အစဉ်လေးစားဖွယ်ကောင်းသည့် ကလောင်အစွမ်းဖြင့် ဉာဏ်အလင်းကို ဖွင့်ပေးကြသူများ (၂)
အမျိုးသားစာပေတစ်သက်တာဆုရှင်
စည်သူဦးထင်ဖတ် (မောင်ထင်)
စာရေးဆရာကြီး မောင်ထင်မှာ တစ်ခေတ်တစ်ခါက မြန်မာစာပေ လောကအတွင်း မသိသူမရှိ၊ ရှားမှရှား ပညာရှင်တစ်ဦးဖြစ်ပါတယ်။ လီဗာ -၏ခရီးစဉ် စာအုပ်နဲ့ အမျိုးသားစာပေ ဘာသာပြန်ဆုရရှိထားခဲ့တဲ့ မောင်ထင်ဟာ အထင်ရှားဆုံး လက်ရာဖြစ်တဲ့ ဘနဲ့ မောက်ဂလိတို့လို ဝတ္ထုကြောင့်လည်း မြန်ပြည်တစ်လွှားက စာဖတ်သူအကြားမှာ နာမည်ကျော်ကြားခဲ့သူပါ။
လယ်သမားတွေရဲ့ ဘဝကို သရုပ် ဖော်ကြတဲ့အထဲ အစောဆုံး လက်ရာ ဘဝတ္ထုရဲ့ အစွမ်းကြောင့် အဲဒီအချိန်က လယ်သမားတွေကို ငဘကြီးတွေဆိုပြီး ပြည်သူတွေက သုံးနှုန်းခဲ့ကြပါတယ်။ ဒါတင်မကသေးပါဘူး၊ ဘဝတ္ထုထဲက “ရာဇဝင်ကိုခွေးနဲ့ ရေးရမယ်ဆိုတော့ ငန်ငြိငြိနေတာပေါ့”ဆိုတဲ့ စကားရပ် ကလည်း လူအများ ပါးစပ်ဖျား တွင်ကျယ် ခဲ့ဖူးပါတယ်။ ဘဝတ္ထုကို တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန် စတဲ့ဘာသာတွေနဲ့လည်း ထုတ်ဝေခံခဲ့ရပြီး နိုင်ငံရပ်ခြားမှာလည်း လူကြိုက်များထင်ရှားခဲ့တဲ့ ဝတ္ထုဖြစ်ခဲ့ရပါတယ်။
ဒါ့အပြင် ဆရာကြီးမောင်ထင်ဟာ ကိုဒေါင်းဆိုတဲ့ ဇာတ်ကောင်ကိုလည်း ဖန်တီး မွေးဖွားပေးခဲ့သူပါ။ “ကိုဒေါင်းကား သေလေပြီ၊ ကိုဒေါင်းသက်တော် ရာကျော်ရှည်ပါစေသတည်း” စတဲ့ အရေးအသားတွေနဲ့ သရော်စာ တစ်ခေတ်ကိုလည်း ထူထောင်ခဲ့တဲ့ စာရေးဆရာကြီး ဖြစ်ပါတယ်။ ဘက်စုံ ထူးချွန်တဲ့ဆရာကြီးဟာ ဘာသာပြန်ဆို တဲ့နေရာမှာလည်း ထူးချွန်တဲ့ဆရာ တစ်ဆူဖြစ်ခဲ့ပြီး သူ့ရဲ့ အနာဂတ္တိကျမ်းနဲ့ မိုးပေါ်သို့လိမ့်ကျခြင်း စတဲ့ဝတ္ထုတိုတွေဟာ သိပ်ကို နာမည်ကြီးခဲ့ပါတယ်။ ပြင်သစ်စာရေးဆရာ မိုပါဆွန်းရဲ့ လက်ရာတွေကိုလည်း ဆရာမောင်ထင် က ဘာသာပြန်ဆိုပြီး ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့သူပါ။
ဆရာမောင်ထင်ကို ၁၉၀၉ ခုနှစ် မတ်လက ဧရာဝတီတိုင်း လပွတ္တာမြို့နယ်မှာ မွေးဖွားခဲ့ပါတယ်။ အမည်ရင်း ကတော့ ဦးထင်ဖတ် ဖြစ်ပါတယ်။ ဇာတိမြို့ ဦးခန္တီကျောင်းနဲ့ ဦးဘိုးထွန်းကျောင်းတွေမှာ ပညာသင်ယူခဲ့သူပါ။ အထက်တန်းပညာကိုတော့ ရန်ကုန် မြို့မ အမျိုးသားကျောင်းနဲ့ မြောင်းမြ အထက်တန်းကျောင်းတို့မှာ သင်ယူ ခဲ့ပါတယ်။ ၁၉၃၃ ခုနှစ်မှာတော့ ရန်ကုန် တက္ကသိုလ် ကနေ ဘီအေ(ဝိဇ္ဇာဘွဲ့)ကို ရရှိခဲ့ပြီး မြောင်းမြတိုင်းရင်းသား အထကကျောင်းမှာ အထက်တန်းပြ ဆရာ၊ မြို့ပိုင်၊ နိုင်ငံခြားရေးဌာန လက်ထောက်အတွင်းဝန်၊ အသံလွှင့် ဌာနညွှန်ကြားရေးဝန်၊ လူမှုဝန်ထမ်း ဝန်ကြီးဌာန (ခေတ္တ)ရခိုင်တိုင်းမင်းကြီး၊ ၁၉၄၉ ခုနှစ်မှာ ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး စသည်ဖြင့် ကျင်လည် အမှုထမ်းခဲ့သူဖြစ်ပါတယ်။ အစိုးရ အမှုထမ်းဘဝ နုတ်ထွက်ခဲ့ပြီးနောက် ၁၉၅၀ - ၅၅ ခုနှစ်ကစလို့ ရန်ကုန် သတင်းစာအုပ်ချုပ်မှု အယ်ဒီတာ၊ စာပေဗိမာန်စွယ်စုံကျမ်း အတိုင်ပင်ခံ၊ လန်ဒန်တိုင်းသတင်းထောက်နဲ့ အလွတ်တမ်း သတင်းစာဆရာဘဝတို့ကို ၁၉၅၇၇၇ ခုနှစ်များအထိ ဖြတ်သန်းခဲ့သူလည်း ဖြစ်ပါတယ်။
ထိုနှစ်များအတောအတွင်း မြန်မာနိုင်ငံ စာရေးဆရာအသင်းနဲ့ သတင်းစာ ဆရာအသင်းတို့မှာ ဥက္ကဋ္ဌတာဝန်တွေ ကိုလည်း ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်မှာတော့ ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့ အချိန်ပြည့်အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခြင်းခံရသလို ရန်ကုန်တက္ကသိုလ် သမိုင်းဌာနမှာလည်း သမိုင်း ဖြစ်ရပ်မှန် ပြုစုရေးအဖွဲ့ဝင်ဖြစ်ခဲ့ပါတယ်။
အမျိုးသားစာပေဆု (ဘာသာပြန်) ကို ဂါလီဗာခရီးစဉ်နဲ့ ၁၉၈၁ ခုနှစ်မှာ ရရှိခဲ့သလို ၁၉၉၄ ခုနှစ်မှာ ပခုက္ကူ ဦးအုန်းဖေ တစ်သက်တာစာပေဆု၊ ၁၉၉၆ ခုနှစ်မှာ မိခင်မေတ္တာစာပေ ဂုဏ်ရည်ဆုတွေကို ရရှိခဲ့ပါတယ်။ အဲဒီလို မြန်မာစာပေအတွက် တစ်ဖက် တစ်လမ်းကနေ အကျိုးပြုခဲ့တဲ့ဆရာကြီး ကို ၂၀၀၂ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုကို ချီးမြှင့်ခဲ့ခြင်းဖြစ်ပါ တယ်။ ဆရာကြီးဟာ အမျိုးသားစာပေ တစ်သက်တာဆု (၂၀၀၂) ကို ၂၀၀၃ ခုနှစ်မှာ လက်ခံရရှိခဲ့ပြီး သုံးနှစ်အကြာ ၂၀၀၆ ခုနှစ် ဇန်နဝါရီလမှာ ကွယ်လွန်ပါတယ်။
တိုက်ပွဲခေါ်သံ၊ အရေးတော်ပုံတို့ကို ဖန်တီးခဲ့သူ စည်သူဦးဌေးမောင် (ဌေးမောင်) သွေးသောက်၊ ငွေတာရီ၊ သပြေနဲ့ သိပ္ပံမဂ္ဂဇင်းတွေမှာ အယ်ဒီတာအဖြစ် လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီး ၁၉၄၇ ခုနှစ်လောက်ကနေ ဘဝနေဝင်ချိန်မတိုင်မီအထိပင်ကိုရေး၊ ဘာသာပြန် ဝတ္ထုအတို/ အရှည် စုစုပေါင်း ၁၀၀၀ ကျော် ရေးသား ခဲ့သူ၊ သွေးသောက်၊ မြဝတီ၊ ငွေတာရီနှင့် သပြေမဂ္ဂဇင်းတွေအတွက် ၂၅ နှစ် တိုင်တိုင် ခေါင်းကြီး ရေးသားခဲ့သူ တစ်ဖြစ်လဲ အမျိုးသားစာပေ တစ်သက် တာဆုရှင် တစ်ဦးကတော့ စည်သူ ဦးဌေးမောင် (ဆရာကြီး ဌေးမောင်) ပဲ ဖြစ်ပါတယ်။
၁၉၂၇ ခုနှစ်က ဇာတိမြေ ချောက်မြို့မှာ မွေးဖွားခဲ့ပြီး စစ်ကြိုခေတ်အတွင်း ချောက်မြို့ အေးစေတီ အထက်တန်းကျောင်းမှာ ပညာသင်ယူခဲ့သူပါ။ ဒုတိယ ကမ္ဘာစစ်အတွင်း ရေနံချောင်းမြို့မှာ ဂျပန်စစ်တပ်ကဖွင့်တဲ့ ဆေဓိယုခေါဂျော့ လို့ခေါ်တဲ့ အင်ဂျင်နီယာကျောင်းမှာ ပညာသင်ယူခဲ့ပါတယ်။ စစ်အတွင်း ချောက်မြို့၊ အရှေ့အာရှတိုက် လူငယ် များအစည်းအရုံးရဲ့ ဉာဏဗလမှူး၊ စစ်ပြီးခေတ် လူငယ်အစည်းအရုံး အမှုဆောင်တာဝန်တွေကို ထမ်းဆောင် ရင်း လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ ပါတယ်။
စာပေလောကထဲကိုတော့ ၁၉၄၇ ခုနှစ်မှာ စတင်ရောက်ရှိခဲ့ပါတယ်။ ဆရာကြီးရဲ့ ပထမဆုံးဝတ္ထုဖြစ်တဲ့ ၁၉၄၇ ခုနှစ် ဧပြီလ ၂၀ ရက်နေ့ထုတ် ပြည်သူ့ ရဲဘော်ဂျာနယ်မှာဖော်ပြခဲ့တဲ့ သင်းတို့လောက ဝတ္ထုကနေတစ်ဆင့် စာပေ လောကထဲကို ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါတယ်။ ထိုစဉ်က ရေနံမြေက ရဲဘော်၊ ရဲဘော်မောင်လှဆိုပြီး ကလောင် အမည်တွေနဲ့ ရေးသားခဲ့ပါတယ်။ ၁၉၄၈ ခုနှစ် မတ်လထုတ် ရှုမဝမဂ္ဂဇင်းမှာ “နု” ဝတ္ထုရှည်ကို ဌေးမောင်အမည်နဲ့ စတင် ရေးသားခဲ့ပါတယ်။
အဲဒီနောက် ၁၉၅၂-၅၅ ခုနှစ်တွေမှာ သွေးသောက်မဂ္ဂဇင်းမှာ အယ်ဒီတာ အဖြစ်၊ ၁၉၆၅-၇၈ ခုနှစ်အထိ မြဝတီနဲ့ ငွေတာရီမဂ္ဂဇင်းတို့မှာ အယ်ဒီတာအဖြစ်၊ ၁၉၈၀-၈၄ ခုနှစ်အထိ သပြေမဂ္ဂဇင်းနဲ့ ၁၉၈၅-၉၃ ခုနှစ်အထိ သိပ္ပံမဂ္ဂဇင်းမှာ အယ်ဒီတာအဖြစ် တာဝန်ယူခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ စာရေးဆရာအသင်း အမှုဆောင်အဖြစ် လည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ် စာပေလုပ်သား အဖွဲ့ဥက္ကဋ္ဌအဖြစ်လည်းကောင်း စာပေ တာဝန်တွေကို ကျေပွန်ခဲ့သူလည်း ဖြစ်ပါတယ်။
ဆရာကြီး ဦးဌေးမောင်ရဲ့ ထင်ရှားတဲ့ ၀တ္ထုတွေဖြစ်တဲ့ တိုက်ပွဲခေါ်သံ၊ အရေးတော်ပုံ စတဲ့ ဝတ္ထုတွေက နာမည် ကျော်ကြား လူကြိုက်များခဲ့တဲ့ စာအုပ် တွေဖြစ်ပါတယ်။ အရေးတော်ပုံဝတ္ထုဆိုရင် မစိန်တင် (မော်စကိုရေဒီယိုမှ ရုရှားအမျိုးသမီးက ရုရှားဘာသာပြန်ဆို ထုတ်ဝေရာမှာ အုပ်ရေ ငါးသောင်း ထုတ်ဝေနိုင်ခဲ့ပါတယ်။
၁၉၆၄ ခုနှစ်မှာ အရေးတော်ပုံဝတ္ထုနဲ့ အမျိုးသားစာပေဆု(ဝတ္ထုရှည်) ဒုတိယ ရရှိခဲ့ပြီး ၁၉၆၅ ခုနှစ်မှာ တိုက်ပွဲခေါ်သံ ဝတ္ထုနဲ့ အမျိုးသားစာပေဆု(ဝတ္ထုရှည်) ပထမဆုကိုရရှိခဲ့သူပါ။ ၂၀၀၃ ခုနှစ် အတွက် နိုင်ငံတော်ကချီးမြှင့်တဲ့ အမျိုး သားစာပေတစ်သက်တာဆုကို ဆရာကြီး ဦးဌေးမောင် ရရှိခဲ့ပါတယ်။ ဆရာကြီး ကွယ်လွန်သွားခဲ့ပေမယ့် ဆရာကြီးရဲ့ စာပေတွေကတော့ ယနေ့တိုင်ပြည်သူ များအကြား အမှတ်ရ ရှင်သန်ဆဲဖြစ်ပါ တယ်။ စာပေသတ္တိဖြင့် ရှင်သန်သူ အမျိုးသား စာပေတစ်သက်တာဆုရှင် ဆရာကြီး စည်သူဦးလေးမြိုင် ဘဝတစ်လျှောက်လုံးကို စာပေ နယ်အတွင်း မြှုပ်နှံရင်း အချိန်ပေးခဲ့သူ၊ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် မြန်မာ စာပေကဏ္ဍကို ကျရာဘက်မှ မြှင့်တင် ပေးရင်း ပြည်သူများ၏ ဉာဏ်ပညာ မျက်စိကို ဖွင့်ပေးခဲ့သူအဖြစ် ဆရာကြီး စည်သူ ဦးလေးမြိုင်အား ၂၀၀၄ ခုနှစ် အတွက်အမျိုးသားစာပေ တစ်သက်တာ ဆုကို နိုင်ငံတော်က ချီးမြှင့်ခဲ့ပါတယ်။ ဆရာကြီးက ယနေ့တိုင် သက်ရှိထင်ရှား ရှိနေဆဲ အသက် ၉၈ နှစ်အရွယ် အမျိုးသားစာပေတစ်သက်တာ ဆုရှင် တစ်ဦးလည်းဖြစ်သလို စာပေဗိမာန် တစ်သက်တာ စာပေဆုရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ ဆရာကြီးရဲ့ စာပေတာဝန် ဖြတ်သန်းမှုတွေနဲ့ပတ်သက်လို့ ၂၀၁၈ ခုနှစ်မှာ လေးမြိုင်- စာပေ သတ္တိဖြင့် ရှင်သန်သူ ဆိုတဲ့ အတ္ထုပ္ပတ္တိစာအုပ်ကို စာရေးဆရာမကြီး မသန်းသန်း (မန်းတက္ကသိုလ်) က ရေးသားခဲ့ဖူးပါတယ်။
ဆရာကြီးကို ၁၉၂၄ ခုနှစ်က သာစည်မြို့နယ် ဟံဇားကျေးရွာမှာ မွေးဖွားခဲ့ပြီး ဟံဇားရွာ ဘုန်းတော် ကြီးကျောင်းမှာ ပညာသင်ကြားခဲ့ပါ တယ်။ ၁၉၃၆ ခုနှစ်မှာ ရှင်သာမဏေ၊ ၁၉၄၄ ခုနှစ်မှာ ရဟန်းအဖြစ် ရောက်ရှိ ခဲ့ပြီး ၁၉၄၆ ခုနှစ်မှာ ပထမငယ်တန်းကို အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။
ထို့နောက် ရဟန်းဘဝနဲ့ အမရပူရမြို့ကို ပြောင်းရွှေ့ပညာသင်ယူနေဆဲမှာ မန္တလေး သူရိယသတင်းစာမှာ မမေ့တဲ့ နိုင်အမည်ရှိ ဆောင်းပါးကို စန်းယုအောင် ကလောင်နဲ့ စတင်ရေးသားခဲ့ပြီး အဲဒီသတင်းစာမှာ ဝတ္ထု၊ ဆောင်းပါး စတာတွေကို ဆက်လက်ရေးသားခဲ့ပါတယ်။
၁၉၅၀ ပြည့်နှစ်မှာတော့ ပထမလတ် တန်း၊ ၁၉၅၂ ခုနှစ်မှာ ပထမကြီးတန်းကို အောင်မြင်ပြီး မန္တလေးအလွတ် ပညာ သင်ကျောင်းတွေမှာ သင်္ချာနဲ့ အင်္ဂလိပ် ဘာသာတွေကို သင်ယူတတ်မြောက်ခဲ့ သူပါ။ ၁၉၅၃ ခုနှစ်မှာ ဘိုးဝဇီရစာပေ ဆိုတဲ့ လုံးချင်းစာအုပ်ကို စန်းယုအောင် အမည်နဲ့ ရေးသားခဲ့တာ အပြင် မန္တလေး မြို့က ရုပ်စုံစာပေဂျာနယ်မှာ အယ်ဒီတာ အဖြစ်၊ ၁၉၅၅ ခုနှစ်မှာ ရှင်လိင်ပြန် လေးမြိုင် ဘဝနဲ့ ရန်ကုန်သို့ရောက်ရှိခဲ့ပြီး ရှုမဝမဂ္ဂဇင်း၊ ပေဖူးလွှာမဂ္ဂဇင်းနဲ့ မြဝတီ မဂ္ဂဇင်း၊ ကြေးမုံ သတင်းစာတို့မှာ အယ်ဒီ တာပညာ၊ စာပြင်ဆရာ ပညာတွေကို ဆည်းပူးသင်ကြားရင်း တာဝန်ထမ်း ဆောင်ခဲ့ပါတယ်။
၁၉၇၂ ခုနှစ်မှာ ငွေတာရီမဂ္ဂဇင်း အယ်ဒီတာ၊ ၁၉၇၇ ခုနှစ်မှာတော့ မြဝတီ စာပေတိုက်၏ ဒုတိယအယ်ဒီတာချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဗုဒ္ဓ၏ ဥပမာတစ်ထောင်၊ ထေရီထေရာ၊ ဗုဒ္ဓ၏ဝါဒစစ်ပွဲများ စာအုပ်တွေကို ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ရေးသားထုတ်ဝေခဲ့ ပါတယ်။ ဆရာကြီး လေးမြိုင်ဟာ ၁၉၈၀ ပြည့်နှစ်တွေမှာ မဟော်သဓာ ဖြတ်ထုံးနဲ့ လောကကြေးမုံစာအုပ်၊ စကားကြီး ဆယ်မျိုး စာအုပ်တွေကို ဦးကြီးမြိုင်၊ လေးမြိုင် စတဲ့ ကလောင် အမည်များနဲ့ ရေးသားခဲ့ပါတယ်။
၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ရန်ကုန် မြို့တော်မဂ္ဂဇင်းမှာ အတိုင်ပင်ခံ အယ်ဒီတာ၊ ဓမ္မရံသီနဲ့ ဓမ္မရတနာ မဂ္ဂဇင်းမှာ အယ်ဒီတာချုပ် စတဲ့တာဝန် တွေအပြင် ဓမ္မဝါဒဖော်ဆောင်ရေးအဖွဲ့ နာယကအဖြစ် လည်းကောင်း၊ လေးမြိုင် ဓမ္မပူဇာစာပေဆု တည်ထောင်၍ လည်းကောင်း စာအုပ် ၁၂ အုပ်ကို ဆုချီး မြှင့်ပေးနိုင်ခဲ့ပါတယ်။ ဆရာကြီးကိုတော့ နိုင်ငံတော်က စာပေဆိုင်ရာ အမြင့်ဆုံး ဆုဖြစ်တဲ့ အမျိုးသား စာပေတစ်သက်တာ ဆုကို ၂၀၀၄ ခုနှစ်အတွက် ပေးအပ်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ မျက်နှာ ဖုံးအဖွင့်ဆိုတဲ့ စာအုပ်ကို စီစဉ် ထုတ်ဝေခဲ့ပါသေးတယ်။ ၂၀၀၅ ခုနှစ် အမျိုးသားစာပေ တစ်သက်တာဆုရှင် ဆရာမကြီး ဒေါ်ရင်ရင်(စောမုံညင်း) မြန်မာတို့၏ ယဉ်ကျေးမှုအမွေအနှစ်ကို ဖော်ထုတ်ပေးခဲ့သူ၊ ကလောင်စွမ်းဖြင့် မြန်မာအမျိုးသမီးတို့၏ စိတ်နေ စိတ်ထားနှင့် ယဉ်ကျေးလိမ္မာမှုကို ဖော်ထုတ်ပေးခဲ့သူတွေထဲက တစ်ဦး ဆိုလျှင် ဆရာမကြီး စောမုံညင်းကို ချန်လှပ်ထား၍မရ။ မိုးမိတ်မြို့သူဒေါ်ရင် ရင်(စောမုံညင်း)ကို ၁၉၂၀ ပြည့်နှစ် အောက်တိုဘာတွင် မွေးဖွားခဲ့တဲ့အတွက် ဆရာမကြီးသာ ရှိမယ်ဆိုရင် အသက် ၁၀၁ နှစ်ရှိပါပြီ။
ရန်ကုန်တက္ကသိုလ်ကနေဝိဇ္ဇာဘွဲ့ကို မြန်မာစာ၊ ရာဇဝင်ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပြီး နိုင်ငံခြား ဘာသာသိပ္ပံကျောင်းကနေ ဂျပန်ဘာသာ ဒီပလိုမာ ဘွဲ့ရရှိခဲ့သူဖြစ်ပါတယ်။ စာပေရေးသား ခြင်းကိုတော့ အထက်တန်းကျောင်းသူ ဘဝကတည်းက စတင်ခဲ့တာပါ။ ရန်ကုန် တက္ကသိုလ်ရောက်တော့ ဂျပ်ဆင် ကောလိပ်မဂ္ဂဇင်းမှာ ဆောင်းပါးတွေ၊ ကဗျာတွေကို စောမုံညင်းဆိုတဲ့ အမည် နဲ့ စတင်ရေးသား ပါတော့တယ်။
အမျိုးသမီးကလောင်အဖွဲ့ ရန်ပုံငွေ ပြဇာတ်ဖြစ်တဲ့ ရတနာ့ဂုဏ်ရည်၊ ကိန္နရီ မောင်နှံ ပြဇာတ်တွေကို ရေးသားခဲ့သူ ဆရာမကြီးဟာ ၁၉၅၆ ခုနှစ်မှာ အင်ဒီပင်းဒန့် ဒေါ်စန်း ကွယ်လွန်တဲ့ သုံးနှစ်မြောက် ကဗျာပြိုင်ပွဲအတွက် ပထမရွှေတံဆိပ်ဆုကိုလည်း ရရှိထားခဲ့ပါသေးတယ်။ ၁၉၆၃ ခုနှစ်မှာ ရှေ့ဆောင် လူငယ် သောက်ရှူးကြယ် စာအုပ်နဲ့ ကလေးလူငယ်ဆိုင်ရာ စာပေ တတိယဆု၊ ၁၉၆၅ ခုနှစ်မှာ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းက ချီးမြှင့်တဲ့ ယဉ်ကျေးမှုစာပေဒုတိယဆုကို မြန်မာမှု စုံပန်းရဂုံစာအုပ်နဲ့ ရရှိခဲ့သူပါ။
၁၉၈၉ ခုနှစ်မှာတော့ အမျိုးသား စာပေဆု (မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေ) ကို မြန်မာ အမျိုးသမီး ဆင်ယင်ထုံးဖွဲ့မှုစာအုပ်နဲ့ ရရှိခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်အတွက် အရှေ့တောင်အာရှ စာပေဆု၊ ၂၀၀၃ ခုနှစ် အတွက်ပခုက္ကူဦးအုန်းဖေတစ်သက်တာ စာပေဆုတွေကိုလည်း ရရှိခဲ့ပြီး ၂၀၀၅ ခုနှစ်မှာတော့ အမျိုးသားစာပေ တစ်သက်တာဆုကို ရရှိခဲ့ပါတယ်။
ရိုးရာဓလေ့ထုံးစံ၊ တေးဂီတဆိုင်ရာ၊ အနုပညာဆောင်းပါးများနဲ့ ယဉ်ကျေးမှုဆိုင်ရာ ဆောင်းပါးတွေ ဖြစ်တဲ့ မြတ်နိုး စရာမြန်မာ့ရိုးရာများ၊ နော်ဇာကုံးနှင့်ပုလဲသွယ်၊ မြန်မာ့ဇာတ်သဘင် တစ်ခေတ်ပြောင်း စေရေး၊ ဗမာ့အမျိုးသမီး စတဲ့စာပေတွေဟာ နိုင်ငံနဲ့လူမျိုး အတွက် များစွာအကျိုးရှိစေခဲ့တဲ့ စာကောင်းပေမွန်တွေပဲ ဖြစ်ပါတယ်။
ဆရာမကြီးဟာ ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့ဝင်၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီ၊ မြန်မာနိုင်ငံ အမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီး အားကစား အဖွဲ့ချုပ်တွေမှာ အကြံပေးပုဂ္ဂိုလ်၊ နာယကအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာအမျိုး သမီးများအတွက် ဘဝနေဝင်ချိန်အထိ ရှေ့တန်းက ရပ်တည်ပေးခဲ့သူလည်း ဖြစ်တာကို ဂုဏ်ယူဖွယ် တင်ပြလိုက်ရပါတယ်။
မေ