Skip to main content
Aug 23, 2021
ကမ္ဘာ့လူသားများနှင့် ကိုဗစ်ရောဂါပြဿနာကို ပေါ့ပေါ့တန်တန်သဘောမထားဘဲ အလေးအနက်ထား စဉ်းစားအဖြေထုတ် ကုစားကြဖို့ အချိန်တန်ပြီ
လူ့လောကတွင် နေခဲ့ရသည့် သက်တမ်းအနှစ်ရှစ်ဆယ်ကျော်အတွင်း ကမ္ဘာ့ကပ် အသီးသီးကိုလည်း တွေ့ကြုံခဲ့ရဖူးပါသည်။ ဥပမာဂျပန်ခေတ်က ဝဲရောဂါ၊ ဒေသအလိုက် ကွက်ကျားဖြစ်သည့် ရောဂါဖြစ်သည်။ အလားတူ ပုလိပ်ရောဂါလည်း ဒေသအလိုက်၊ မြို့ပြအလိုက်၊ ကျေးရွာအလိုက်ကွက်၍ ဖြစ်ပွားခဲ့သဖြင့် ပုလိပ်ရောဂါဖြစ်သည့် ရွာကိုပစ်၍ ပြေးသဖြင့် အသက်ဘေးမှ လွတ်ဝေးခဲ့ကြသည်လည်း ရှိသည်။ ကျောက်ကြီးရောဂါ ဖြစ်စဉ်ကလည်း ကပ်ရောဂါဆိုသော်လည်း လူတိုင်းကို မကူးစက်ပါ။ အထူးသဖြင့် ကလေးများကို အကူးအစက်များပြီး သေကျေမှုများပါသည်။
Aug 23, 2021
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်
အစီအစဉ်မှူး ။ ။ နိုင်ငံတစ်ဝန်း ကိုဗစ် - ၁၉ တတိယလှိုင်း ဖြစ်ပွားနေ တာနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးနဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာတွေ့ရှိရတဲ့ ဗီဇပြောင်းပိုးတွေက ဘာကြောင့်တွေ့ရှိရတာလဲ။ ဗီဇပြောင်းပိုးတွေက ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်စေသလဲ ဆိုတာနဲ့ပတ်သက်ပြီး ပြောကြားပေးပါဦး။
Aug 23, 2021
CRPH နဲ့ NUG တို့ဟာ တော်လှန်ရေး အမည်ခံပြီး တိုက်ခိုက်မှုတွေဟာ တော်လှန်ရေးအသွင်ကနေ အကြမ်းဖက်လုပ်ရပ်အသွင်ကို သိသိသာသာ ပြောင်းလဲလာတာကို တွေ့ရပါတယ်။ ဒီတော့ တော်လှန်ရေးဆိုတာ ဘာလဲ၊ အကြမ်းဖက်လုပ်ရပ် ဆိုတာဘာလဲဆိုတာ ခွဲခြားကြည့်ဖို့ လိုလာပါတယ်။ ဘာကြောင့်လဲဆိုတော့ NUG ဟာ တော်လှန်ရေး ဆိုတဲ့ မှိုင်းတိုက်ပြီး လူငယ်တွေကို အသုံးချလာလို့ပဲ ဖြစ်ပါတယ်။ တော်လှန်ရေးနဲ့ အကြမ်းဖက်လုပ်ရပ် ကို လေနဲ့ဝမ်းမကွဲတာကြောင့် ပြောင်းပြန်အကျိုး သက်ရောက်လာနိုင်ပါတယ်။
Aug 22, 2021
စာအုပ်အချို့ ကျွန်တော် မစ္စတာဘားမား စာအုပ်သည် ဆရာကြီး၏ ၁၉၅၆ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ် ကာလက နိုင်ငံတော်အစိုးရ၏ ပညာတော်သင်ဆု ရ၍ လန်ဒန်တက္ကသိုလ် လန်ဒန်စီးပွား ရေးနှင့် နိုင်ငံရေးသိပ္ပံ ကောလိပ် (London School of Economics and Political Science) တွင်နိုင်ငံတကာ ဆက်ဆံရေးပညာ ဘာသာရပ်အတွက် သွားရောက်စဉ်က ပညာတော်သင် မှတ်တမ်းစာအုပ် ဖြစ်ပါသည်။ ဆရာကြီးသည် လန်ဒန်၌ လေးနှစ် သွားရောက်ပညာသင်ကြားခဲ့ရပါသည်။ ထိုသို့ ပညာသင်ကြားရင်း လန်ဒန် တက္ကသိုလ်တွင် နိုင်ငံတကာ ကျောင်း သားများ၊ ဗြိတိသျှလူမျိုးစုများနှင့် ရင်းနှီးကျွမ်းဝင်စွာ ပေါင်းသင်းဆက်ဆံ မိခဲ့ပုံများ၊ သူတို့၏ ဘဝဓလေ့များ၊ အားလပ်ချိန်တွင် အသံလွှင့်ခြင်း၊ ပါဆယ်ပို့ခြင်း၊ စားပွဲထိုးဝင်လုပ်ခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့ပုံများ၊ နွေရာသီ ကျောင်းပိတ်ရက်များတွင် လန်ဒန်ပြင်ပရှိ မြို့ရွာများက ဖိတ်ကြား ၍ မြန်မာ့ယဉ်ကျေးမှုသမိုင်းကြောင်း ကို သွားရောက်ဟောပြောခဲ့ပုံများ၊ ရန်ကုန်မှ လစ်ဗာပူးဆိပ်ကမ်းသို့သင်္ဘော ဖြင့် အသွားအပြန် သွားရောက်ခဲ့သည့် အတွေ့အကြုံများ၊ ပညာသင်ကြားရေး အတွေ့အကြုံများနှင့် ဒေသန္တရဗဟု သုတများကို စိတ်ဝင်စားဖွယ် မှတ်တမ်းတင် ရေးသားထား သည်။
Aug 22, 2021
၈ မေ ၂၀၁၂ ရက် နံနက်။ ကျိုတိုဘူတာစုရပ်သို့ ရောက်တော့ ဘေးဘီဝဲယာ ကို မလေ့လာနိုင်အား။ ရထားဆိုက်ရပ်ချိန်က နီးကပ်နေတော့ အားလုံးအပြေးအလွှား။ မိနစ်ပိုင်း အတွင်း Bullet Train Nozomi 218 ဆိုက်ရောက် လာသည်။ ရထားပေါ်ရောက်လေမှ လေ့လာရေး အဖွဲ့ဝင်များအားလုံး သက်ပြင်းချနိုင်တော့သည်။
Aug 21, 2021
၁
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနအောက်ရှိ စာပေဗိမာန်သည် ပြည်သူလူထုအား ပညာမျက်စိပေးရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ထားသော အဖွဲ့အစည်းဖြစ်သည်နှင့်အညီ မြန်မာစာပေဖွံ့ဖြိုးရေးနှင့် အများပြည်သူများ အသိဉာဏ်ဖွံ့ဖြိုးစေမည့် စာအုပ်စာပေများ ထုတ်ဝေခြင်းနှင့် စာပေဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာစာပေဖွံ့ ဖြိုးရေးလုပ်ငန်းများတွင် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရေးနှင့် စာပေဗိမာန်စာမူဆုများ ချီးမြှင့်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိပါသည်။ စာပေဗိမာန်ဆုကို ၁၉၄၈ ခုနှစ်မှ စတင်ချီးမြှင့်ခဲ့ပြီး ၁၉၅၆ ခုနှစ်မှစတင်ကာ အမျိုးသားစာပေဆုများအဖြစ် နှစ်စဉ်ချီးမြှင့်ခဲ့ပါသည်။ အမျိုးသား စာပေတစ်သက်တာဆုကို ၂၀၀၁ခုနှစ်မှစတင်၍ ချီးမြှင့်ခဲ့ပါသည်။
Aug 21, 2021
အောက်ဆီဂျင်ဟာ လေထုထဲမှာ အဓိကပါဝင်ပြီး သက်ရှိသတ္တဝါတွေ အတွက် အရေးပါတဲ့ ဓာတ်ငွေ့တစ်မျိုး ဖြစ်ပါတယ်။ အောက်ဆီဂျင်ဓာတ်ငွေ့ကို ၁၇၇၄ ခုနှစ်မှာ ဂျိုးဇက်ပရီးစတီး အမည်ရှိ အင်္ဂလိပ်ဓာတုဗေဒပညာရှင်က ဒြပ်စင်တစ်ခုအဖြစ်တွေ့ရှိခဲ့ပြီး ၁၇၇၇ ခုနှစ်မှာ ပြင်သစ်ဓာတုပညာရှင် အန်တွိုင်းလဗွိုင်ယာစီက ဆက်လက် စမ်းသပ်ကာ အောက်ဆီဂျင်လို့ အမည် ပေးခဲ့ပါတယ်။ ဓာတုသင်္ကေတနဲ့ အဆင်းကင်းမဲ့တဲ့ အောက်ဆီဂျင်ဟာ စကြဝဠာကြီးအတွင်း ဟိုက်ဒရိုဂျင် နဲ့ နိုက်ထရိုဂျင်ပြီးနောက် အများဆုံး တွေ့ရှိရတဲ့ ဒြပ်စင်ဖြစ်တယ်။ ကမ္ဘာ့ လေထုရဲ့  ၂၁ ရာခိုင်နှုန်းမှာ အောက်ဆီဂျင် ဖြစ်ပါတယ်။ အောက်ဆီဂျင်ကို ဓာတ်ငွေ့ သန့်သန့်အနေနဲ့သော် လည်းကောင်း၊ အခြားဒြပ်စင်တွေနဲ့ ပေါင်းစပ်၍သော် လည်းကောင်း ကျွန်မတို့ပတ်ဝန်းကျင် မှာ အများအပြား တွေ့ရတယ်။
Aug 20, 2021
နှစ်ပေါင်း တစ်သိန်းကိုးသောင်းလောက်က လူသားမျိုးနွယ်စု {Homo sapiens) စတင် နေခဲ့တဲ့အချိန်က ခန့်မှန်းရေတွက်ကြည့်ရင် ကမ္ဘာကြီးမှာ ယနေ့အထိ လူဦးရေစုစုပေါင်း ၁၀၅- ၁၀၇ ဘီလီယံနေခဲ့ပါတယ်။
Aug 20, 2021
 “ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံ” ဟူသည့်ဆိုရိုးစကားသည် ကျွန်တော်တို့ဘိုးဘွားများ လက်ထက်က အမှန်တကယ်ဖြစ်ခဲ့သည်ကို ဂုဏ်ပြုတင်စား ဆိုထားခြင်းဖြစ်ပါသည်။ ရာသီဥတုမှန်၊ သီးနှံလည်းအထွက်ကောင်းသဖြင့် အညာတစ်ခွင်တွင် ရာဝင်ဆီအိုးကြီးများ အစီအရီရှိကြသည်ကို ညွှန်းဆိုထားဟန်တူပါသည်။ နွေအခါ ရေကျသွားသည့် ချောင်းရိုးတစ်လျှောက်နှင့် ကုန်းစပ်စပ်မြေတွင် တောင်သူဦးကြီးတို့ မြန်မာ့ဆေးရွက်ကြီးများ စိုက်ကြသည်။ ကျေးရွာအုပ်စုတစ်ခုတွင်ပင် ဧက ၁၀၀ ထက်မက စိုက်ကြသည်။ ဒေသ၏ ဆေးတစ်ဧက အထွက်နှုန်းမှာ ပိဿာ ၁၀၀ ခန့်ဖြစ်သည်။
Aug 20, 2021
အောက်ဆီဂျင်ဟာ လေထုထဲမှာ အဓိကပါဝင်ပြီး သက်ရှိသတ္တဝါတွေအတွက် အရေးပါတဲ့ ဓာတ်ငွေ့တစ်မျိုးဖြစ်ပါတယ်။ အောက်ဆီဂျင်ဓာတ်ငွေ့ကို ၁၇၇၄ ခုနှစ်မှာ ဂျိုးဇက်ပရီးစတီး အမည်ရှိ အင်္ဂလိပ်ဓာတုဗေဒပညာရှင်က ဒြပ်စင်တစ်ခုအဖြစ်တွေ့ရှိခဲ့ပြီး ၁၇၇၇ ခုနှစ်မှာ ပြင်သစ်ဓာတုပညာရှင် အန်ဘွိုင်းလွင်ယာစီက ဆက်လက်စမ်းသပ်ကာ အောက်ဆီဂျင်လို့ အမည်ပေးခဲ့ပါတယ်။ ဓာတုသင်္ကေတနဲ့ အဆင်းကင်းမဲ့တဲ့ အောက်ဆီဂျင်ဟာ စကြဝဠာကြီး အတွင်း ဟိုက်ဒရိုဂျင် နဲ့ နိုက်ထရိုဂျင်ပြီးနောက် အများဆုံးတွေ့ရှိရတဲ့ ဒြပ်စင်ဖြစ်တယ်။ ကမ္ဘာ့ လေထုရဲ့ ၂၁ရာခိုင်နှုန်းမှာ အောက်ဆီဂျင် ဖြစ်ပါတယ်။ အောက်ဆီဂျင်ကို ဓာတ်ငွေ့ သန့်သန့်အ နေနဲ့သော်လည်းကောင်း၊ အခြားဒြပ်စင်တွေနဲ့ ပေါင်းစပ်၍သော် လည်းကောင်း ကျွန်မတို့ပတ် ဝန်းကျင်မှာ အများအပြားတွေ့ရတယ်။