Apr 20, 2022

ကမ္ဘာကြီးသည် ယနေ့ကာလတွင် ကဏ္ဍအသီးသီး၌ စိန်ခေါ်မှုအများအပြားနှင့် ရင်ဆိုင်နေရသဖြင့် ကမ္ဘာတစ်ဝန်းရှိ လူအများအပြားသည်လည်း စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုခုနှင့် ကြုံတွေ့နေရ သည်။ အထူးသဖြင့် လတ်တလောဖြစ်ပွားနေသော ကိုဗစ်-၁၉ ကပ်ရောဂါသည် ဗိုင်းရပ်စ်မျိုးကွဲများ ကြောင့် ထိန်းချုပ်ရန် အခက်အခဲများစွာရှိနေသည်ဖြစ်ရာ အများပြည်သူတို့အကြား စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ပိုမိုခံစားလာရသည်။ ခရီးသွားလာမှု ကန့်သတ်ချက်များ၊ အလုပ်အကိုင် ဆုံးရှုံးမှုများနှင့် အနာဂတ်အတွက် မရေရာမှုများကလည်း စိုးရိမ်ပူပန်သောကနှင့် စိတ်ဖိစီးမှုများကို ပိုမိုဖြစ်ပေါ်စေသည်။ အကျိုးဆက်အဖြစ် အိမ်တွင်းအကြမ်းဖက်မှုများ၊ သေကြောင်းကြံစည်မှုများ အထိ ဖြစ်ပေါ်စေသည်။ ကမ္ဘာတစ်ဝန်းတွင် ကပ်ရောဂါကို ရှောင်လွှဲနိုင်ခဲ့သူများရှိသော်လည်း ကိုဗစ်-၁၉ ကူးစက်ခံရသူအများအပြားသည် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများကို ရင်ဆိုင်ကြရပြန်သည်။ လူငယ်များအနေဖြင့် ရက်အနည်းငယ်အတွင်း သက်သာပျောက်ကင်း သွားလေ့ရှိသော်လည်း အသက်ကြီးသူများနှင့် ပြင်းထန်သည့်ရောဂါလက္ခဏာရှိသူတို့မှာ ကိုဗစ် နောက်ဆက်တွဲကြောင့် စိတ်ပိုင်းဆိုင်ရာရိုက်ခတ်မှုကို ဆက်လက်ခံစားကြရသည်။
Apr 20, 2022

ဖိလစ်ပိုင်သမ္မတနိုင်ငံတွင် “နိုင်ငံရေးအရ ရွေးချယ်ခြင်းခံထားရသူအား ၎င်း၏ နိုင်ငံရေး ရာထူးသက်တမ်းအတွင်း မည်သည့်အစိုးရရုံး (သို့မဟုတ်) မည်သည့်အစိုးရရာထူး၌မဆို ခန့်အပ် ခြင်းမပြုရန်၊ မည်သည့်ရွေးကောက်ပွဲတွင်မဆို ရှုံးနိမ့် သည့် ကိုယ်စားလှယ်လောင်းကို ရွေးကောက်ပွဲအပြီး တစ်နှစ်အတွင်း အစိုးရရုံး (သို့မဟုတ်) အစိုးရပိုင် (သို့မဟုတ်) အစိုးရထိန်းချုပ်မှုအောက်ရှိ လက်အောက်ခံ မည်သည့်ရုံးတွင်မဆို ခန့်အပ်ခြင်း မပြုရန်၊ နိုင်ငံ့ဝန်ထမ်း (သို့မဟုတ်) တပ်မတော်သားများအနေဖြင့် မည်သည့်ပါတီနိုင်ငံရေး လှုပ်ရှားမှုတွင်မဆို တိုက်ရိုက်သော် လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း မပါဝင်ရန်၊ မိမိတို့၏ တရားဝင် အခွင့်အာဏာ (သို့မဟုတ်) သြဇာသက်ရောက်မှုကို ရွေးကောက်ပွဲ၌ အသုံးမပြုရန်၊ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် လက်ရှိနိုင်ငံရေးပြဿနာများ (သို့မဟုတ်) နိုင်ငံရေးအခြေအနေများအပေါ် မိမိ၏အမြင်များအား ထုတ်ဖော် ပြောဆိုခြင်းကို တားမြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မဲထည့်ခြင်းမှလွဲ၍ နိုင်ငံရေးလှုပ်ရှားမှုများတွင် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း မပါဝင်ရန်၊ မည်သည့်ရွေးကောက်ပွဲတွင်မဆို ဝင်ရောက်ယှဉ်ပြိုင် ခြင်းမပြုရန်” သတ်မှတ်ပြဋ္ဌာန်းထားပါသည်။
Apr 20, 2022

လ်ဆင်မင်ဒဲလားအကြောင်းကို တိုးအောင်(ဆေး-မန်း) ရေးတဲ့ “ရန်သူများနှင့် ကစားခြင်း” စာအုပ်ကိုဖတ်ပြီးချိန်မှာ ကျွန်တော် ဒီ“ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး” ဆောင်းပါးရေးဖို့ စိတ်ပြင်းပြ လာပါတယ်။ ရေးဖြစ်ခဲ့ပါတယ်။ ရန်သူကို ခွင့်လွှတ်ပြီး၊ လေးစားပြီး၊ ဂုဏ်ပြုပြီး အသေအကျေတိုက်မယ့် လက်နက်ကိုင်လမ်းစဉ်ကို မရွေးဘဲ ဆွေးနွေးမှုလမ်းစဉ်ကို ရွေးပြီး ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ခဲ့မှု၊ စစ်ကို တားဆီးခဲ့မှုတွေ သမိုင်းမှာ သာဓကရှိတာပဲလေ။ ကျွန်တော်တို့နိုင်ငံ လုပ်နိုင်တယ်လို့
Apr 20, 2022
အာရောဂျံ.... ကျန်းမာခြင်းသည် ပရမံ...မြတ်လှစွာသော... လာဘံ...လာဘ်ကြီးတစ်ပါး ဆိုသည့်ဆိုရိုးစကားအတိုင်း ကျန်းမာခြင်းသည် လူသားအားလုံးအတွက် လွန်စွာအရေးကြီးပါသည်။ ကျန်းမာမှ ပျော်ရွှင်သော နေ့စဉ်ဘဝကို ဖြတ်သန်း နိုင်မည်ဖြစ်ကာ ကျန်းမာရေးထိခိုက်သည်နှင့်အမျှ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ အိမ်ထောင်ရေးတို့ပါ ထိခိုက်လာမည်ဖြစ်ပါသည်။ ကျန်းမာရေးကောင်းစေရန်အတွက် အိပ်ရေးဝဝအိပ်ခြင်း၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း၊ လေကောင်းလေသန့်ရှူရှိုက်ခြင်း၊ အရိယာပုတ်မျှတစွာ နေထိုင်ခြင်း စသည်တို့အပြင် အာဟာရပြည့်ဝစေမည့် အစားအစာကို ရွေးချယ်စားသုံးခြင်းမှာလည်း အထူးလိုအပ်ပါသည်။
Apr 19, 2022

ဒုဋ္ဌဝတီမြစ်ခေါ် မြစ်ငယ်မြစ်သည် ဧရာဝတီမြစ်၏ ထင်ရှားသော မြစ်လက်တက် တစ်ခုဖြစ်သည်။ ၁၃၁ မိုင်ခန့် ရှည်လျားပြီး ရှမ်းပြည်မြောက်ပိုင်း သိန္နီအရှေ့ဘက်၂၅ မိုင်အကွာ သံလွင်မြစ်အနီး တောင်ကုန်းများတွင် မြစ်ဖျားခံ၍ သီပေါမှ တောင်ဘက်သို့ ဖြတ်ကျော်စီးဆင်းသွားသည်။ သီပေါနှင့် ရပ်စောက်နယ်တို့ကို နယ်နိမိတ်ပိုင်းခြားသတ်မှတ် စီးဆင်းလာသော ဒုဋ္ဌဝတီမြစ်သည် မန္တလေးနှင့် ကျောက်ဆည်ခရိုင်တို့ကိုလည်း နယ်နိမိတ်ပိုင်းခြား စီးဆင်းပြန်ကာ နောက်ဆုံးတွင် မန္တလေးမြို့၏တောင်ဘက် ၁၂ မိုင်ခန့်အကွာ စစ်ကိုင်းမြို့နှင့် မျက်နှာချင်းဆိုင်နေရာ အင်းဝမြို့ အထက်နား၌ ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သည်။ ရန်ကုန် – မန္တလေး မီးရထားလမ်းသည် ဧရာဝတီမြစ်အတွင်းသို့ မြစ်ငယ်မြစ်စီးဝင်သည့် နေရာအနီးတွင် ဖြတ်ကျော်သွားသည်။
Apr 19, 2022

နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံရေးနှင့် စီးပွားရေး စနစ်များ၊ အစိုးရအဖွဲ့များ မည်သို့ပြောင်းလဲစေကာမူ နိုင်ငံတော်ယန္တရားတစ်ခုလုံး စဉ်ဆက်မပြတ် ကောင်းမွန်စွာ သက်ဝင်လှုပ်ရှားစေရန် ဆောင်ရွက် ကြရ သူများ ဖြစ်ကြပါသည်။
Apr 17, 2022

အာရှသည် နိုးထလာပြီဖြစ်၏။ ရုန်းကြွလာပြီဖြစ်၏။ကြွယ်ဝ ချမ်းသာသောအနာဂတ်တစ်ခုဆီသို့ အရှိန်အဟုန်ပြင်းပြင်း ချီတက်နေပြီဖြစ်၏။ အာရှ၏ အနာဂတ်ကိုမည်သူမျှ၊ မည်သို့မျှ၊ မည်သည့်နည်းနှင့်မျှ တားဆီး၍မရနိုင်တော့။ ၂၀၅၀ သည် လွန်ခဲ့သော ရာစုနှစ် သုံးခု နှစ်ပေါင်း သုံးရာခန့်က ဖြစ်တည်ခဲ့သည့် ဂုဏ်ဒြပ်မျိုးဖြင့် လျှမ်းလျှမ်းတောက်ကြွယ်ဝမည့်အာရှ၏ ပန်းတိုင်နှစ် ဖြစ်တော့သည်။
Apr 17, 2022

ဆယ်ကျော်သက်လူငယ်များ နိုင်ငံရေးစာပေကို လေ့လာလိုက်စားသင့်သလားဟုပြောလျှင် လေ့လာလိုက်စားသင့်ပါသည်ဟု ဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံရေးသည် နိုင်ငံသားတိုင်းနှင့် ဆိုင်ပေသည်။ တချို့ကပြောမည်။ “နိုင်ငံရေးက ကလေးတွေနဲ့အထူးသဖြင့် မင်းတို့ဆယ်ကျော်သက် အရွယ်တွေနဲ့မဆိုင်ပါဘူးကွာ၊ မင်းတို့ ဘာနားလည်တာမှတ်လို့၊ အသာနေစမ်းပါ” အစရှိသဖြင့် ကြားသိရပါများလျှင်လည်း လူငယ်တို့အနေဖြင့် နိုင်ငံရေးက ငါတို့နှင့်မဆိုင်ပါဘူးဟု အထင်ရောက် သွားဖွယ်ရှိသည်။ နောင်အနာဂတ်ကို ပခုံးပြောင်းတာဝန်ယူ လုပ်ဆောင်ကြရမည့် လူငယ်များအနေဖြင့် ဖြစ်ပျက်နေသော၊ ဖြစ်ပျက်ခဲ့သော နိုင်ငံရေးတို့နှင့် ကင်းကွာသွားနိုင်သည်။ ထို့အတွက်ကြောင့် နိုင်ငံရေးစာပေများကို လေ့လာလိုက်စားနေဖို့ လိုအပ်သည်။
Apr 16, 2022

၁၃၈၃ ခုနှစ် နှစ်ဟောင်းကုန်ဆုံး၍ ၁၃၈၄ ခုနှစ် မြန်မာနှစ်သစ်သို့ကူးပြောင်းခဲ့ချေပြီ။ မြန်မာလူမျိုးတို့သည် နှစ်သစ်၏အမွန်အစဖြစ်သော မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ဘုရားကျောင်းကန်၊ စေတီပုထိုး များတွင်ဥပုသ်သီလဆောက်တည်ခြင်း၊ စတုဒိသာကျွေးမွေးလှူဒါန်းခြင်းစသည့်ဒါန၊ သီလ၊ ဘာဝနာ တရားများအားထုတ်လေ့ရှိကြသည့်နည်းတူ သက်ကြီးဝါကြီးအဘိုးအဘွားတို့အား ဂါရဝပြုခြင်း၊ ခေါင်း လျှော်၊ ခြေသည်းလက်သည်းညှပ်ခြင်း စသည့်ဝေယျာဝစ္စပြုလုပ်ပေးခြင်း၊ ဇီဝိတဒါန သက်လွှတ်ပွဲများပြုလုပ်ခြင်းတို့ကို ဆောင်ရွက်လေ့ရှိကြသည်။
Apr 15, 2022

နိုင်ငံတစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ (Micro Enterprise-ME)၊ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်း (Small and Medium Enterprise-SME) တွေရဲ့အခန်းကဏ္ဍဟာ အလွန်အရေးပါကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ SME ကဏ္ဍဟာ နိုင်ငံ GDP ရဲ့ (၃၀~ ၅၃) ရာခိုင်နှုန်း၊ အလုပ်အကိုင်အားဖြင့် (၅၀~၉၅) ရာခိုင်နှုန်းရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။