အောင် ဖန်တီးလာသည်များကို Terrorism ဟူ၍ သုံးလာကြသည်။
အကြမ်းဖက်မှုအမျိုးအစားများကို လေ့လာကြည့်လျှင် သဘောတရားရေးရာ အကြောင်းရင်းခံ နှင့် အကြမ်းဖက်တိုက်ခိုက်သည့် အမျိုးအစား၊ နိုင်ငံရေးအကြောင်းရင်းခံနှင့် အကြမ်းဖက် တိုက်ခိုက်သည့် အမျိုးအစား၊ ဘာသာရေးအကြောင်းရင်းခံနှင့် အကြမ်းဖက်တိုက်ခိုက်သည့် အမျိုးအစား၊ လူမျိုးရေးအကြောင်းရင်းခံနှင့် အကြမ်းဖက် တိုက်ခိုက်သည့်အမျိုးအစားနှင့် အခြားအကြောင်းရင်းခံများနှင့် အကြမ်းဖက်တိုက်ခိုက်သည့် အမျိုးအစားဟူ၍ လေ့လာတွေ့ရှိ နိုင်သည်။
နည်းလမ်းတစ်ရပ်
ကွန်မြူနစ်များက Revolutionary Terror ဟုဆိုကာ သဘောတရားအကြောင်းရင်းခံအရ အကြမ်းဖက်မှုကို နည်းလမ်းတစ်ရပ်အနေဖြင့် ပြုလုပ်သည်။ နိုင်ငံရေးရည်မှန်းချက်ကို ကိုင်စွဲ ထားသော အဖွဲ့အစည်းများကလည်း ကိုယ့်ပြည်နယ်၊ ကိုယ့်လူမျိုး လွတ်မြောက်ရေးဟုဆိုကာ နိုင်ငံရေးအကြောင်းရင်းခံအရ အကြမ်းဖက်မှုကို နည်းလမ်းတစ်ခု အနေဖြင့် ပြုလုပ်သည်။
ဘာသာရေးအကြောင်းရင်းခံအရ ၁၉၉၅ ခုနှစ်တွင် ဂျပန်နိုင်ငံမှ Aum Shinrikyo (သြရှရိန်ကျိုး) အဖွဲ့ခေါင်းဆောင် အာဆာဟာရာ၏ ဟောပြောမှုများကြောင့် ဘာသာရေးအစွန်းရောက် သူများက တိုကျိုမြေအောက်ရထားပေါ်၌ sarin Gas အဆိပ်ငွေ့များကို ပလတ်စတစ် အိတ်ထဲ ထည့်ကာ ဖောက်ခွဲခဲ့၍ အပြစ်မဲ့ပြည်သူများစွာ သေကျေခဲ့ရသည်။
ဘာသာရေးကို အခြေခံသော ဟားမာ့စ် (စိတ်အားထက်သန် တက်ကြွမှု) နှင့် ဟစ်ဘိုလာ (ဘုရားသခင်၏အဖွဲ့) တို့ကလည်း နိုင်ငံရေး ရည်မှန်းချက်အရ အကြမ်းဖက်မှုများကို နည်းလမ်း တစ်ရပ်အနေဖြင့် အသုံးပြုသည်။ ဟားမာ့စ်တို့က လူ့အဖွဲ့အစည်းအဟောင်းတစ်ခု၊ ပုံစံ အဟောင်းတစ်ခုမှ ပုံစံအသစ်တစ်ခုသို့သွားရန်အတွက် အမြန်ဆုံးနှင့် အသက်သာဆုံးက ပဋိပက္ခကို အတိုဆုံးနည်းနှင့် အသက်သာဆုံး ဖြေရှင်းနိုင်သည်က Terrorism ပဲဟု ကိုင်စွဲယူဆ ခဲ့ကြသည်။
အယ်လ်ကေဒါအဖွဲ့ ခေါင်းဆောင် အိုစမာဘင်လာဒင်က “ကမ္ဘာ့ပြဿနာများကို ဖြေရှင်းရန် ဂျီဟဒ်လိုသည်”ဟု ယုံကြည်ယူဆပြီး “ဂျီဟဒ်နှင့် ရိုင်ဖယ်ပဲရှိတယ်၊ ညှိနှိုင်းတာမရှိဘူး။ ဆွေးနွေး တာမရှိဘူး။ အပေးအယူမရှိဘူး” ဟူသည့် ကြွေးကြော်သံဖြင့် အာဖဂန်စစ်ပွဲမှ အစပြု၍ အမေရိကန်နှင့် ဥရောပနိုင်ငံများပါမချန် နည်းလမ်းပေါင်းစုံဖြင့် အကြမ်းဖက်တိုက်ခိုက်ခဲ့သည်။
အမေရိကန်ကလည်း အယ်လ်ကေဒါ၏ ၉/၁၁ အကြမ်းဖက်မှု အပြီးတွင် War on Terror ဟု ဆိုကာ အာဖဂန်နစ္စတန်၊ ထို့နောက် အီရတ်နိုင်ငံတို့ကို ကျူးကျော်ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ ၂၀၁၁ ခုနှစ် မေလ ၁ ရက်နေ့တွင်မူ ပါကစ္စတန်နိုင်ငံ အော့ဘ်ဒါဘဒ်မြို့၌ ပုန်းခိုနေသူ ၉/၁၁ အကြမ်းဖက်မှု၏ လက်သည်တရားခံ အိုစမာဘင်လာဒင်ကို အမေရိကန်ရေတပ် ဆီးလ်အဖွဲ့က သွားရောက်သတ်ဖြတ်ခဲ့သည်။
လူမျိုးရေးကိုအခြေခံသော အကြမ်းဖက်အဖွဲ့အစည်းအနေဖြင့်မူ ၁၉၂၀ ပြည့်နှစ်ဝန်းကျင်က အမေရိကန်မှာ Ku Klux Klan (KKK) အဖွဲ့က ထင်ရှားသည်။ ကေသုံးလုံးအဖွဲ့ ဝင်များသည် ထိုခေတ်က လူမည်းများနှင့် ဂျူးများကို လိုက်လံသတ်ဖြတ်ခဲ့ကြသည်။
၉/၁၁ အကြမ်းဖက်မှုအပြီး နောက်ပိုင်းတွင်လည်း ကမ္ဘာကြီးသည် မကြုံစဖူး အကြမ်းဖက်မှု အန္တရာယ်နှင့် ဆက်လက် ရင်ဆိုင်ကြုံတွေ့ခဲ့ ရပြန်သည်။
တုန်လှုပ်ခြောက်ခြားစေခဲ့
၂၀၀၄ ခုနှစ်က ရုရှားနိုင်ငံမြောက်ပိုင်းရှိ ဘက်စလန်ကျောင်းကို ချေချင်းညာ ခွဲထွက်ရေးအုပ်စု တစ်စုက အကြမ်းဖက်ဝင်ရောက် စီးနင်းခဲ့မှုကြောင့် ကလေးလူကြီး ၃၀၀ ကျော် သေဆုံးခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်၊ ၂၀၀၅ ခုနှစ်တွင် ဗြိတိန်နိုင်ငံ လန်ဒန်မြို့လယ်၌ ဖြစ်ပွားခဲ့သည့် ခရီးသည် တင်ဘတ်စ်ကား ဗုံးပေါက်ကွဲမှုနှင့် မီးရထား ဗုံးပေါက်ကွဲမှုဖြစ်စဉ်များ၊ ၂၀၀၈ ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းအကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်စဉ်များသည် ကမ္ဘာ့ နိုင်ငံအားလုံးကို တုန်လှုပ်ခြောက်ခြားစေခဲ့သည်။
၉/၁၁ အကြမ်းဖက်မှုဖြစ်စဉ် နောက်ပိုင်းတွင်လည်း အကြမ်းဖက်သမားများသည် ထောင့်သန်း ရောဂါပိုးမွှားများကို စာအိတ်ထဲထည့်၍ ဇီဝလက်နက်အဖြစ် အသုံးပြုကာ အမေရိကန် လွှတ်တော်အမတ်များ၊ တာဝန်ရှိသူများထံ စာတိုက်မှတစ်ဆင့် ပေးပို့ခဲ့ပြန်၍ အမေရိကန် လူထုသည် အတော်လေးချောက်ချားခဲ့ကြသည်။
ယနေ့ မြန်မာနိုင်ငံတွင်လည်း အကြမ်းဖက်ဝါဒီများက လူမှုကွန်ရက်ပေါ်မှတစ်ဆင့် အကြမ်းဖက်မှုများကို ဆက်တိုက်လုပ်ဆောင် ကြရန် ညွှန်ကြားလျက်ရှိသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ၁၅၆၆ တွင် အစိုးရတစ်ရပ်၊ နိုင်ငံတကာအဖွဲ့ အစည်းတစ်ရပ်ရပ်က တစ်ခုခုကို လုပ်ပေးရန် (သို့မဟုတ်) မလုပ်ဘဲ လက်ရှောင်နေမှုကို ရည်ရွယ်၍ တမင်သက်သက် သာမန်လူထုကိုဖြစ်စေ၊ အုပ်စုတစ်စုကိုဖြစ်စေ ပြန်ပေးဆွဲခြင်း၊ ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် သေကျေစေရန် ကျူးလွန်ခြင်း စသည့်ရာဇဝတ်မှုထိုက်သင့်သော လုပ်ရပ်မျိုးကို Terrorism ဟု အဓိပ္ပာယ်ဖွင့်ဆိုသတ်မှတ်ထားသည်။
သို့ရာတွင် အကြမ်းဖက်အုပ်စု၊ အကြမ်းဖက်မှုဟူ၍ အဓိပ္ပာယ် ဖွင့်ဆိုသတ်မှတ်ချက်များမှာမူ ကွဲပြားခြားနားမှုအချို့ရှိနေသည်။ များသည် ကမ္ဘာကြီးကို ပစ္စက္ခတိုင် ခြိမ်းခြောက် ဘာသာရေး၊ လူမျိုးရေး၊ သဘောတရားရေးခံ၍ မသိနားမလည်သည့် လူငယ်များကို မြဝင်သွားအောင် နားချ စည်းရုံးနေဆဲဖြစ်၍ ကမ္ဘာ့အသိုက်အဝန်းက တညီတညွတ်တည်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ စနစ်၏ စံပြနိုင်ငံကြီးဟု လူအများက ယူဆနေကြသည့် အမေရိကန်နိုင်ငံသည်ပင်လျှင် ကိုယ်ကျိုးစီးပွားအပေါ် အခြေခံ၍ တာလီဘန်နှင့် အယ်လ်ကေဒါအဖွဲ့ အပေါ်ရှုမြင်မှုမှာ ကွဲပြားမှုရှိခဲ့သည်။
အာဖဂန်စစ်ပွဲတွင် ဆိုဗီယက်တို့ကို ခုခံတိုက်ခိုက်နေသည့် အယ်လ်ကေဒါနှင့် တာလီဘန်တို့ကို အမေရိကန်က အာဖဂန်မူဂျာဟစ် (ဘာသာရေးစစ်သည်) များဟု ထိုစဉ်က သုံးနှုန်းခေါ်ဝေါ်ခဲ့ပြီး ထောက်ခံ အားပေးခဲ့သည်။
အာဖဂန်မှ ဆိုဗီယက်တို့ ထွက်ခွာသွားပြီးနောက်ပိုင်း အိုစမာ ဘင်လာဒင်က အမေရိကန်၏ အကျိုးစီးပွားများကိုတစ်ဖန်တိုက်ခိုက် လာသည့်အခါတွင်မူ Terrorism ဟူ၍ ပြောင်းလဲခေါ်ဝေါ် ခဲ့သည်။
တညီတညွတ်တည်း ဆန့်ကျင်ရှုတ်ချ
မည်သို့ဆိုစေ အကြမ်းဖက်သမားတို့၏ အကြမ်းဖက်လုပ်ရပ်များသည် ကမ္ဘာကြီးကိုပစ္စက္ခတိုင် ခြိမ်းခြောက်နေဆဲ။ အကြမ်းဖက်ဝါဒီ များသည် နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေး၊ သဘော တရားရေး စသည့်အကြောင်းရင်းခံများအပေါ် အခြေခံ၍ မသိနားမလည်သည့် လူငယ်များကို အကြမ်းဖက်ဝါဒ အတွေးအခေါ်များ စိမ့်ဝင်သွားအောင် ချစည်းရုံးနေဆဲဖြစ်၍ အကြမ်းဖက် လုပ်ရပ်များကို ယဉ်ကျေးသော ကမ္ဘာ့အသိုက်အဝန်းက တညီတညွတ်တည်း ဆန့်ကျင်ရှုတ်ချကြ ရပေမည်။
မြန်မာနိုင်ငံတွင် လက်ရှိရင်ဆိုင်ကြုံတွေ့နေရသော အကြမ်းဖက် မှုပြဿနာကို ကမ္ဘာကြီးသည် အကြမ်းဖက်လုပ်ရပ်ဟုမမြင်ဘဲ လျစ်လျူရှုခဲ့ပါက အကြမ်းဖက်ဝါဒသည် ကမ္ဘာပေါ်တွင် တစ်ကျော့ပြန် ခေါင်းထောင်ထလာပေဦးမည်။
မြန်မာပြည်သူလူထုအနေဖြင့်လည်း အကြမ်းဖက်လုပ်ရပ်ကို အကြမ်းဖက်လုပ်ရပ်အဖြစ်၊ အကြမ်းဖက်ဝါဒကို အကြမ်းဖက်ဝါဒအဖြစ် ခွဲခြားရှုမြင်ကာ အချိန်မီ ပူးပေါင်းကာကွယ် တားဆီး ကြရပေမည်။ လက်ရှိကျူးလွန်နေသည့် အကြမ်းဖက်လုပ်ရပ်များကို သတိမမူ လျစ်လျူရှုခဲ့ပါမူ အကြမ်းဖက်ဝါဒသည် မြန်မာနိုင်ငံတွင် အမြစ်တွယ်ကာ ပြည်သူလူထုကို ဒုက္ခပင်လယ်ဝေစေပါ လိမ့်မည်။ အချိန်မီ ပူးပေါင်းကာကွယ်တားဆီးကြစို့။ ။
ကိုးကား။ ။ Global Panorama အစီအစဉ်ပါ ဦးကိုကိုလှိုင်၏ “အကြမ်းဖက်မှု ပြဿနာ” ဆွေးနွေးချက်မှ။
စာချစ်သူ