May 12, 2022
မကြာမီကာလတစ်ခုမှာ အခြေခံပညာ ကျောင်းသားကျောင်းသူများ နှစ်စဉ်ကျောင်းအပ်နှံမှု ရက်သတ္တပတ်လှုပ်ရှားမှုနှင့်အတူ ကျောင်းများတစ်ပြိုင်နက် ဖွင့်လှစ်ပြီးနိုင်ငံအတွက် ပညာရေး စာမျက်နှာသစ်တစ်ခု ဖွင့်လှစ်ကြပါတော့မည်။
May 11, 2022

အရိုးရောဂါဘာသာရပ်သည် မြန်မာ့တပ်မတော် ဆေးပညာနယ်ပယ်တွင် အရေးပါသော အခန်းကဏ္ဍတွင်ပါဝင်သောကြောင့် အရိုးရောဂါဆိုင်ရာဆေးတပ်ဖွဲ့အနေဖြင့် ကြိုးပမ်းဆောင်ရွက်မှု၏ အသီးအပွင့်ကိုရရှိခဲ့ခြင်းပင်ဖြစ်သည်။ အဆိုပါတပ်မတော်ဆေးပညာ နှီးနှော ဖလှယ်ပွဲမတိုင်မီ အကြိုအလုပ်ရုံဆွေးနွေးပွဲကို မေ ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် တပ်မတော်အရိုးရောဂါအထူးကုဆေးရုံ (ခုတင်-၅၀၀) တွင်အထူးစည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်။ ထိုအလုပ်ရုံ ဆွေးနွေးပွဲတွင် “AO Principle of Fracture Fixation Basic Course” ခေါင်းစဉ်ဖြင့် အတိုင်ပင်ခံ အရိုးခွဲစိတ်ပါရဂူ ဒုတိယဗိုလ်မှူးကြီး ဟိန်းလတ်ဝင်း စုစည်းဦးဆောင်မှုဖြင့် ပြည်တွင်း၊ ပြည်ပမှ အရိုးရောဂါဆိုင်ရာပါမောက္ခချုပ်၊ပါမောက္ခ/ ဌာနမှူးများ၊ ပါရဂူများ၊ ပါမောက္ခပါရဂူကြီးများ၊ စင်ကာပူနှင့် မလေးရှားနိုင်ငံတို့မှ ပါမောက္ခ ဆရာဝန်ကြီးများ၊ တပ်မတော်ဆေးတက္ကသိုလ် အရိုးရောဂါပညာ ဘွဲ့လွန်ကျောင်းသားများ၊ ဆေးလက်တွေ့ပါရဂူကျောင်းသားများ၊ ကျန်းမာရေးဝန်ကြီးဌာနမှပါမောက္ခကြီးများ၊ နိုင်ငံတကာမှ ဘာသာရပ်ဆိုင်ရာ အရိုးရောဂါဆိုင်ရာပညာရှင်ကြီးများနှင့်တွေ့ဆုံ ဆွေးနွေးခဲ့မှုသည် မြန်မာ့တပ်မတော်၏ အရိုးရောဂါဆိုင်ရာဆေးပညာရပ်တွင် မှတ်တိုင်တစ်ခုအဖြစ် ကျန်ရစ်စေခဲ့ပြီဖြစ်သည်။
May 10, 2022

အရိုးရောဂါဘာသာရပ်သည် မြန်မာ့တပ်မတော် ဆေးပညာနယ်ပယ်တွင် အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်သောကြောင့် ပညာရပ်ဆိုင်ရာတိုးတက်ရေးကို အရိုးရောဂါဆိုင်ရာ ဆေးတပ်ဖွဲ့အနေဖြင့် ကြိုးပမ်းဆောင်ရွက်မှု၏ အသီးအပွင့်ကို ရရှိခဲ့ခြင်းပင်ဖြစ်သည်။ အဆိုပါ တပ်မတော်ဆေးပညာ နှီးနှောဖလှယ်ပွဲမတိုင်မီ အကြိုအလုပ်ရုံဆွေးနွေးပွဲကို မေ ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် တပ်မတော်အရိုးရောဂါအထူးကုဆေးရုံ (ခုတင်-၅၀၀)တွင် အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်။
May 09, 2022

ဗို့အားမြင့် ဘက်ထရီမှ လျှပ်စစ်အန္တရာယ်ကာကွယ် ရေးဆိုင်ရာအခြေခံအချက်များ
လျှပ်စစ်သုံးယာဉ်များတွင် အဓိကအရေးကြီးဆုံးသည် ဗို့အားမြင့်ဘက်ထရီဖြစ်ပါသည်။ အလုပ် လုပ်မည့် ဗို့အားသည် 60 V DC (သို့မဟုတ်) 30 V AC ထက်ကျော်လွန်ပါက အန္တရာယ်ရှိသည့် ဘက်ထရီဖြစ်ပါသည်။ ထို့ကြောင့် လျှပ်စစ်သုံးယာဉ်များအတွက် ယာဉ်ကိုယ်ထည် တည်ဆောက်ရာတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အခြေခံ အချက်အလက်စံနှုန်းများ၊ နည်းလမ်းများ၊ အကာအကွယ်အတားအဆီးများ၊ ယာဉ်ရှိ ဝိုင်ယာကြိုး၊ ဘက်ထရီများ၊ အန္တရာယ်ဖြစ်စေနိုင်သည့် ဗို့အားအစိတ်အပိုင်းများကို ယာဉ်ပေါ်တွင်ပါသည့် လူများမှ တိုက်ရိုက် ထိတွေ့ခြင်းမှ ကာကွယ်ရန်၊
May 09, 2022

သမိုင်းအစဉ်အလာကြီးမားသော တပ်မတော်သည် ပြည်သူထဲမှပေါက်ဖွားလာပြီး နိုင်ငံတော် ကာကွယ်ရေးအတွက် အသက်၊ သွေး၊ ချွေးနှင့် ကိုယ်လက်အင်္ဂါများ ကို စွန့်လွှတ်စတေးခဲ့ကြရသည်။ နိုင်ငံတော်၏ အချုပ်အခြာအာဏာထိပါးမှုတွင် အရေးကြုံသည့် အခါတိုင်း သမိုင်းပေးတာဝန်ကို မမှိတ်မသုန် ထမ်းဆောင်ခဲ့ကြသည်။
May 08, 2022

မူးယစ်ဆေးဝါးဆိုသည်မှာ အဘယ်နည်း။ မူးယစ်ဆေးဝါးဆိုသည်မှာ လူသားတို့၏ ဗဟိုနာမ်ကြောအဖွဲ့ (အာရုံကြောစနစ်အဖွဲ့)ကို ထုံထိုင်းစေခြင်းဖြင့် လူသားတို့အား မူးယစ်ထုံထိုင်း၍ အသိဉာဏ်မဲ့စေတတ်သော ဆေးဝါးများကို မူးယစ်ဆေးဝါးဟု နားလည်ရပေသည်။ ကျွန်ုပ်တို့ ပုထုဇဉ်လူသားများသည် မွေးဖွားလာချိန်မှစ၍ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ စသည်တို့မှာ အနည်းနှင့်အများဆိုသလို ပါလာကြသည်ပင် ဖြစ်သည်။ ဥပမာဆိုရသော် ကလေးအရွယ်ကဆိုလျှင် အထူးအဆန်း ကစားစရာများ၊ ချစ်စရာ အရုပ်လေးများ၊ ပစ္စည်းလှလှများဆိုလျှင် ချစ်ခင်တွယ်တာကြပါသည်။ မိမိတွင် မရှိသေးသော ပစ္စည်းများကိုမြင်လျှင် ရရှိပိုင်ဆိုင်ချင်ကြသည်။
May 08, 2022

ယနေ့ကမ္ဘာကြီးတွင် လူသားများသည် လူမှုစီးပွားဘဝများအတွက် နေ့စဉ်သွားလာ လှုပ်ရှားနေကြရပြီး တစ်နေရာမှတစ်နေရာသို့ သွားလာရာတွင် ယာဉ်များသည် မရှိမဖြစ် အရေးပါသောကဏ္ဍတွင် ပါဝင်လျက်ရှိပါသည်။
May 07, 2022
တက္ကသိုလ်မှာ တာဝန်ထမ်းဆောင်သူ ပါမောက္ခမှသည်၊ ဆရာ၊ ဆရာမများဟာ လူထုလိုအပ်ချက်၊ စက်ရုံတွေလိုအပ်ချက်၊ တစ်ဦးကိုတစ်ဦး ဖြည့်ဆည်းသွားကြရမှာ ဖြစ်ပါတယ်။ တက္ကသိုလ်တည်ရှိရာ ဒေသ လူ့အဖွဲ့အစည်းအတွက် အမှန်တကယ် လိုအပ်တဲ့ လူသားကျွမ်းကျင်မှု အရည်အသွေးတွေ၊ ကျွမ်းကျင်မှု အမယ်စုံကို မွေးထုတ်ပေးကြရမှာ ဖြစ်ပါတယ်။ ဒီလိုဆိုရင် တက္ကသိုလ်ကောလိပ်တစ်ခုဟာ သူရှိနေတဲ့ဒေသမှာ နိုင်ငံတော်ရဲ့ရတနာပါပဲ။ စိန်ကောင်းကျောက်ကောင်း တစ်ပွင့်ပါပဲ။
May 06, 2022

(ယမန်နေ့မှ အဆက်)
အစိုးရနဲ့ ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်တဲ့ ပညာရေးအဆင့်မြင့်ဖို့နိုင်ငံက ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ အားထားရပါမယ်။ လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ခြင်းရဲ့ အမြင့်ဆုံးအမှတ်ကိုရောက်ဖို့ဆိုရင် နိုင်ငံသားတိုင်းကိုအဖိုးတန်တဲ့ အရင်းအနှီးအဖြစ် မှတ်ယူပြီး ပညာရေးက လုပ်ပေးနိုင်မှုအပေါ်မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပိုမိုရှိလာနိုင်ပါတယ်။ ဘဝသစ်ဖန်တီးနိုင်ဖို့ လူ့အဖွဲ့အစည်း အတွင်းမှာ မရှိသေးတဲ့ နည်းပညာတွေနဲ့ ကျွမ်းကျင်မှုအဖုံဖုံကိုတက္ကသိုလ်တွေကဆောင်ကြဉ်းပေးရ ပါလိမ့်မယ်။ ဒါကြောင့် တက္ကသိုလ်များရဲ့ အခန်း ကဏ္ဍဟာ အမှန်တကယ်ပဲ ကျယ်ဝန်းနက်ရှိုင်း လာပါတယ်။
May 05, 2022

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သောကြောင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရန် နိုင်ငံ့ခေါင်းဆောင်များ သည် ခေတ်အဆက်ဆက် အဘက်ဘက်မှ ကြိုးပမ်းခဲ့ကြသည်။ ထိုသို့ကြိုးပမ်းမှုနှင့်အတူ မြန်မာနိုင်ငံသည် တစ်ဆင့်ချင်း ပြောင်းလဲတိုးတက်ခဲ့သည်။ ခေတ်မီတိုးတက်မှုနှင့်အညီ မြို့ပြနှင့် စက်မှုကဏ္ဍဖွံ့ဖြိုးမှုတွင် ခေတ်မီအဆောက် အအုံများနှင့်စက်ရုံများ၏ မီးဘေးအန္တရာယ် ကာကွယ်ရေးသည် အထူးအရေးပါလာ လျက်ရှိသည်။ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်တို့တွင် နိုင်ငံနှင့် ပြည်သူတို့ အတွက်ဦးစွာ ရှေ့တန်းမှကာကွယ်ပေးသူတို့မှာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များဖြစ်သည်။