Skip to main content
Dec 25, 2021
စာရေးသူဖေဖေရဲ့ စံနမူနာ၊ အတုယူစရာကောင်းတဲ့ အချက်တစ်ခုကို မျှဝေပါရစေ။ ထမင်းစားပွဲမှာ သူ့ပန်းကန်ထဲက ထမင်းအနည်းငယ်ကို လက်နဲ့ဆုပ်ပန်းကန်ထိပ်မှာ တင်ထားပြီးမှ အမြဲစားပါတယ်။ ရတနာသုံးပါးနဲ့ကျေးဇူးရှင်တွေကို ဦးချပြီးမှစားပါတယ်။ ကျေးဇူးတရားတွေကို အောက်မေ့ပြီး ဂါရဝပြုတဲ့အနေနဲ့ပါ။
Dec 25, 2021
ကံကောင်းခြင်းကို ဖန်တီးတယ်ဆိုတာ ပတ်ဝန်းကျင်ကို ဖန်တီးတာပါပဲ။ ကံကောင်းခြင်း ကိုရနိုင်၊ မရနိုင်ဆိုတာ တကယ်တော့ မိမိကိုယ်တိုင်နဲ့သာ သက်ဆိုင်တာပဲ။ မိမိအပေါ်မှာပဲ မူတည်တယ်။ ဘဝတစ်ခုဟာ အစပြုတာရှိသလို အဆုံးနိဂုံးလည်း ရှိပေတာပေါ့။ ခရီးတစ်ခု သွားနေသလိုပါပဲ။ မုချရောက်ရမယ့် ဘူတာစဉ်တွေမှာ မှတ်တိုင်စာရင်း ထိုးထားတယ်လေ။ ဘာတဲ့လဲ။ ထွက်ခွာရွေ့လျား ရှေ့ကိုသွားရင်းတွေ့ရမယ့် ဘူတာတွေက အိုမင်းခြင်း၊ နာမကျန်းခြင်း၊ သေလွန်ခြင်း။ ဟုတ်တယ်။ ဒီဘူတာစဉ်အတိုင်း မလွဲမသွေ ဖြတ်သန်းနေကြတာပေပဲ။ သင့်ရဲ့လက်ကျန်ဘဝ ဟာ ကြာလေလေ နည်းလေလေပေါ့။
Dec 25, 2021
(၇၄)နှစ် လွတ်လပ်ရေးနေ့အတွေးအမြင်
၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် မြန်မာနိုင်ငံ၏ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယဖြစ်သည်။
Dec 24, 2021
လူမှုရေး
နှစ်စဉ် ဒီဇင်ဘာလ ၂၅ ရက်သည် ခရစ္စမတ်နေ့ဖြစ်သည်။ နှစ်စဉ်ထိုနေ့တွင် ကမ္ဘာတစ်ဝန်းလုံး အလှူအတန်းများနှင့် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ကြသည်။ အထူးသဖြင့် လူငယ်များသည် လူကြီးမိဘများ ထံမှ ခရစ္စမတ်လက်ဆောင်များနှင့် ခရစ္စမတ်ကတ်များရရှိကြသဖြင့် မျက်နှာများပေါ်တွင် အပြုံးများ ဖုံးလွှမ်းလျက်ရှိသည်။ လူငယ်များ၏ပျော်ရွှင်မှုသည် လူကြီးများကိုကူးစက်စေပါသည်။ စင်စစ်အားဖြင့် လူကြီးများသည်လူငယ်များကို ယဉ်ကျေးသိမ်မွေ့မှုရှိစေရန်၊ ကူညီရိုင်းပင်းတတ်စေရန်၊ ပေးကမ်းစွန့်ကြဲ တတ်စေရန်နှင့် မကောင်းမှုရှောင်၍ ကောင်းမှုဆောင်တတ်စေရန်အတွက် သက်ဆိုင်ရာ ဘာသာတရား၏ အဆုံးအမ၊ အစဉ်အလာတို့ဖြင့် စည်းရုံးဆောင်ရွက်ထားခြင်းဖြစ်သည်။
Dec 24, 2021
ကျွန်တော်တို့ လက်ဝယ်ပိုင်ဆိုင်ထားတဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာဟာ ဘိုးဘေး ဘီဘင်တွေ အစဉ်အဆက်တိုက်ယူပြီးမှ လက်ဆင့် ကမ်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်လာခဲ့ရတဲ့ အသီးအပွင့် တွေဖြစ် ပါတယ်။ ခိုင်မာတဲ့မျိုးချစ်စိတ်ကို မြစ်ဖျားခံပြီး ကောင်းမြတ်တဲ့ ဘာသာတရား အဆုံးအမများနဲ့ အတူ ၁၃၅ မျိုးသော တိုင်းရင်းသား ပေါင်းစုံရဲ့ ရင့်ကျက်နက်ရှိုင်းတဲ့ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းအစဉ် အလာနဲ့ ကောင်းမြတ်တဲ့ လောက ပါလတရားတွေနဲ့ ထုံမွမ်းထားတဲ့ လွတ်လပ်မှုမျိုး ဖြစ်ပါတယ်။
Dec 22, 2021
ပြီးခဲ့သည့်ရက်ပိုင်းက ကျင်းပသည့် ၂၀၂၀ အာဆီယံ ဆူဇူကီးဖလားဘောလုံးပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် တီမောအသင်းကိုမှအပ အိမ်ရှင် စင်ကာပူ၊ ထိုင်းနှင့် ဖိလစ်ပိုင်အသင်းတို့ကို ရှုံးနိမ့်ခဲ့ပြီး အုပ်စုအဆင့်မှ ထွက်ရသည်။
Dec 22, 2021
ဆောင်းပါး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ သမိုင်းဝင် နေ့ထူးကြီးများအနက် “လွတ်လပ်ရေးနေ့ "သည် အထူးမြတ်ဆုံး နေ့တစ်နေ့ဖြစ်ပါသည်။ - နယ်ချဲ့ ကိုလိုနီအုပ်ချုပ်ဘဝမှ လွတ်မြောက်ခဲ့သည့်နေ့၊ - ကမ္ဘာတွင် အချုပ်အခြာအာဏာပိုင်ဆိုင်သောနိုင်ငံအဖြစ် စတင်ရပ်တည်ခဲ့သည့်နေ့၊ - နှစ်ပေါင်းတစ်ရာကျော် ဖိနှိပ်ခံဘ၀ကျရောက်ခဲ့ရမှ ပထမဆုံ။စတင်လွတ်မြောက်သောနေ့။
Dec 22, 2021
ဆောင်းပါး
မြင်ကွင်း (၁) “ဘုန်းတော် အလွန်တရာကြီးမြတ်တော်မူလှသော ဧကရီဘုရင်မမင်းမြတ်၏ အမိန့်အာဏာတော်အရကြော်ငြာလိုက်သည်မှာ အထက်သီပေါ မင်းအုပ်စိုးတော်မူသော၊ မြန်မာနိုင်ငံတော်ကို ၎င်းဘုရင်က ထပ်မံဆက်လက်၍ စိုးစံအုပ်ချုပ်ရဦးမည်မဟုတ်။ ၎င်းနိုင်ငံနယ်မြေများသည် အသျှင်ဘုရင်မင်းမြတ်ဘုရား၏ နိုင်ငံနယ်မြေဖြစ်လေပြီး အသျှင်ဘုရင်မ မင်းမြတ်ဘုရားအလိုတော်မြတ် ရှိစဉ်ကာလအတွင်း ထိုနိုင်ငံကို ဣန္ဒိယ ဘုရင်ခံ မင်းမြတ်က အခွင့်သင့်လျော်သည့်အခါ မှူးမတ်အရာရှိ ခန့်ထား၍ ၎င်းမှူးမတ်အရာရှိတို့ကသာ အုပ်ချုပ်စီရင်လိမ့်မည်” ဟူ၍ အိန္ဒိယဘုရင်ခံ ဒတ်ဖရင်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တဲ့ ကြော်ငြာစာဟာ ၁၈၈၆ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာရန်ကုန်မြို့၌ လည်းကောင်း၊ ဇန်နဝါရီ ၄ ရက်နေ့မှာ မန္တလေးမြို့၌လည်းကောင်း နှစ်နေရာ ထုတ်ပြန်လိုက်ပြီးနောက် မြန်မာနိုင်ငံမှာ နယ်ချဲ့အင်ပါယာအတွင်း ကျရောက်၊ ကမ္ဘာပေါ်မှ မြန်မာ့မြေပုံပျောက်၊ ကျွန်သပေါက်ဘ၀သို့ ရောက်ခဲ့ ရပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၅ နှစ်ကျော်က နယ်ချဲ့ပဒေသရာဇ် တို့ရဲ့ကြော်ငြာစာကို ယခုကဲ့သို့ တိတိကျကျ မှတ်မှတ်ရရဖတ်ဖူး၊ မှတ်ဖူးသူ လွန်စွာမှ ရှားပါလိမ့်မယ်။
Dec 20, 2021
ကျန်းမာရေး
သမ္မတဂျိုးဘိုင်ဒင်သည် အမေရိကန်ထောက်လှမ်းရေးအေဂျင်စီ (CIA) အား ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားရာ ဇာစ်မြစ်ကိုစုံစမ်းထောက်လှမ်းပြီး ရက်ပေါင်း ၉၀ အတွင်း ပြန်လည်အစီရင်ခံတင်ပြရန် ညွှန်ကြားခဲ့သော်လည်း တင်ပြနိုင်ခြင်းမရှိခဲ့ပေ။ အမှန်တော့ အမေရိကန်သည် ကိုဗစ်-၁၉ ကပ်ရောဂါစတင်ဖြစ်ပွားရာဇာစ်မြစ်ကို နိုင်ငံရေးအရ အမြတ်ထုတ်အသုံးချရန် ထပ်မံကြိုးပမ်းလာခြင်း ဖြစ်သည်။ အမေရိကန် အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးက ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ CIA သည် မည်သည့်နေရာမှ ဗိုင်းရပ်စ်စတင် ဖြစ်ပွားလာခဲ့ကြောင်းကို ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိကြောင်း ဖော်ပြထားသည်။ သိပ္ပံပညာရှင်များသည်ပင်လျှင် အစရှာဖွေမရသော ဇီဝပြဿနာတစ်ရပ်ကို ထောက်လှမ်းရေး အေဂျင်စီများက မည်သို့မည်ပုံဖော်ထုတ်သွားမည်နည်း။ ထောက်လှမ်းရေးအေဂျင်စီများအား ဗိုင်းရပ်စ်စတင်ဖြစ်ပွားရာ ဇာစ်မြစ်ကို စုံစမ်းခွင့်ပြုခြင်းသည် အမေရိကန်အစိုးရအနေဖြင့် ကပ်ရောဂါ စတင်ဖြစ်ပွားရာနေရာကို အမှန်တကယ် ဖော်ထုတ်သွားလိုသည့် ဆန္ဒမရှိဘဲ တရုတ်နိုင်ငံအား နိုင်ငံရေးအရ သိက္ခာချသွားရန် ကြိုးပမ်းမှုမျှသာဖြစ်သည်ဟု ဆိုသည်။
Dec 19, 2021
01
နိုင်ငံတော်အစိုးရသည် မိမိဘဝတစ်သက်တာ တစ်လျှောက် မြန်မာစာပေဖွံ့ဖြိုးရေးလုပ်ငန်းနှင့် စာပေရေးသားပြုစုခြင်း၊ စာပေသုတေသနပြုခြင်း လုပ်ငန်းများကိုတစိုက်မတ်မတ်လုံ့လပြု ဆောင်ရွက် ခဲ့သည့် စာပေပညာရှင်ကြီးများကို “အမျိုးသား စာပေတစ်သက်တာဆု” အဖြစ် ၂၀၀၁ ခုနှစ်မှ စတင်လျက် ချီးမြှင့်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ကျင်းပခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေဆုနှင်းသဘင် အခမ်းအနားတွင် အမျိုးသားစာပေတစ်သက်တာဆု အဖြစ် စာရေးဆရာကြီး နှစ်ဦးနှင့် စာရေးဆရာမ ကြီး တစ်ဦး စုစုပေါင်း သုံးဦးကို ချီးမြှင့်ခဲ့သဖြင့် ယခုအခါ အမျိုးသားစာပေတစ်သက်တာဆုရ ပညာရှင် စုစုပေါင်း (၃၄) ဦး ရှိခဲ့ပြီ ဖြစ်သည်။