
မြန်မာနိုင်ငံတွင် အသက် ၅ နှစ်မှ ၁၇ နှစ်အတွင်းအရွယ် ကလေးဦးရေ ၁၂ သန်းကျော်ရှိနေပြီး ယင်းဦးရေ၏ ၁၀ ရာခိုင်နှုန်းမှာ ကလေးအလုပ် သမားများဖြစ်ကြကြောင်း၊ ကလေးအလုပ်သမား ဦးရေ၏ ထက်ဝက်ခန့်မှာလည်း အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင် နေကြကြောင်း မှတ်သားရဖူးသည်။

ယနေ့ကမ္ဘာတစ်လွှားကို ရှုမြင်ကြည့်လိုက်တော့ လူသိများသည့် ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ အီရတ် အစရှိသည့် နိုင်ငံများအပါ အဝင် နိုင်ငံပေါင်း လေးဆယ်ခန့်မှာ စစ်ဖြစ်နေသည်။ မြန်မာ နိုင်ငံမှ ပြည်တွင်းပဋိပက္ခကိုအခြေခံသည့် နိုင်ငံအတွင်းဖြစ်ပွား နေသည့်စစ်သည် ကမ္ဘာ့စံချိန်တင်နိုင်လောက်အောင် သက်တမ်းရှည်နေပြီ။ အန္ဒီ စစ်ဘေးစစ်ဒဏ်ကို အများဆုံးခံရသူများက စစ်ပွဲတွင်းမှာ အမှန်တကယ် စစ်တိုက်နေရသူများနှင့် စစ်ဖြစ်ပွား ရာ နယ်မြေဒေသတွင်းက အရပ်သားပြည်သူလူထုဖြစ်၏။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားစည်းလုံးညီညွတ်မှု၊ အမျိုးသားပြန်လည်သင့်မြတ်မှုနှင့် တိုင်းပြည် ငြိမ်းချမ်းမှုကို ခိုင်မာသည်ထက် ခိုင်မာအောင် ဝိုင်းဝန်းကြိုးပမ်းတည်ဆောက်၍ စစ်မှန်သည့်ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ကြီး ပေါ်ထွန်းလာစေရန် သန္နိဋ္ဌာန်ချထားပြီးဖြစ်သည်။
မြန်မာသက္ကရာဇ် ၁၂၇၆ ခုနှစ် တပေါင်းလဆန်း ၁ ရက်၊ ခရစ်နှစ် ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက် စနေနေ့ နံနက်လင်းအားကြီးအချိန်တွင် မြန်မာပြည် အလယ်ပိုင်း မကွေးခရိုင် နတ်မောက်မြို့လေး၌ ပစ္စုပ္ပန်ခေတ် မြန်မာနိုင်ငံ သမိုင်းအတွက် ထူးခြားသောမှတ်တိုင်တစ်ခု စတင်ပေါ်ထွန်းလာခဲ့သည်။ အကြောင်းကား ထိုနေ့မှ နှစ်ပေါင်း ၃၀ ဝန်းကျင်၌ မြန်မာတစ်မျိုးသားလုံး၏ အဖိုးထိုက်တန်ဆုံးရတနာ လွတ်လပ်ရေးဆုမွန်ကို ရွပ်ချွံစွာ ရှေ့ဆောင် ဆွတ်ခူးပေးနိုင်လတ္တံ့သော အာဇာနည်သူရဲကောင်းတစ်ဦးကို အဘ ဦးဖာ၊ အမိ ဒေါ်စုတို့က မွေးဖွားခဲ့သောကြောင့်ပင်တည်း။
အောင်ဆန်းဆိုသည့် နာမည်ကို မြန်မာတွင်သာမက နိုင်ငံတကာက ရင်းနှီးကျွမ်းဝင်ကြသည်။ နိုင်ငံတကာ သမိုင်းကို နှံ့စပ် နားလည်သူများသည်ကား အောင်ဆန်းဆိုသည့် အမည်ကို အမျိုးသားခေါင်းဆောင်၊ သူရဲကောင်း၊ ထက်မြက်သလောက် ရိုးသားဖြူစင်သူအဖြစ် အသိအမှတ်ပြုကြသည်။
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဗိသုကာဦးအဖြစ်ခေတ်ပြိုင်နိုင်ငံရေးသမားများကရော၊ လုပ်ဖော်ကိုင်ဖက်များ ကရော၊ သူ့ကိုမုန်းသူများကပါ တလေးတစားရှိကြသည်။ သူ၏ ထက်မြက်မှုနှင့် ခေါင်းဆောင်မှုစွမ်းရည်က ကြောက်ခမန်းလိလိဖြစ်သည်။

ဖက်ဆစ်တော်လှန်ရေးအပြီး ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးကိုပေးရတော့မည့် အချိန်သို့ရောက်လာသည်။ ထိုအခါ မြန်မာနိုင်ငံ လွတ်လပ်ရေးဆိုင်ရာ သဘောတူညီမှုများညှိနှိုင်းရန် ဖဆပလ ဥက္ကဋ္ဌ ဦးအောင်ဆန်းနှင့်အဖွဲ့ အင်္ဂလန်နိုင်ငံသို့သွားကာ အပြီးသတ် ဆွေးနွေးကြ၏။

ယနေ့သည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်သည်။ တစ်တိုင်းပြည်လုံး သွေးစည်းညီညွတ်ကြောင်းကို သက်သေထူပြ နိုင်သည့် နေ့ထူးနေ့မြတ်ဖြစ်သည်။ ညီညွတ်သော ပြည်ထောင်စုကို သက်သေထူပြနိုင်သဖြင့် လွတ်လပ်ပြီး အချုပ်အခြာ အာဏာပိုင်ဆိုင်သည့် ပြည်ထောင်စုနိုင်ငံတော်ကြီးအဖြစ် ခိုင်မြဲစွာ ရပ်တည်လျက်ရှိသည်။

ဤမြန်မာနိုင်ငံတွင် ရှေးအစဉ်အဆက်နေထိုင်ခဲ့ကြသော တိုင်းရင်းသား လူမျိုးများသည် ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း၊ စစ်တောင်း မြစ်ကြီးများ၊ လွင်ပြင်များနှင့် ပတ်လည်ဝိုင်းနေသော ကုန်းပြင်မြင့်နှင့် တောင်တန်းကြီးများ၌ မရှိမပူ၊ ရှိမပူ အေးချမ်းစွာ နေထိုင်ခဲ့ကြပြီး အရေးရှိလျှင်လည်း
ကောင်းတူဆိုးဖက်ရင်ဆိုင်ခဲ့ကြသည်။ ပြည်ထောင်စု၌ အတူနေထိုင်ကြသော ပြည်ထောင်စုသားများသည်တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်သူများ ဖြစ်ကြ၍ အချိန်ကာလအလိုက်ဖြစ်ခဲ့ကြသော သမိုင်းဖြစ်စဉ်အတက်၊ အကျ များအပေါ်တွင် အဆိုးဘက်ကို အကျိုးဆက်မဖြစ်စေဘဲ သင်ခန်းစာယူ၍ အကောင်းဘက်ကို အကြောင်းဆက်ရမည်ဖြစ်သည်။

သူ့ကျွန်ဘဝက လွတ်မြောက်ပြီး ကိုယ့်ကြမ္မာကိုယ် ဖန်တီး နိုင်သော လွတ်လပ်သည့် မြန်မာ နိုင်ငံတော်၏သမိုင်းတွင် ပင်လုံ စာချုပ်က များစွာအရေးပါ၏။ သည့်ထက် နက်နက်ရှိုင်းရှိုင်း ကြည့်မြင်ပါလျှင် ပင်လုံညီလာခံနှင့် ပင်လုံစာချုပ်တို့၏ ကျေးဇူးက ကြီးလှသည်ဟု ဆိုရ ပါမည်။ ။
တောင်တန်းမြေပြန့် မခွဲခြား၊ တိုင်းရင်းသားလူမျိုးစုတိုင်း တန်းတူညီမျှ လွတ်မြောက်ကြစို့ ဟူသည့် မျှော်မှန်းချက်ကို အမြင့် ဆုံးလွှင့်ထူကာ နိုင်ငံသားတို့၏ သွေးစည်းမှုညီညွတ်မှုကို ပင်လုံ စာချုပ်ဖြင့် ဖော်ပြခဲ့သည်။

ကမ္ဘာပေါ်တွင် လူ ၁၀၀ လျှင် ၉ဝ မှာ ညစ်ညမ်းသောလေကို ရှူရှိုက်မိနေကြရပြီး လေထု ညစ်ညမ်းမှုကြောင့် နှစ်စဉ်လူခုနစ် သန်းခန့် သေဆုံးနေကြရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ၏ လေ့လာတွေ့ရှိချက်များအရ သိရသည်။ ညစ်ညမ်းသည့် လေထုထဲတွင် အန္တရာယ်ရှိ ဓာတု ပစ္စည်းများနှင့် အမှုန်အမွှား၊ အရည်တို့ရေ ပျံ့နှံ့နေကြသည်။ မော်တော်ကား၊ မီးရထား၊ သင်္ဘော၊ စက်ရုံစသည်တို့မှ ထုတ်လွှတ်သော အခိုးအငွေ့များ၊ အမှိုက်မီးရှို့ခြင်း၊ တောမီးရှို့ခြင်းတို့မှ ထွက်ရှိ လာသည့် မီးခိုးငွေ့များ၊ ယာဉ်များ သွားလာခြင်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်ကဲ့သို့သော လုပ်ငန်းခွင်များမှ ထွက်ပေါ်လာသော အမှုန်အမွှားများတို့ကြောင့် လေထုညစ်ညမ်းမှု ဖြစ်ပေါ်လာ