Skip to main content
Jun 06, 2021
ဆောင်းပါး
ဟန်လင်းပျူမြို့ဟောင်း မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအမွေအနှစ်များ ပေါများကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ရှေးဟောင်းမြို့၊ ရှေးဟောင်းအဆောက်အအုံနှင့် ရှေးဟောင်း ဝတ္ထုပစ္စည်းများ များစွာတည်ရှိနေသည့် အနက် ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာ ပျူ ရှေးဟောင်းမြို့ သုံးမြို့ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေး UNESCO သို့ တင်သွင်းခဲ့ပြီး ၂၀၁၄ ခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပျူမြို့ဟောင်းများအဖြစ် သတ်မှတ်ခံခဲ့ ရပါသည်။ ကမ္ဘာ့အမွေအနှစ် ရရှိပြီးနောက် ချမှတ် ရေးစွဲထားသော မျှော်မှန်းချက်များ၊ ဦးတည်ချက် များ၊ လုပ်ငန်းအစီအစဉ်များဖြင့် ယဉ်ကျေးမှုအမွေ အနှစ်ဒေသကို ရေရှည်တည်တံ့စေရန် ထိန်းသိမ်း စောင့်ရှောက် ကာကွယ ်ခြင်းနှင့်အတူ သုတေသန လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက် လာနိုင်ခဲ့ ပါသည်။ဟန်လင်းပျူရှေးဟောင်းမြို့သည် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက် မြို့နယ်အတွင်းရှိ ဟန်လင်း(ဟံလင်း) ကျေးရွာတွင် တည်ရှိသည်။ ဟန်လင်းကျေးရွာသည် ရွှေဘိုမြို့မှ အရှေ့တောင်ဘက် ၁၀ မိုင်ခွဲခန့်အကွာ၊ ဝက်လက် မြို့မှ အရှေ့မြောက်ဘက် ခြောက်မိုင်ခန့်အကွာ တွင် တည်ရှိသည်။
Jun 06, 2021
“အမှန်အတိုင်းပြောရရင် လယ်ကို ဒီလိုစနစ်ကျ လယ်ယာမြေဖော်ထုတ်ဖို့ စပြီးပြောတုန်းက ကျွန်တော်တို့ လုံးဝသဘောမတူခဲ့ဘူး။ ဘယ့်နှယ့်ဗျာ ကျွန်တော်တို့ မိဘတွေရဲ့ လက်ငုတ်လက်ရင်း အမွေရခဲ့တဲ့ လယ်လေး ခြောက်ဧကကျော်ကျော် ရှိပေမယ့်လယ်ကွက်ပုံစံလေးက ကဗျာဆန်တယ်ဗျ။ မြန်မာပြည်မြေပုံနဲ့ ခပ်ဆင်ဆင်၊ အဲဒီတော့ ဒီလိုပုံစံ ကို ဖျက်ပစ်မယ်ဆိုတော့ ဘယ်သဘောတူပါ့မလဲ" အင်္ကျီအဖြူ၊ ကရင်လုံချည်အနီကို တိုတိုဝတ်ထားသည့် လယ်သမားကြီး ကိုလူမောင်က သူ့လယ်ကို စက်မှု လယ်ယာမှ စနစ် တကျလယ်မြေဖော်ထုတ်ဖို့ လာရောက်စည်းရုံးစဉ် သူ၏ခံစားချက်ကို ပြောပြ နေခြင်းဖြစ်သည်။ သည်နေ့မနက် ကျွန်တော်တို့အဖွဲ့ နေပြည်တော်မှ မနက် ၆ နာရီခွဲလောက်က ထွက် ခဲ့ကြသည်။ ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုး မွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် လာခဲ့ခြင်း ဖြစ်သည်။ ရေတာ ရှည်မြို့နယ်၊ သပြေတန်းကျေးရွာ အုပ်စု သပြေတန်းရွာ ကွင်းအမှတ်(၆၃၈)သို့ ကျွန်တော်တို့ မနက် ၇ နာရီခွဲသာသာတွင် ရောက်ရှိသည်။ တာလပတ်မိုးထားသည့် ယာယီမဏ္ဍပ်လေး အတွင်း သပြေတန်း ကျေးရွာမှတောင်သူဦးကြီးများနှင့် စက်မှုလယ်ယာမှ ဝန်ထမ်း များ ရောက်ရှိနေသည်။ လယ်ကွင်းထဲတွင် မျက်စိတစ်ဆုံး ဒိုဇာဖြင့် ကန်သင်းဖြိုသူကဖြို၊ တစ်ဧက ကွက် ဖော်ထုတ်သည့်စက်က ဖော်ထုတ်ဖြင့် ပျားပန်းခပ်မျှ လှုပ်ရှားနေကြသည်။
Jun 05, 2021
artical
လွန်ခဲ့သော ခြောက်နှစ်ခန့်က ကျွန်ုပ်သည် မြို့ငယ် တစ်ခုသို့ အမျိုးသားကျောင်းစစ်ရန် သွားရ၏။ ၎င်းတို့မြို့ သို့ မီးရထားဆိုက်လျှင် ကျွန်ုပ်၏ သူငယ် ချင်း သပိတ်မှောက် ကျောင်းသားဟောင်းဆရာ ကြီးသည် လာ၍ကြိုနေသည်ကို တွေ့ရ၏။ ဘူတာ အနီးတွင် ကပ်၍ ကျွန်ုပ်၏ရင်းနှီးသော မိတ်ဆွေ တစ်ယောက်နေသည်ကို ခဏမျှ တွေ့လိုသည်နှင့် သူငယ်ချင်းဆရာကြီးအား ကျွန်ုပ်၏ပစ္စည်းများနှင့် သွားနှင့်ရန်ပြောဆိုလွှတ်လိုက်၏။ အဆိုပါ ဘူတာ အနီးရှိ မိတ်ဆွေနှင့် စကားစမြည်ပြော၍ အတန်ကြာ ပြီးနောက် ဆရာကြီးအိမ်သို့ သွားတော့မည်ဟု ဘူတာအနီးကပင် ဖြတ်၍လာခဲ့ရာ -
Jun 05, 2021
ကမ္ဘာ့ပတ်ဝန်းကျင်
 ၁၉၅၀ ပြည့်လွန်နှစ်များမှစ၍ လူသား များသည် ကမ္ဘာ့ရာသီဥတု ပြောင်းလဲဖြစ်ပေါ် လာခြင်း၊ မြေထု၊ ရေထု၊ လေထုများ ညစ်ညမ်း လာခြင်း၊ ကမ္ဘာ့အိုဇုန်းလွှာ ယိုယွင်းပျက်စီးလာခြင်း၊ သဘာဝသယံဇာတ၊ ဇီဝမျိုးစုံ မျိုးကွဲ များနှင့် ဂေဟ စနစ်ယိုယွင်းပျက်စီးလာခြင်း စသည့်အန္တရာယ်များ ဖြင့် ရင်ဆိုင်ကြုံတွေ့နေ ရပေသည်။ ထိုသို့ရင် ဆိုင် ကြုံတွေ့နေရသည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးပြဿနာများတွင် ကမ္ဘာသူ ကမ္ဘာသားအားလုံး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လာစေရေး အတွက် ကုလသမဂ္ဂက ကြီးမှူး၍ ပထမဆုံးအကြိမ် *လူသားနှင့် ပတ်ဝန်းကျင်”ညီလာခံကြီးကို ၁၉၇၂ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ဆွီဒင်နိုင်ငံ စတော့ဟုမ်း မြို့၌ ကျင်းပ ခဲ့ပါ သည်။ ညီလာခံကြီး စတင်ကျင်းပ သည့် ဇွန်လ ၅ရက်နေ့ကိုလည်း ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး နေ့အဖြစ် သတ်မှတ်ခဲ့ပါသည်။ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့သည် ပတ်ဝန်းကျင် ကာကွယ် ရေးနှင့် ပတ်ဝန်း ကျင်ကို  ထိခိုက်မှုမရှိစေရေး ဖြေရှင်းနိုင်မည့်နည်းလမ်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသိပညာ ပေးမှုကို မြှင့်တင်ရန် ရည်ရွယ်ပါသည်။
Jun 05, 2021
အကြောင်းတရားနဲ့ အကျိုးတရားဆိုတာက ဒွန်တွဲ နေတဲ့လောကနိယာမတရား ဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်နေတဲ့ အကျိုးတရားတွေကို အဖြေရှာဖို့ဆိုရင် အရင်းခံ အကြောင်းတရားကို ပြန်စစ်ရမှာ ဖြစ်ပါတယ်။
Jun 04, 2021
တစ်နေ့က ရုံးပိတ်ရက်တွင် အိမ်အတွက် ဗာဘီရ ပစ္စည်းများ လိုအပ်နေ၍ သူငယ်ချင်းနှင့်အတူ ဈေးသွားဖြစ်ခဲ့သည်။ အိမ်ရှင်မတစ်ယောက် စေ◌ျးသွားခြင်းသည် အဆန်းမဟုတ်ပါ။ သို့သော် စေ◌ျး၌မြင်တွေ့ကြားသိခဲ့ရသည့် အကြောင်းခြင်းရာ တချို့ကြောင့် စိတ်ထဲတွင် အတော်မကောင်းဖြစ်ခဲ့ ရခြင်းကသာ အဆန်းဖြစ်သည်။
Jun 04, 2021
အကြောင်းတရားနဲ့ အကျိုးတရားဆိုတာက ဒွန်တွဲ နေတဲ့လောကနိယာမတရား ဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်နေတဲ့ အကျိုးတရားတွေကို အဖြေရှာဖို့ဆိုရင် အရင်းခံ အကြောင်းတရားကို ပြန်စစ်ရမှာ ဖြစ်ပါတယ်။
Jun 04, 2021
လူငယ်လူရွယ် မောင်မယ်တို့၏ အစ ကနဦး အာစရိယဆရာများနှင့်ဘဝဥယျာဉ်မှူးများဖြစ်ကြသည့် မိဘရှင်တိုင်းသည် “ရင်သွေးဟူက၊ ချစ်မဝ၍၊ လောကအားလုံး၊ သားသမီးကို မုန်းတယ်လို့၊ ထုံးစံဘယ်မှာရှိလိမ့်” ဟူသော ဆိုရိုးစကားနှင့်အညီ ရင်သွေးသည်းချာ၊ သားလှရတနာ၊ သမီးလှရတနာတို့သည် သူတို့၏အသည်း နှလုံးသဖွယ် မြတ်နိုးတွယ်တာလျက်ရှိကြသည်။
Jun 04, 2021
စာရိတ္တဟူသော ကိုယ်ကျင့်သီလတရားသည် လူတစ်ဦးစီအတွက် အသက်သွေးခဲဖြစ်ပါသည်။ လူအများ ကိုယ်ကျင့်သီလရှိခြင်း မရှိခြင်း၊ အားနည်းခြင်း/အားများခြင်းတို့ | အပေါ်မူတည်၍ မိမိ၏၊ လောက၏ ကောင်းကျိုးဆိုးကျိုးတို့ကို ဖြစ်ပေါ်နိုင်သည်။ လူတစ်ဦးချင်းစီကို အနောက်နိုင်ငံလောက၌ Personality, Character, Quality စသည်ဖြင့် ပင်ကိုစရိုက်လက္ခဏာ၊ ထူးခြားသောအရည်အသွေး၊ ထူးခြားသော ဝိသေသလက္ခဏာ၊ အရည်အချင်း၊ ကျွမ်းကျင်မှုတို့အပေါ် မူတည်၍ အဆင့်အတန်းကို သတ်မှတ်ကြပါသည်။
Jun 04, 2021
3
“စစ်ကျွန်ပညာရေး တက်စရာမလိုဘူး” “စစ်ကောင်စီကဖွင့်သည့်ကျောင်း ဘွဲ့ရရင် အလုပ်လုပ်လို့ မရဘူး” “ဘွဲ့လက်မှတ် အသိအမှတ်မပြုဘူး”