Jun 19, 2022
မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် မိုးရေချိန်အများအပြား ရွာသွန်းလျက်ရှိခြင်း၊ လာနီညာဖြစ်စဉ် အကျိုးသက်ရောက်မှုကြောင့် အရှေ့ဘက်မှ လေပွေလှိုင်း များ တိုက်ခတ်ခြင်း၊ ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းများ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်းနှင့် မိုးရွာသွန်းမှု ပုံမှန်ထက်ပိုမိုခြင်းကဲ့သို့သော ရာသီဥတု ဖြစ်စဉ်များ ဖြစ်လာနိုင်သည့် အခြေအနေများကြောင့် သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သည့် အလားအလာများကို မျက်ခြည်မပြတ် ဂရုပြုကြရတော့မည် ဖြစ်သည်။
Jun 18, 2022
နိုင်ငံတွင် စက်သုံးဆီနှင့်စားသုံးဆီသုံးစွဲမှုမြင့်မားသဖြင့် ပြည်ပမှ စက်သုံးဆီ၊ စားသုံးဆီများကို နှစ်စဉ်တင်သွင်းနေရသည်။ ပြည်တွင်းဆီဖူလုံရေးနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆိုပါဆီနှစ်မျိုးကို ခြိုးခြံချွေတာသုံးစွဲရမည်ဖြစ်ပြီး တစ်ဖက်တွင် ပြည်တွင်း၌ထုတ်လုပ်နိုင်သော စားသုံးဆီသီးနှံစိုက်ပျိုးထုတ်လုပ်ရေးကို ဆထက်တိုး၍ စိုက်ပျိုးထုတ်လုပ်ကြရမည်ဖြစ်သည်။
Jun 18, 2022
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆွတ်ခူးရရှိခဲ့သော မြန်မာအားကစားသမားများအား အထူးကိစ္စရပ်အနေဖြင့် လူစီးမော်တော်ယာဉ် ဝယ်ယူခွင့်ပြုကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက အသိပေးကြေညာခဲ့ရာ (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အမြင့်မားဆုံးစွမ်းဆောင်မှုဖြင့် နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသူ အားကစားမောင်မယ်တို့အတွက် နိုင်ငံတော်၏ နောက်ထပ်အားပေးဂုဏ်ပြုချီးမြှင့်မှုပင်ဖြစ်သည်။
Jun 16, 2022
ကမ္ဘာတစ်ဝန်းရှိ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများ၏ လုပ်ငန်းတိုင်းတွင် သုတေသနလုပ်ငန်းများကို ထူထောင်ထားကြပြီး စဉ်ဆက်မပြတ် မြှင့်တင်ဆောင်ရွက်နေကြသည်။
Jun 16, 2022
မြန်မာ့သမိုင်းစဉ်ဆိုင်ရာ ပျူခေတ်သမိုင်းစဉ် ဆွေးနွေးပွဲကို ဇွန် ၂၀ ရက်မှ ၂၂ ရက်အထိ အမျိုးသားပြတိုက်(ရန်ကုန်)တွင် ကျင်းပမည်ဖြစ်ပြီး စိတ်ဝင်စားသူ ပညာရှင်များကို သုတေသနပြု တွေ့ရှိချက်များ၊ ခိုင်မာသော အထောက်အထားများနှင့်တကွ ပါဝင်ဆွေးနွေးကြရန်လည်း ဖိတ်ခေါ်ထားသည်။
Jun 13, 2022
ဥပဒေဘောင်အတွင်း နေထိုင်ခြင်းသည် စိတ်အေးချမ်းသာ လွတ်လပ်စွာဖြင့် နေထိုင်ရသည်။ ဥပဒေ၏ အကာအကွယ်ပေးမှုဖြင့် စိတ်ချလက်ချ နေထိုင်နိုင်ပေသည်။
Jun 13, 2022
ပညာသင်ကြားရမည့်အရွယ် ကလေးများ စာသင်ခန်းတွင်မရှိဘဲ မိသားစု၏ စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေရန် ကလေးအလုပ်သမားများအဖြစ် လုပ်ငန်းခွင် ဝင်နေကြရခြင်းမှာ ကမ္ဘာ့နိုင်ငံများစွာတို့တွင် တွေ့ရှိရသော ပြဿနာတစ်ခုဖြစ်သည်။
Jun 12, 2022
လောကတွင် အရေးကြီးသည့် အရေးကိစ္စသုံးပါးအနက် လူတို့အနေဖြင့် နေ့စဉ်ရှောင်လွှဲမရသော အရေးကိစ္စမှာ စားရေးသောက်ရေးဖြစ်သည်။ စားရေးအတွက် ငွေကြေးလိုအပ်ချက်နှင့် ကျန်းမာရေးအတွက် လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားရသည်။ မျက်မှောက်ကာလတွင် ကုန်ပစ္စည်းဈေးနှုန်းများ ကြီးမြင့်နေမှုကြောင့် စားရေးအတွက် ချင့်ချိန်သုံးစွဲရသည်။ ထို့အပြင် အစားအစာများကို စားသုံးရာတွင် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို ရွေးချယ် စားသုံးနေရသော အခြေအနေရှိသည်။
Jun 12, 2022
သတင်းစာ၊ ဂျာနယ်များမှ သတင်းများ ဖတ်ရှုခြင်း၊ ရေဒီယို၊ ရုပ်မြင်သံကြားတို့မှ ထုတ်လွှင့်သည့် သတင်းများ နားထောင်ကြည့်ရှုခြင်း၊ အင်တာနက် ပလက်ဖောင်းအမျိုးမျိုးတို့မှ သတင်းများ ကြည့်ရှုခြင်းတို့အပါအဝင် သတင်းအချက်အလက်များ ရယူခြင်းမှာ အကြောင်းအရာတစ်ရပ်ကို မှန်မှန်ကန်ကန် သိရှိရန်နှင့် မှန်မှန်ကန်ကန်ဆုံးဖြတ်ချက် ချနိုင်ရန်အတွက်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖေ့စ်ဘုတ်လူမှုကွန်ရက်ကို သုံးစွဲမှုမြင့်မားလာချိန်၌ စာနယ်ဇင်း၊ ရေဒီယို၊ ရုပ်မြင်သံကြားတို့မှ သတင်းများရယူမှု များစွာကျဆင်းသွားသည်။ နိုင်ငံပိုင်မီဒီယာများသာမက ပုဂ္ဂလိက မီဒီယာများသည်လည်း ထိုနည်းတူစွာပင်ဖြစ်သည်။
Jun 11, 2022
နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးကောင်းမွန်ရေးသည် အဓိကကျသည့်အချက်ဖြစ်သည်။ တိုင်းပြည်တွင် မည်သည့်အခြေအနေရှိနေသည်ဖြစ်စေ စီးပွားရေးလည်ပတ်ကောင်းမွန်မှသာ ပြည်သူများဘဝ ရပ်တည်ရှင်သန်နိုင်မည်ဖြစ်သည်။ သမိုင်းတွင် အစိုးရနှင့် ပြည်သူ ပြည်သားများသည် စစ်အတွင်းကာလ၌ပင် စီးပွားရေးအတွက် မဖြစ်မနေ လုပ်ကိုင်ဆောင်ရွက်ကြရသည်။ စီးပွားရေးသည် အရာရာကိုဖန်တီးဖြေရှင်းနိုင်သဖြင့် စီးပွားရေးကို ကြိုးပမ်းလုပ်ကိုင်ကြရမည်ဖြစ်သည်။
