Jun 27, 2022
ပလတ်စတစ်ညစ်ညမ်းမှုများသည် သမုဒ္ဒရာ၏အစိတ်အပိုင်းအားလုံးကို စိမ့်ဝင်သွားပြီဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့(WWF)က ယခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ပလတ်စတစ်ဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်ကို အမြန်ဆုံး အကောင်အထည်ဖော်ကြရန် တောင်းဆိုထားသည်။ WWF က ထုတ်ပြန်သည့် အစီရင်ခံစာအရ အဏ္ဏဝါမျိုးစိတ်များ၏ ၈၈ရာခိုင်နှုန်းသည် သမုဒ္ဒရာအတွင်း ပလတ်စတစ်ညစ်ညမ်းမှုဒဏ်ကို ခံစားနေကြရပြီး တိရစ္ဆာန်များစွာသည် အဆိုပါပလတ်စတစ်များကို မျိုချမိကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
Jun 27, 2022
ရေစီးသန်လှသည့် သံလွင်မြစ်ကြောင်း၏ တစ်ဖက်တစ်ချက်စီတွင် ယာဉ်ယန္တရားများ အသုံးပြု၍ တာဝန်ကျ ဝန်ထမ်းများ၏ နေ့ဆိုင်း၊ ညဆိုင်း လှုပ်ရှားမှုများဖြင့် သံလွင်မြစ်ကူးတံတားသစ် (တာကော်) တည်ဆောက်ရေး လုပ်ငန်းခွင်သည် စဉ်ဆက်မပြတ် လည်ပတ်လျက်ရှိသည်။ တံတားသစ် တည်ဆောက်ရေးလုပ်ငန်း၏ ဘေးဘက် တာကော်တံတားဟောင်းကြီးပေါ်မှလည်း ယာဉ်ကြီး ယာဉ်ငယ်များက စဉ်ဆက်မပြတ် သွားလာဖြတ်သန်းနေဆဲ။
Jun 27, 2022

မြန်မာနိုင်ငံသည် ခြင်မှတစ်ဆင့်ဖြစ်ပွားရသော ရောဂါဘယမျိုးစုံကို ပုံမှန်ခံစားရလေ့ရှိသည့် နိုင်ငံဖြစ်သည်။ ခြင်ကိုက်ခံရမှုကြောင့် ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ငှက်ဖျားရောဂါနှင့် ဆင်ခြေထောက်ရောဂါတို့ကို ခံစားရလေ့ရှိသည်။ သက်ဆိုင်ရာ ကျန်းမာရေးဌာနများက မိုးရာသီတွင် အဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါနှင့် ဂျပန်ဦးနှောက်ရောင်ရောဂါများ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန် အချက်များကို ထုတ်ပြန်ထားပြီးဖြစ်သည်။ သွေးလွန်တုပ်ကွေးရောဂါသည် သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ပိုး သယ်ဆောင်ထားသော နေ့အချိန်တွင် ကိုက်လေ့ရှိသည့် ခြင်ကျားကြောင့်ဖြစ်သည်။ ဂျပန်ဦးနှောက်ရောင်ရောဂါသည် ညနေစောင်း နေဝင် ရီတရောအချိန်တွင် ကိုက်လေ့ရှိသည့်ရောဂါပိုး သယ်ဆောင်သော ကျူးလက်စ်ခြင် အကိုက်ခံရခြင်းမှတစ်ဆင့် လူများအား ရောဂါကူးစက်ပျံ့နှံ့စေသည်။ ခြင်ကိုက်မခံရစေရန် နည်းမျိုးစုံဖြင့်ကြိုတင် ကာကွယ်နိုင်သည်။ ခြင်ဆေးခွေများထွန်းညှိခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ခြင်ဆေး ခွေကြောင့်ခြင်အကိုက်ခံရခြင်းမှ သက်သာရာ ရရှိသော်လည်း လူအများစုမှာ ခြင်ဆေးခွေ ထွန်းညှိရာမှ ထွက်ပေါ်လာသောအခိုးအငွေ့အန္တရာယ်ကို သတိပြုမိလေ့မရှိပေ။
Jun 26, 2022

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို ယခုနှစ်၌ ပြန်လည်ကျင်းပတော့မည်ဖြစ်သည်။ “တိုင်းရင်းသားလူမျိုးတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက် လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး” ဟူသည့် လူမှုရေးဦးတည်ချက်ကို မြန်မာနိုင်ငံသားတို့က အနုပညာရှင်များနှင့်အတူ ဝိုင်းဝန်းအကောင်အထည်ဖော်ကြခြင်းလည်းဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်သုံးစုကာလက၊ တိတိပပဆိုပါလျှင် လွန်ခဲ့သော ၂၉ နှစ်တာကာလ၊ ၁၉၉၃ ခုနှစ် စက်တင်ဘာလတွင် ပထမအကြိမ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ရန်ကုန်မြို့၌ ကျင်းပနိုင်ခဲ့ခြင်းမှ သန္ဓေတည်ခဲ့ခြင်းဖြစ်သည်။
Jun 25, 2022

လူသားတိုင်း နေ့စဉ်သတင်းစားသုံးကြသည်။ သတင်းတစ်ပုဒ်သည် အကြောင်းအကျိုး၊ အကောင်းအဆိုးများစွာ ပါဝင်နေတတ်သည်။ သတင်းအာဟာရ အကျိုးကျေးဇူးရရှိမှုသည် စားသုံးသူ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိမှု၊ စိတ်ခံစားမှုတို့ အပေါ်မူတည်၍ ရရှိခံစားကြရမည်သာဖြစ်သည်။
Jun 25, 2022

ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့က ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းတွေ ထွက်ပါတယ်။ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းမှာဆိုရင် အောင်ချက် ၄၆ ဒသမ ၈၈ ရာခိုင်နှုန်း ရှိပါတယ်။ စာမေးပွဲကို ဝင်ရောက် ဖြေဆိုသူပေါင်း ၂၈၁၇၅၁ ဦးမှာ အောင်မြင်တဲ့ ကျောင်းသား ကျောင်းသူပေါင်းက ၁၃၂၀၇၇ ဦးပါ။
Jun 25, 2022

မြန်မာနိုင်ငံတွင် ကုမ္ပဏီများနှင့် ပြည်တွင်းလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများက ဓာတုပစ္စည်းများကို အသုံးပြုရန်နှင့် ပြန်လည်ရောင်းချရန် ပြည်ပမှ တင်သွင်းခွင့်ရရှိရေးကို ထောက်ခံပေးလျက်ရှိရာ ၂၀၂၁ ခုနှစ်အတွင်း ကုမ္ပဏီ/လုပ်ငန်းရှင် စုစုပေါင်း ၆၉ ခုရှိပြီး အသုံးပြုသည့် ကုမ္ပဏီ/ လုပ်ငန်းရှင် ၅၁ ခု၊ တစ်ဆင့် ပြန်လည်ရောင်းချသည့် ကုမ္ပဏီ/ လုပ်ငန်းရှင် ၁၂ ခု၊ ဌာနဆိုင်ရာ လျှောက်ထားမှု ငါးခု၊ ပြည်တွင်း ထုတ်လုပ်ပြီး ကိုယ်တိုင်သုံးကုမ္ပဏီ တစ်ခုဖြစ်သည်။
Jun 25, 2022

သန်လျင်ကို လူတိုင်းသိကြသည်၊ သီတာကုန်းပြင်ဆိုတာကိုတော့ လူတိုင်းသိကြလိမ့်မည် မဟုတ်ပါ။ သန်လျင်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ တည်ရှိနေသော မြို့လေးတစ်မြို့၊ ကျောက်တန်းရေလယ်ဘုရား၊ ကျိုက်ခေါက်စေတီတို့နှင့်တွဲ၍ ထင်ရှားခဲ့သည်။ သီတာကုန်းပြင် ဆိုတာကတော့ ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာ၊ သည်မြို့နှင့်သည်ရွာကို ဝိဂြိုဟ်ပြုနေရခြင်းမှာ သန်လျင်မှာအစပြု၍ သီတာကုန်းပြင်မှာ နိဂုံးကမ္ပတ် အဆုံးသတ်ခဲ့သော ဇာတ်လမ်းအကြောင်းအရာ တစ်ခုကို ကျွန်တော့်ဆောင်းပါး အဆုံးမှာ ပြောပြလို၍ ဖြစ်ပါသည်။ ယခုတစ်ခေါက် ခရီးစဉ်မှာ နေပြည်တော်မှ ရန်ကုန်၊ ထိုမှ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတနှင့် အင်္ဂပူမြို့နယ်များ၊ အင်္ဂပူမှ လေးမျက်နှာ၊ ပြီးလျှင် ရေကြည်မြို့နယ်ထဲက သီတာကုန်းပြင်ရွာကြီးကို ခဏဝင်ပြီး ပုသိမ်မြို့သို့ ဆက်လက်ထွက်ခွာ ခဲ့ခြင်းဖြစ်၏။ ကျွန်တော်နှင့်အတူ သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မြင့်ဝင်းကြည်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်တို့ လိုက်ပါလာခဲ့ကြသည်။
Jun 24, 2022

ဘိန်း၊ မူးယစ်ဆေးဝါး၊ ဆက်စပ်ပစ္စည်းများနှင့် တရားခံများဖမ်းဆီးရရှိမှု တရားမဝင်မူးယစ်ဆေးဝါးများ ထုတ်လုပ်ရာတွင် အဓိကကျသောပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများမှာ မြန်မာနိုင်ငံတွင် ထုတ်လုပ်နိုင်ခြင်းမရှိသဖြင့် အိမ်နီးချင်းနိုင်ငံများမှ နည်းမျိုးစုံဖြင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လျက်ရှိသည်။
Jun 23, 2022

ယနေ့မြန်မာနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အနာဂတ်ခရီးအတွက် အခြေခံလိုအပ်ချက်တစ်ခုပြပါဆိုလျှင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ညွှန်ပြရမည်ဖြစ်ပါသည်။