လူငယ်သတင်းသမားတို့၏ အနာဂတ်မီဒီယာသမိုင်း မရိုင်းစေဖို့
(၁) ကုန်းဘောင်ခေတ် မြန်မာ့ကြေးနန်းမီဒီယာခေတ်၌ “ ငါမကောင်း၊ ငါ့အကြောင်းရေးကြပါ၊ ငါ့မိဖုရား မကောင်းလျှင် ငါ့မိဖုရားအကြောင်းရေးကြပါ၊ သတင်းစာဆရာတွေ ငါ့နန်းတော်၌ အတားအဆီး မရှိ ဝင်ကြစေ၊ ထွက်ကြစေ ”။ မင်းတုန်းမင်းကြီး (၁၁၇၆-၁၂၄၀)၊ (မြနန်း စံကျော်၊ ရွှေနန်းတော်၊ ကုန်းဘောင်ခေတ် မြန်မာ့သမိုင်း) မင်းတုန်းမင်းကြီးသည် ၁၈၇၅ ခုနှစ် မတ်လ ၂၀ ရက်နေ့မှစတင်ပြီး ရတနာပုံနေပြည်တော် သတင်းစာကို ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ သီပေါမင်းပါတော်မူပြီးနောက် ရတနာပုံ နေပြည်တော်သတင်းစာသည် (သတင်းစာသက် ၁၄နှစ်)တွင် ရပ်စဲသွားပါသည်။ မင်းတုန်းမင်းတရားကြီးကိုယ်တိုင် ကြီးကြပ် ပိုင်ဆိုင်ခဲ့သည့် ရတနာပုံနေပြည်တော်မှ ထုတ်ဝေ သော (Mandalay Gazette)နှင့် စပ်လျဉ်း၍ မင်းတုန်းမင်းသည် သတင်းစာ၏ ယုံကြည်ချက်နှင့် ဦးတည်ချက်သဘောတရား (၁၁)ချက်ပါရှိသော သတင်းစာတိုက်၏ ဥပဒေတစ်ရပ်ဟူ၍ ပုရပိုက်ပေါ် ၌ ရေးသားကာ အတည်ပြုပြဋ္ဌာန်းခဲ့သည်။ မင်းတုန်းမင်းကြီး၏ အထူးအမိန့်ပြန်တမ်း တစ်ရပ်ကို သတင်းစာတိုက်၌ အောက်ပါအတိုင်း ထုတ်ပြန်တော်မူခဲ့သည်။ “ငါမကောင်းလျှင် ငါ့ကိုရေး၊ ငါ့မိဖုရား မကောင်းလျှင် ငါ့မိဖုရားကိုရေး၊ ငါ့သားသမီး မကောင်းလျှင်ငါ့သားသမီးကိုရေး၊ မြို့ဝန်မကောင်း လျှင် မြို့ဝန်ကိုရေး၊ မင်းတို့သတင်းစာတိုက်၌ အပြစ်မရှိစေရ၊ နန်းတော်တွင်းသို့ သတင်းစာတိုက်မှ မည်သူမဆို အဆီးအတားမရှိ ဝင်ထွက်စေ”။ အထက်မြန်မာနိုင်ငံတော်ကို ဗြိတိသျှတို့ သိမ်းယူလိုက်သည့်၁၈၈၅ခုနှစ်၌ရတနာပုံနေပြည်တော် ရပ်ဆိုင်းဖျက်သိမ်းခံရသဖြင့် သတင်းစာသမိုင်း၌ ဆုံးရှုံးမှုကြီးတစ်ရပ်အဖြစ် သမိုင်းတင်ရစ်သည်။ ဗြိတိသျှကိုလိုနီခေတ် ၁၈၃၆ ခုနှစ် မတ်လ ၃ ရက်နေ့ ပထမဦးဆုံး စတင်ထုတ်ဝေခဲ့သော မော်လမြိုင်ခရိုနီကယ်သည် (တနင်္သာရီဝန်ရှင်တော် မင်းကြီး မစ္စတာ ဘလန်ဒယ်(E.A blandell)က သူ၏ ကိုယ်ပိုင်ငွေဖြင့် အပတ်စဉ်ထုတ်သတင်းစာဖြစ်ပြီး ဗြိတိသျှအစိုးရက မြန်မာပြည်သူများ၏လွတ်လပ် ရေးတိုက်ပွဲဝင် မျိုးချစ်စိတ်ဓာတ်ကို သေးသိမ် ချိုးနှိမ်ပစ်ရန်နှင့် ကိုလိုနီအုပ်ချုပ်ရေးစနစ်ကျွန်သက် ရှည်စေသော ဝါဒဖြန့်ချိရေးအတွက် သတင်းစာ လက်နက်ကို စတင်အသုံးပြုခဲ့ခြင်းဖြစ်ပါသည်။ ၁၉၂၄ ခုနှစ်၌ ပထမဦးဆုံးသော မြန်မာနိုင်ငံ သတင်းစာအဖွဲ့အစည်းဖြစ်သော “အယ်ဒီတာများ ညီညွတ်ရေးအဖွဲ့ ”သည်လည်း ကိုလိုနီနယ်ချဲ့ လက်ကိုင်တုတ်အဖွဲ့ အစည်းတစ်ခုဖြစ်သည်ဟု ဆိုလျှင် မမှားချေ။ ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် မြန်မာတို့၏ ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေး မဟာ ဗျူဟာခံစစ် အင်းဝခံတပ်၊ သပြေတန်းခံတပ်နှင့် စစ်ကိုင်းခံတပ်များကို ရှေးရှု၍ အင်္ဂလိပ်သင်္ဘောများ တက်လာချိန်၌ အင်းဝတပ်စုတွင်ရှိနေသည့် မြန်မာ စစ်သည်တော် ၈၀၀၀ ကျော်နှင့်ပတ်သက်၍ သီပေါဘုရင်၏ ကြေးနန်းစာတွင် “မြန်မာများ လက်နက်ချတော့ ”ဟူသော ဖော်ပြချက်များအရ ထိုကြေးနန်းစာသည် ကုန်းဘောင်ခေတ်ကြေးနန်း သတင်းဆက်သွယ်ရေး၌ မြန်မာတို့၏ရွှေကျိုင်း တံခွန်ထူခဲ့သော ထီးဖြူဆောင်း မင်းဆက် ပျက်သုဉ်းကာ ထီးကျိုးစည်ပေါက် ကိုလိုနီနယ်ချဲ့ ကုလားဖြူလက်အောက် ကျရောက်ခဲ့ရသည့် နိဒါန်းပင်ဖြစ်သည်။ မည်သို့ဖြစ်စေကာမူ ဂန္ထဝင်မြောက်ရာဇသင်္ဂဟ ကျမ်းပြုစုသူ ယောအတွင်းဝန် ဦးဘိုးလှိုင်(ဖိုး)လှိုင် သည် မြန်မာ့ကြေးနန်းစာ အကျယ်ရေးနည်းကို သတင်းဆက်သွယ်ရေးအတွက် တီထွင်ဖန်တီးခဲ့သူ ကြေးနန်းစာသတင်းပညာရှင်တစ်ဦးဟုဆိုနိုင်ပါသည်။ (၃) ယခုအချိန်ကာလတွင် ခေတ်စနစ်များ ပြောင်းလဲပြီး အီလက်ထရွန်နစ်နှင့်ဒစ်ဂျစ်တယ်ခေတ် ၌ IT နည်းပညာဖွံ့ဖြိုးတိုးတက်လာချိန်တွင် နိုင်ငံ တကာသတင်းမီဒီယာလုပ်ငန်းများသည် အရှိန်အဟုန် ပြင်းစွာ ရှေ့သို့အပြိုင်အဆိုင် ခုန်ပျံကျော်လွှား တက်လှမ်းလျက်ရှိပါသည်။ သို့ရာတွင် ကျွန်တော်တို့မြန်မာနိုင်ငံအဖို့အတိတ် သမိုင်း၌ကျန်ရစ်ခဲ့သော မြန်မာ့မီဒီယာ လုပ်ငန်းမှ ရရှိနိုင်သည့် သင်ခန်းစာများ၊ အကျိုးကျေးဇူးများနှင့် ခေတ်ဟောင်း၊ စနစ်ဟောင်းမှ နိုင်ငံရေးမီဒီယာ မူဝါဒများ၊ ကျင့်စဉ်များကို ဗဟုသုတအနေဖြင့် အာရုံစူးစိုက်ဖတ်ရှု လေ့လာ ကြရမည် ဖြစ်ပါသည်။ ထိုအရာများကို တစေ့တစောင်း သိရှိနားလည် သင့်သည်။ ဆင်ခြင် မှတ်သားသင့်သည်ဟု ထင်ပါသည်။ မီဒီယာများနှင့် နိုင်ငံရေးသည် ခွဲခြား၍မရပါ။ ခွဲ၍ကြည့် ရမည်။ တွဲ၍ကြည့်ရမည်။ အင်္ဂလိပ်လက်အောက်ခံဘဝ၌ ၁၉၂၁ ခုနှစ် နိုဝင်ဘာလတွင် ဗြိတိန်မှ ဝေလမင်းသား မြန်မာ နိုင်ငံသို့ လာရောက်သည့်သတင်း၌ အင်္ဂလိပ် အလိုတော်ရိ အရာရှိကြီးများ၏ လှပျိုဖြူများက ပန်းစည်းဆက်ကြိုဆိုပွဲ၊ ဧည့်ခံဂုဏ်ပြုပွဲများကို ကျယ်ကျယ်ပြန့်ပြန့် စီစဉ်ခဲ့ကြသည်။ သို့ရာတွင် ထိုလှုပ်ရှားမှုများကို ဆန့်ကျင်ကန့်ကွက်သပိတ် မှောက်ရန် လှုံ့ဆော်ရေးသားကြသော မြန်မာသတင်း စာဆရာ ဦးချစ်လှိုင်ကိုဟုမ္မလင်းမြို့သို့လည်းကောင်း၊ မြန်မာ့အလင်း ဦးစိန်ကိုကလေးမြို့သို့လည်းကောင်း၊ နယူးဘားမား ဦးဘလှိုင်ကို မော်လိုက်မြို့သို့လည်း ကောင်း ဗြိတိသျှအစိုးရက နယ်နှင်ဒဏ်ပေးခဲ့သည်။ ထိုစဉ်က ဝေလမင်းသားသည် မြန်မာနိုင်ငံ၌ သုံးရက်ကြာနေထိုင်စဉ်အတွင်း မြန်မာ့အလင်း ( သတင်းစာ လုံးဝမထုတ်ဘဲဆန္ဒပြသပိတ်မှောက်ခဲ့ကြသည်။ ဗြိတိသျှနယ်ချဲ့ ဆန့်ကျင်ရေး အတွက် သတင်းစာလက်နက်ကို ကိုင်စွဲလိုက်ခြင်းဖြစ်သည်။ ဗြိတိသျှအစိုးရ၏ တောင်သူလယ်သမား များအပေါ် ဖိနှိပ်သွေးစုပ်၊ ခေါင်းပုံဖြတ်မှု ဆန့်ကျင် ရေး ဆရာစံတောင်သူလယ်သမားပုန်ကန်မှု သတင်းကို စက်သေနတ်နှင့်ပစ်သော်လည်း မီးမကူး ဟူ၍ သူရိယသတင်းစာက ဖော်ပြသဖြင့် သူရိယ သတင်းစာအား အာမခံငွေ ကျပ်တစ်သောင်း ဒဏ် ရိုက်ခံရသည်။ သူရိယသတင်းစာကကန့်ကွက်သည့် အနေဖြင့် ခေါင်းကြီးမရေးဘဲဆန္ဒပြခဲ့ရာ ရက်သတ္တ နှစ်ပတ်အကြာမှ အာမခံငွေပြန်လည်ရရှိသည်။ ၁၉၄၈ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ဖ.ဆ.ပ.လ နှင့် ဗ.တ.လ.စ အဖွဲ့ချုပ် ဦးဆောင်သော လူထုစည်း ဝေးပွဲဆန္ဒဖော်ထုတ်ပွဲကို ရန်ကုန်မြို့ ဗန္ဓုလပန်းခြံ၌ ကျင်းပခဲ့သည်။ ဆန္ဒပြသူတို့က သတင်းစာများကို ရှုတ်ချသည့်ကြွေးကြော်သံများအော်ဟစ်ခဲ့ပြီးနောက် ဟစ်တိုင်သတင်းစာ၊ အိုးဝေသတင်းစာနှင့် စီးပွားရေး သတင်းစာတိုက်များသို့ သွားရောက်ကြပြီး စာပုံနှိပ် စက်များကို ရိုက်ချိုးဖျက်ဆီးခဲ့ကြသည်။ ခဲစာလုံးသမိုင်း၌ ကျန်ရစ်ခဲ့သော မြန်မာ့မီဒီယာ အကျိုးကျေးဇူးများနှင့် ခေတ်ဟောင်း၊ များ၊ ကျင့်စဉ်များကို ဗဟုသုတ ကြရမည် ဖြစ်ပါသည်။ ထိုအရာများကို ။ ဆင်ခြင်မှတ်သားသင့်သည်ဟု ထင်ပါ သံ ခွဲခြား၍မရပါ။ ခွဲ၍ကြည့်ရမည်။ ခွက်များကို မှောက်လှန်ဖျက်ဆီးခဲ့ကြသည်။ သို့ရာတွင် ဥပဒေအရ ပျက်စီးဆုံးရှုံးမှုနစ်နာကြေး မရရှိကြပေ။ ထိုဖြစ်စဉ်များ၏ အဓိကအကြောင်းရင်းအမှန် မှာ ဖဆပလအစိုးရအဖွဲ့ဝင်တစ်ဦး သာယာဝတီ ခရိုင် ဗိုလ်တဲတစ်ခု၌ဖြစ်ပေါ်ခဲ့သော လိင်အရှုပ်တော်ပုံ အညှီအဟောက်သတင်းကို အိုးဝေ သတင်းစာက ပထမဆုံး ဖော်ထုတ်ရေးသားခဲ့ခြင်းကြောင့်ဖြစ် သည်။ ထိုကိစ္စအတွက် ဖဆပလ အစိုးရဝန်ကြီးချုပ် ဦးနုကိုယ်တိုင် စုံစမ်းရေးကော်မရှင်ဖွဲ့ စည်းပေးရ သည့် ပူစပ်ပူလောင် အဖြစ်မျိုးရောက်ရှိခဲ့သည်။ ထို့အပြင် ၁၉၄၈ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော နယူးတိုင်းဘားမားအော့ဇာဖားသတင်းစာ အယ်ဒီ တာချုပ် ဦးတင်ထွဋ်သည် သတင်းစာတိုက်မှအပြန် သူ၏ကားထဲ၌ အကြမ်းဖက်သမားက အချိန်ကိုက်ဗုံး ထည့်ဖောက်ခွဲ ခဲ့သဖြင့် သတင်းစာဆရာကြီး ဦးတင်ထွဋ် လုပ်ကြံခံခဲ့ရသည်။ ထိုအမှုနှင့်ပတ်သက်၍ ဥပဒေအရ တရားခံကို စုံစမ်းဖော်ထုတ်ခွင့်မရရှိခဲ့ပေ။ သတင်းစာဆရာကြီး ဦးတင်ထွဋ်လုပ်ကြံခံရ သော ပြစ်မှုဆိုင်ရာအကြောင်းရင်းကို စုံစမ်းရန် ကြေးမုံ ဦးသောင်း(အောင်ဗလ)ကကြံစည်ခဲ့ဖူးသည်။ သို့သော် သူ၏ဆရာ ဗမာ့ခေတ် ဦးအုန်းခင်က ထိုကိစ္စကိုင်တွယ်လျှင် အန္တရာယ်မြင်သည့်ပုံစံဖြင့် ထိုအမှုကိုမစုံစမ်းရန် တားမြစ်ခံ ရကြောင်း သတင်း စာဆရာကြီး ဦးသောင်းကိုယ်တိုင် ဖွင့်ဟရေးသား ချက်အရ သိရသည်။ မည်သို့ပင်ဖြစ်စေ တရားဥပဒေအရ အရေးယူ ဆောင်ရွက်ခဲ့မှု မပြုနိုင်ခဲ့ခြင်းသည် ဝမ်းနည်းဖွယ်ရာ ထူးခြားဖြစ်စဉ်ဟု ဆိုရပါမည်။ သို့ရာတွင် မီဒီယာ သမားတစ်ဦး အကြမ်းဖက်ဝါဒီ၏ လက်ချက်ဖြင့် ကျဆုံးခဲ့ခြင်းသည် ဒုတိယဖြစ်ကြောင်း မှတ်တမ်း ပြုရပါမည်။ ပထမအကြိမ်မှာ မြန်မာ့အလင်း သတင်းစာသစ် အယ်ဒီတာချုပ် ဆရာသင်ကို လူဆိုးငမိုးက ဓားဖြင့်ထိုးသတ်ခဲ့မှုဖြစ်သည်။ ကျွန်တော်သည် သတင်းစာဆရာကြီး ဦးလောရုံ၏ The Nation သတင်းစာ၌ သထုံခရိုင် သတင်းထောက်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ရာ ထိုစဉ်က ဆူပူသောင်းကျန်းမှုများ နေ့စဉ်မပြတ် ဖြစ်ပွားနေချိန်၌ သောင်းကျန်းသူသတင်းများကိုသာ အများဆုံးပေးပို့ရေးသားသည့်အခါ တစ်ကော်လံ သတင်းရေးခ၂၀ ကျပ်ရရှိသည်။ စာတိုက်မှ သတင်း ရေးသားပေးပို့ရာ တံဆိပ်ခေါင်း ငါးပြား Book post အတွက် ကုန်ကျသည်။ အရေးကြီးသောသတင်းကို ကြေးနန်းစာဖြင့် အမြန်ပေးပို့ပါက စာလုံးတစ်လုံး ဆယ်ပြားကုန်ကျသည်။ အိုးဝေ၊ ဗဟိုစည်၊ လူထု၊ အထောက်တော် သတင်းစာများ၌ သတင်းရေးခ မရသော်လည်း ဗော်လံတီယာအကျိုးဆောင်(ကဆ)အဖြစ် စေတနာ့ ဝန်ထမ်းအကျိုးတော်ဆောင် ဆောင်ရွက်ခွင့် ရရှိခဲ့သည်။ ဤသို့ဖြင့် ကျွန်တော့်အတွက် သတင်းထောက် လုပ်ငန်းအတွေ့အကြုံ ပိုမိုရရှိပါက သတင်းစာဆရာ အရည်အသွေးတိုးတက်စေရန် မျှော်လင့်ချက်ဖြင့် သတင်းရေးခ အသပြာငွေကြေးကို အဓိကမထားဘဲ ကိုယ်တွေ့ ကိုယ်ပိုင်ကြိုးပမ်းခွင့်ရရှိမှုအပေါ် များစွာဂုဏ်ယူသည်။ ကျေနပ်သည်။ ပီတိဝမ်းသာ ဖြစ်ရသည်။ ဤကား ခိုင်မာသောယုံကြည်ချက်။ ယနေ့ မြန်မာနိုင်ငံစာနယ်ဇင်းလောက၌ လာ၊ ငွေကြေး အဓိကမက်လုံးပေးပြီး သတင်း ထောက်များကို အချို့လုပ်ငန်းရှင်များက ချက်ချင်း ခန့်အပ်တာဝန်ပေးဝန်ဆောင်မှု စနစ်သည် အားနည်း ချက်ရှိသည်ဟု အခိုင်အမာယုံကြည်သည်။ ။ လုပ်ငန်းအတွေ့အကြုံ ပျိုမျစ်နုနယ်သေး သည့် လူငယ်သတင်းသမားများကို သောက်သုံးရေ အတွက် ရေဘုံဘိုင်မှလှည့်ထုတ်နေသလို “ လိုအပ်ချက် ” အရ မလွှဲမရှောင်သာ မွေးထုတ်ပေးနေခြင်း သည် “အရည်အသွေးနှင့်အရည်အချင်း”ပိုင်း၌ သတင်းစာ ပညာ သဘောတရားနှင့် လက်တွေ့ သင်တန်းအပါအဝင် စာပေလေ့လာဖတ်ရှုမှု၊ ဇွဲ လုံ့လ၊ အနစ်နာခံ ကိုယ်ကျိုးစွန့်လွှတ်မှုတို့ကိုဆန်းစစ် အကဲဖြတ်မှုမရှိသဖြင့် ဆင်ခြင်စဉ်းစား ဖွယ်ရာ ရှိနေကြောင်း သတိပြုသင့်ကြသည်။ ဆရာဝန်တစ်ဦး၊ အင်ဂျင်နီယာတစ်ဦး၊ ရုံး စာရေးကြီးတစ်ဦးကို လေ့ကျင့်မွေးထုတ်ရန်သည် အတိုင်းအတာတစ်ခုအတွင်း၌ “ အချိန်နှင့်အင်အား” သာ လိုအပ်သည်။ ဤနေရာတွင် ကျယ်ပြန့်သော မီဒီယာ လောကအတွက် ထိုက်ထိုက်တန်တန် ဝန်ဆောင်မှု ပေးနိုင်သောသတင်းသမားများကိုရက်ပိုင်း၊ လပိုင်း မွေးထုတ်ပေးရန်မှာ မဖြစ်နိုင်ပေ။ သို့သော် ကာယကံရှင်သတင်းသမား၏ကြိုးပမ်းအားထုတ်မှုသည် အဓိကဖြစ်သည်။ လွန်ခဲ့သောနှစ် များက ပုဂ္ဂလိကမီဒီယာသင်တန်းအချို့ကို ဖွင့်လှစ် သင်ကြားမှုရှိနေသော်လည်း အလုပ်မ ဖြစ်ဟုသိရပြီးအောင်လက်မှတ်အမည်ခံ သင်တန်းဆင်းလက်မှတ် မှာ ဘဝအတွက် မျှော်လင့် ချက်မရှိဟု သိရသည်။ သတင်းမီဒီယာသမိုင်းဟု ပြောကြရေးကြလျှင် သတင်းစာတည်းဟူသော ပုံနှိပ်မီဒီယာမှ စတင်ခဲ့ ခြင်းဖြစ်ကြောင်း သိရှိကြသည်။ ရတနာပုံခေတ် ပညာရှိအမတ်တစ်ဦးဖြစ်သူ ဝန်ဇင်းမင်းရာဇာက သတင်းစာဆရာများသည် “ပြည်ကြီးမျက်ခုံး၊ ပြည့်မျက်လုံး” ဟူ၍ မဏိရတနာပုံကျမ်း၌ ပမာ နှိုင်းတု ပြုစုရေးသားခဲ့သည်ကို ကျွန်တော်တို့ မှတ်သားသိထားရပါမည်။ ရှေးခေတ်က ဥရောပ၌ သာသနာ့ဝန်ထမ်း ရဟန်း(ပုပ်ရဟန်းကို ပထမမဏ္ဍိုင်၊ မင်းမှူးမတ် တို့ကို ဒုတိယမဏ္ဍိုင်နှင့် နိုင်ငံမှပြည်သူတို့ကို တတိယမဏ္ဍိုင်ဟူ၍ တင်စားခေါ်ဝေါ်ခဲ့ကြသည်။ ထို့ကြောင့် ဗြိတိသျှပါလီမန်အမတ် အက်ဒမန်ဗတ် (ခရစ်၁၇၂၉-၉၇)က သတင်းစာကိုပါမဏ္ဍိုင်စာရင်း ၌ ထည့်သွင်းခြင်းဖြင့် (The Fourth Piller) ဟူ သော စတုတ္ထမဏ္ဍိုင် ဝေါဟာရတွင်ကျယ်လာခြင်းဖြစ် သည်။ ဆယ်စုပေါင်းများစွာ ကြာမြင့်လာခဲ့ပါပြီ။ သို့ပင်သို့သော်လည်း မြန်မာနိုင်ငံ၌ စတုတ္ထမဏ္ဍိုင်မရှိပါဟု NLD က ပြောဆိုခဲ့ခြင်း ကြောင့် ကျွန်တော် လွန်စွာရင်ထဲနာကျင်ခံပြင်းခဲ့ ရခြင်းမှာ အဆန်းတကြယ်တော့မဟုတ်ပေ။ မီဒီယာသည် ပြည်သူလူထု၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအပါအဝင် နိုင်ငံတကာရေးရာစသည့် သတင်းဖြစ်ရပ်ကဏ္ဍစုံ ဖော်ထုတ်တင်ပြနေခြင်း သည် ပြည်သူလူထု၏ ခေတ်အမြင်၊ ခေတ်အတွေး၊ နောက်ကျကျန်ရစ်ခြင်းမရှိစေရန်နှင့် ပြည်သူ့နား မျက်စိကို အစဉ်ထာဝရသိရှိရန် လှစ်ဟပေးနေခြင်း ဖြစ်သည်။ သို့သော် မြန်မာ့ပုံရိပ်ကို အကျည်းတန် အရုပ်ဆိုးလိုသည့် ရည်ရွယ်ချက်ရှိသော အဆိုးမြင် ဝါဒီ ပြည်ပမီဒီယာအချို့ကို ပြန်လည်ခုခံဆန့်ကျင် ရန်မှာ မြန်မာ့မီဒီယာ၏ ယနေ့တာဝန်ဖြစ်သည်။ (၇) ကျွန်တော်သည် ၁၉၅၄ ခုနှစ်မှစတင်၍ စာနယ်ဇင်းလောက၌ ယနေ့အထိ ကျင်လည် လှုပ်ရှားလာသူတစ်ဦးဖြစ်ရာ မီဒီယာလောကတွင် ရရှိခဲ့သော အတွေ့အကြုံများသည် နိုင်ငံတော် အကျိုးစီးပွားအတွက် တစ်စိတ်တစ်ပိုင်း အထောက် အကူဖြစ်ရမည်ဟု ယုံကြည်သည်။ အတွေ့အကြုံအရပြောရသော် မှတ်သားဖွယ် ရာ သမိုင်းဖြစ်ရပ်များ၌ နိုင်ငံရေးဖြစ်စဉ်အရ ၁၉၅၈ ခုနှစ် အောက်တိုဘာ၂၈ ရက် (၂၈-၁၀-၁၉၅၈) မှ ၁၉၆၁ ခုနှစ် ဧပြီ ၄ ရက် (၄-၄-၁၉၆၁) အထိ ၁၈ လ ကာလအတွင်း၌ မြန်မာနိုင်ငံတွင် အစိုးရ လေးဖွဲ့ပြောင်းလဲသွားခဲ့ရသော အခြေအနေ အောက်တွင် ဖြစ်တည်ပြောင်းလဲခဲ့သည့် မီဒီယာလောကကို ကျွန်တော် ဖြတ်သန်းခဲ့သည်။ ၁၉၆၁ ခုနှစ် ဇန်နဝါရီ လ၄ရက်နေ့၌ ခေတ်သစ်သတင်း စာကိုထုတ်ဝေခဲ့သူ ဖြစ်ပါသည်။ ထိုအတွေ့အကြုံအချို့ကို (Why)၊ (What)၊ (Where)၊ (When) စသည့် သတင်းသမားကျင့်စဉ် အရ သထုံခရိုင်တစ်ခုတည်းမဟုတ်ဘဲ အလားတူ ဖြစ်စဉ်များကို ယနေ့ မျိုးဆက်သစ်လူငယ် သတင်း သမားများအား လေ့လာသိရှိရန် မျှဝေလိုသည့် စိတ်ဆန္ဒသည် ဤသတင်းဆောင်းပါး၏ အဓိက ရည်ရွယ်ချက်ဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံတကာသိမှတ်ဖွယ်ရာတို့ကို ကျွန်တော် သည် ပုံနှိပ်သတင်းစာ၊ ခေတ်သစ် သတင်းစာ (New Age) မှ လည်းကောင်း၊ New Age News Digital Channel IT gOS:ema: ပြတ်ပြတ်သားသား ရှင်းလင်းတင်ပြလာခဲ့ပါသည်။ ကြာပါပြီ၊ ထို့ပြင် စာရေးသူ၏ တရားဝင် Twitter Account မှလည်း အချိန်နှင့်တစ်ပြေးညီ တင်ပြ နေပါသည်။ ။ မည်သို့ပင်ဖြစ်စေ မြန်မာ့နိုင်ငံရေးတွင် အမျိုးသားရေးယုံကြည်ချက်၊ ခံယူချက်တပ်မတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုး ရေး ကြိုးပမ်းအားထုတ်မှုကို လျစ်လျူရှုမည်ဆိုပါက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအိပ်မက်သည် စိတ်ကူး ယဉ်အိပ်မက်ပမာဖြစ်ကြောင်း အတိတ်သမိုင်း လက်တွေ့ပိုင်းအရ ရုပ်ဝတ္ထုသက်သေတည်ခဲ့ပါပြီ။ လွန်ခဲ့သော နှစ်ပေါင်း ၅၉ နှစ်ကျော်ကာလ ၁၉၆၂ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် ရှမ်းပြည်နယ်ခေါင်းဆောင်များ ဦးဆောင်၍ ဖက်ဒရယ်ပြည်ထောင်စုဆွေးနွေးပွဲကို တောင်ကြီး မြို့၌ ကျင်းပလာခဲ့သည်။ သို့သော် ထိုဆွေးနွေးပွဲ မီဒီယာသည် ပြည်သူလူထု၏ နိုင်ငံ နိုင်ငံတကာရေးရာ စသည့်သတင်း သည် ပြည်သူလူထု၏ ခေတ်အမြင်၊ မရှိစေရန်နှင့် ပြည်သူ့နားမျက်စိကို အ ဖြစ်သည်။ သို့သော် မြန်မာ့ပုံရိပ်ကို အ ချက်ရှိသော အဆိုးမြင်ဝါဒီ ပြည်ပမီ ရန်မှာ မြန်မာ့မီဒီယာ၏ ယနေ့တာဝန် တက်ရောက်ရန်တပ်မတော်ကိုဖိတ်ကြားခြင်းမရှိခဲ့ပေ။ ထို့ပြင် ရန်ကုန်မြို့၌ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်း ရေး ဆွေးနွေးပွဲကြီး ဆက်လက်ကျင်းပချိန်တွင်လည်း တပ်မတော်ကို ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဖိတ်ကြားခြင်းမရှိခဲ့။ တပ်မတော်ကို လျစ်လျူရှုခဲ့ကြ သည်။ ထို့ကြောင့် ရန်ကုန်မြို့ မြန်မာ့အသံခန်းမ၌ ဖက်ဒရယ်ဆွေးနွေးပွဲ ထပ်မံမကျင်းပမီ သုံးရက်အလို တပ်မတော်အနေဖြင့် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက် နေ့တွင် တော်လှန်ရေးကောင်စီကို ဖွဲ့စည်းကာ နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေး ( မဆုံးရှုံးစေရန် အချိန်မီ ထိန်းသိမ်းကာကွယ်လိုက်ရ ခြင်းဖြစ်သည်။ ၎င်းသည် တပ်မတော်အနေဖြင့် သမိုင်းပေးတာဝန် ထမ်းဆောင်လိုက်ရခြင်းဖြစ် သည်။ ယခုတစ်ဖန် ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲနှင့်ပတ်သက်၍ တရားမျှတ သန့်ရှင်း လွတ်လပ်သောရွေးကောက်ပွဲရလဒ်အတွက်တပ်မတော် က ဖွဲ့စည်းပုံဥပဒေ ပြဋ္ဌာန်းချက်များ၊ ရွေးကောက်ပွဲ ဆိုင်ရာ စည်းမျဉ်းဥပဒေများနှင့်အညီ ကျင်းပရန် NLD ဖွဲ့စည်းထားသော UEC အား စာအားဖြင့်သော် လည်းကောင်း၊ တာဝန်ရှိပုဂ္ဂိုလ်ကိုယ်တိုင် နှုတ်အား ဖြင့်သော် လည်းကောင်း အကြိမ်ကြိမ်အဖန်ဖန် တင်ပြပြောဆိုခဲ့သော်လည်း NLD သည် တပ်မတော် နှင့်ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်ခဲ့လေသည်။ တပ်မတော်၏ တင်ပြချက်အားလုံးကို လျစ်လျူရှု ကြပြန်သည်။ ဤသို့ဖြင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက် နေ့တွင် ကျင်းပခဲ့သည့် ပါတီစုံရွေးကောက်ပွဲတွင် တွေ့ရသော မဲမသမာမှုများ၊ မဲလိမ်၊ မဲခိုးမှုများကိုခိုင်မာ သောသက်သေအထောက်အထားများဖြင့် ကမ္ဘာ့ ပြည်သူအားလုံးသိရှိရန် ဖွင့်ချခဲ့ပြီးပါပြီ။ ယင်းနိုင်ငံရေး ဖြစ်စဉ်၏ အဓိကအကြောင်းတရားသည် အမျိုးသား အကျိုးစီးပွားကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် NLD သည် တပ်မတော်၏အခန်းကဏ္ဍကိုလျစ်လျူရှု ခြင်းမှာ မြန်မာ့နိုင်ငံရေးသမိုင်း၌ အမှားတစ်ရပ် ကျူးလွန်ခြင်းပင်ဖြစ်သည်။ ဤအချက်ကို ယနေ့ လူငယ်သတင်းသမားများ အမြင်ကြည်လင်ရန် အရေးကြီးပါ၏။ ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့်ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးအတွက် ကျင်းပသော နိုင်ငံရေးဆွေးနွေးပွဲကြီးမှ တပ်မတော် ကို ဖယ်ထုတ်ထားသည့် မဟာအမှားကြောင့် တော် ရေး၊ စီးပွားရေး၊ လူမှုရေးအပါအဝင် အရပ်ကဏ္ဍစုံ ဖော်ထုတ်တင်ပြနေခြင်း ခေတ်အတွေး၊ နောက်ကျကျန်ရစ်ခြင်း စဉ်ထာဝရသိရှိရန် လှစ်ဟပေးနေခြင်း သျည်းတန်အရုပ်ဆိုးလိုသည့် ရည်ရွယ် ဒီယာအချို့ကို ပြန်လည်ခုခံဆန့်ကျင် လှန်ရေးကောင်စီက ၁၉၆၂ ခုနှစ်တွင် တိုင်းပြည် အာဏာကို ထိန်းသိမ်းလိုက်ရသည့် သင်ခန်းစာကို နားလည်သင့်သည်။ ယခုတစ်ဖန် လွတ်လပ်ပြီးတရားမျှတမှု သန့်ရှင်း သော ပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပရာတွင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် NLD ၏ UEC အား တပ်မတော်က တင်ပြခဲ့သော်လည်း လျစ်လျူရှုခဲ့ကြ ပြန်သည်။ ထို့ကြောင့် အကျိုးဆက်မှာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် သမိုင်းပေးတာဝန်အရ ပေါ်ပေါက်လာခြင်းဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ တိုင်းပြည်ကို မလွှဲမရှောင်သာ ထိန်းသိမ်းထားရန် အကြောင်းဖန်လာပြန်သည်။ ယခုအခါ အကြမ်းဖက်ဝါဒီတို့၏ နိုင်ငံရေး လေလုံးထွားမှု ဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေပြီ ဖြစ်ကြောင်းကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီး သီးမှ လေ့လာတိုင်းထွာချက်အရ သိရှိရသည်။ အကြမ်းဖက်အုပ်စု၏ လွန်ခဲ့သောနှစ်နှစ်ကျော် ခန့်က ပြည်ပအားကိုး ကြိုတင်ပြင်ဆင်ရေး ဆွဲလာ ခဲ့သောစီမံချက် Master-Plan (ပထမ၊ ဒုတိယ၊ တတိယအဆင့်) အားလုံး ယခုအခါ ဖရိုဖရဲ နိဂုံးပိုင်း ချဉ်းကပ်လာပြီဟု ကောက်ချက်ဆွဲနိုင်၏။ မကြာမီကာလအတွင်း အကြမ်းဖက်ဝါဒီတို့၏ ပြည်ပြေး၊ ဝရမ်းပြေးနှင့် ရောင်စုံဝေဖြာ အမာခံများ တဖွဲဖွဲ အမှောင်ခန်းမှ အိုးကွဲ၊ ပန်းကန်ကွဲ အချင်းချင်း အဝေမတည့်၍ လမ်းခွဲထွက်ခွာကြတော့မည် ဟုသိရသည်။ အတိတ်သမိုင်း၌ ကြုံတွေ့ခဲ့ရသော နိုင်ငံရေးစိတ်ကူးယဉ် ပထစဦးနု၏ ပြည်ပြေးအစိုးရ နှင့် စိန်ဝင်း၏ ပြည်ပရောက်အမည်ခံညွန့်ပေါင်း အစိုးရ ကျဆုံးသွားသကဲ့သို့ NUG သည် မလွဲမသွေ ဧကန်မုချ ကျဆုံးကြမည်မှာ သေချာ၏။ ဤသတင်း မှန်၏။ ထို့ကြောင့် အဖျက်သမားအင်အားစု၏ ဂျင်ကလိများ၊ လက်လုပ်မိုင်းများ၊ သံချွန်၊ သံချောင်း၊ တုတ်၊ ဓားလက်နက်များသည် အများပြည်သူတို့ အား စိတ်ကူးယဉ်ခြောက်လှန့်ရုံ စာခြောက်ရုပ် မျှသာဖြစ်ပြီး လယ်ယာသုံးကိရိယာများ ထွန်တုံး၊ ထွန်းသွားများအဖြစ် ကျေးလက်ပန်းပဲဖို၌ ကြိုချက် နိုင်တော့မည်ဖြစ်သည်။ ယနေ့ အထိ အကြမ်းဖက်ဝါဒီတို့ထံမှ ပြည်သူ့ အထောက်တော်များ၏ သတင်းပေးချက်အရ လုံခြုံ ရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိသော လက်နက် ကိရိယာပစ္စည်းများမှာ သံရည်ကြိုစက်သို့ ပေးပို့ရ မည်ဖြစ်သော်လည်း ဆူပူအကြမ်းဖက်သမားများ | အပေါ် ဥပဒေအရပြစ်မှုဆိုင်ရာ ထောင်ဒဏ်(၃)နှစ်၊ (၅)နှစ်၊ (၁၀)နှစ်၊ တစ်သက်တစ်ကျွန်း၊ သေဒဏ် ပြစ်ဒဏ်စသည့် စလစ်များသာ ရရှိနေကြပြီဖြစ် သည်။ စင်စစ်ဆူပူအကြမ်းဖက်အုပ်စုများ၊ ထောက်ခံ အားပေးနေကြသူများအား ရှာဖွေဖမ်းဆီးမှုများ ကြောင့် တည်ငြိမ်အေးချမ်းမှုရရှိလာပြီ ဖြစ်သည်။ မင်းကျင့်တရားဆယ်ပါး ကျင့်သုံးရာတွင်ဓမ္မစက် နှင့် အာဏာစက်ဟူ၍ ကွဲပြားခြားနားချက်ရှိသည်။ ယခုအချိန်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နှင့် တပ်မတော်အနေဖြင့် အကြမ်းဖက်သမားများကို ပြတ်ပြတ်သားသား အရေးယူချေမှုန်းလာခဲ့ရာ နိုင်ငံ တစ်ဝန်း တည်ငြိမ်အေးချမ်းမှုရရှိလာပြီ ဖြစ်သည်။ သို့ရာတွင် အကြမ်းဖက်ဝါဒီတို့၏လကွယ်ညများ၌ အရိပ်မထွက်သော နှင်းဆီရုံကိုငေးမောရန် အချိန် မရှိတော့ပေ။ တော်လှန်ရေးနှင့် တန်ပြန်တော်လှန်ရေး၏ နိယာမဥပဒေဆိုသည်မှာ စာထဲပေထဲ၌ လူထု ထောက်ခံမှုမရှိသော၊ အနာဂတ်မရှိသော စိတ်ကူး ယဉ်ဖောက်ပြန်ရေးအင်အားစုများ၏ အစိတ်စိတ် အမြွာမြွာပြိုလဲကျဆုံးခန်း၏ ဥပဒေသပင်ဖြစ် ကြောင်း ဖွင့်ဆိုထားသည်။ ဤစကားမှန်၏။ တောက်ပသောအနာဂတ်သည် ပြည်သူက ပိုင်ဆိုင်ပါ၏။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နှင့် တပ်မတော်သည် အခိုင်အမာချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များအတိုင်း ပြည်သူများနှင့်အတူ ရှေးရှုချီတက်သွားမည်ဖြစ်၍ အောင်ပွဲသစ်များ ဆွတ်ခူးရရှိမည်ဟု တိုင်းရင်း သားပြည်သူအားလုံး ယုံကြည်ပါသည်။ NLD ပါတီသည် နာမည်ဆိုးဖြင့် ကျော်ကြား ထင်ရှားသွားပါပြီ။ ။ နိုင်ငံတော်အာဏာသိမ်းပိုက်နိုင်ရေးအတွက် နိုင်ငံရေးရေပေါ်ဆီ နည်းလမ်းပေါင်းစုံကို ကျင့်သုံး ကာ အကြမ်းဖက်ဝါဒီအကျင့်စရိုက်အတိုင်း မင်းသားကြီးမလုပ်ရသောကြောင့် ပတ်မကိုထုခွဲ ရိုက်ချိုးသူ၏ဘ၀သို့ ပြောင်းလဲသွားပါပြီ။ သို့မဟုတ် ( ဇာတ်စင်ကျိုး၍ မကလိုက်ရသော ကြိုးရှုပ်နေသည့် အညံ့စားရုပ်သေးရုပ်များ ဖြစ်သွားကြပါပြီ။ ထိုထက်မပိုဟူ၍ ဤစာရေးသူ ယုံကြည် ပါ၏။ ယခုမူ သူတို့အားလုံး နေဝင်ကုန်ကြပါပြီ။ သထုံတင်ထွန်း